မေး-၁။ လျှပ်စစ်နှင့် အီလက်ထရောနစ် သမားများအတွက် လိုက်နာရန် safety precautions များကို ဖေါ်ပြပါ။
ဖြေ-၁။
1. ရာဘာ လက်အိတ်များ၊ ရှူးဖိနပ်များ၊ ဖျာများ အသုံးပြုရမည်။ ဤနည်းဖြင့် မြေပြင်နှင့် လူ မထိဘဲ ဓါတ်လိုက်ခြင်းမှ ကာကွယ်နိုင်မည် ဖြစ်သည်။
2. ဓါတ်အားလိုင်းများ တွင် လုပ်ကိုင်နေသူများ ရှိ၊ မရှိ မသေချာသေးဘဲ မိန်း ခလုတ် ကို မတင်ပါနှင့်။ (သို့) ဓါတ်အားလိုင်းများအား ကိုင်တွယ်၍ အလုပ်လုပ်နေစဉ် မိန်းခလုတ်ကို သေချာစွာ ချထားရမည်။
3. အလုပ်မစတင်မီ မိမိလုပ်ကိုင်ရမည့် အလုပ်နှင့် သက်ဆိုင်သော သီအိုရီ ဆိုင်ရာ အသေးစိတ် အချက်အလက်များ ကြိုတင် စုဆောင်း ပြင်ဆင် ထားရမည်။
မေး-၂။ လျှပ်စစ်ဓါတ်လိုက်ခြင်းကြော
င့် လူ့ခန္ဓာကိုယ် အပေါ် မည်သို့ အကျိုးသက်ရောက် နိုင်သနည်း။
ဖြေ-၂။ အသက်ရှု ရပ်ဆိုင်းခြင်း၊ သွေးတိုးနှုန်း ကျဆင်း အားနည်းခြင်း၊ ခန္ဓာကိုယ်တွင် အရည်ကြည်ဖုများထ ခြင်း၊ အဆိုးဆုံးအနေဖြင့် နှလုံးခုန် ရပ်ဆိုင်းခြင်းများ ဖြစ်နိုင်ပါသည်။
မေး-၃။ လျှပ်စစ်ဓါတ်လိုက် ခံရသူများကို ပြုလုပ်ပေးရမည့် ရှေးဦးသူနာပြု နည်းလမ်းများကို ဖေါ်ပြပါ။
ဖြေ-၃။
1. ရှေးဦးစွာ ဓါတ်လိုက်ခံရသူကို လျှပ်စစ်ဓါတ် မလိုက်နိုင်အောင် မိန်းခလုတ်ကို ပိတ်လိုက်ရမည်။ သို့မဟုတ် လျှပ်စစ်ဓါတ်နှင့် ဝေးရာသို့ မိမိကိုယ်တိုင် ဓါတ်မလိုက်စေရန် သတိထား၍ လူနာကို ဆွဲယူရမည်။
2. လူနာ၏ ခန္ဓာကိုယ်တွင် ကိန်းအောင်းကျန်နေသေးသော လျှပ်စစ်ဓါတ်များ ကုန်သွားအောင် discharge ပြုလုပ်ပေးရမည်။
3. လူနာ၏ ဖိနပ်များ၊ အဝတ်များကို ချွတ်ပစ် (သို့) ချောင်အောင် လျော့ပေးရမည်။ ထို့နောက် အအေးမမိစေအောင် နွေးထွေးစွာ ထားရမည်။
4. အကယ်၍ လူနာအနေဖြင့် အသက်ကောင်းစွာ မရှုနိုင်သေးပါက artificial respiration (အသက်ကူ အားရှုနည်း) ပြုလုပ်ပေးရမည်။
မေး-၄။ အရိုးရှင်းဆုံး အသက်ကူ အားရှုနည်း (artificial respiration) ကို ဖေါ်ပြပါ။
ဖြေ-၄။ ပါးစပ်ခြင်း တေ့ပြီး လေမှုတ်သွင်းပေးခြင်း သည် အရိုးရှင်းဆုံး ဖြစ်သည်။
မေး-၅။ matter ဆိုသည်မှာ အဘယ်နည်း။
ဖြေ-၅။ နေရာယူနိုင်စွမ်း ရှိပြီး တိကျသော အလေးချိန် တစ်ခုရှိသော မည်သည့် အရာကို မဆို matter ဟု ခေါ်သည်။ ၎င်းကို ပုံစံ ၃ မျိုးဖြင့် တွေ့နိုင်သည် ။ က- အခဲ၊ ခ- အရည်၊ ဂ- အငွေ့ ဟူ၍ ဖြစ်သည်။
မေး-၆။ Energy (စွမ်းအင်) ဆိုသည်မှာ အဘယ်နည်း?
ဖြေ-၆။ ကမာ္ဘပေါ်တွင် အဓိက အကျဆုံး အရာ ၂ ခုရှိပါသည်။ ၎င်းတို့မှာ matter နှင့် energy တို့ ဖြစ်ကြသည်။ Energy ဆိုသည်မှာ အလုပ်လုပ်နိုင်သော စွမ်းရည်ကို ခေါ်ခြင်း ဖြစ်ပါသည်။
မေး-၇။ Molecule (မော်လီကျူး) ဆိုသည်မှာ အဘယ်နည်း?
ဖြေ-၇။ matter တစ်ခု၏ ရူပ နှင့် ဓာတု စွမ်းရည်များ အကုန်အစင် ပါရှိနေသေးသော အသေးငယ်ဆုံး အစိတ်အပိုင်းဖြစ်သည်။ ၎င်းကို ထပ်မံစိတ်ပိုင်းလျှင် atoms များ ရရှိလာမည် ဖြစ်သော်လည်း ရူပ၊ ဓာတု စွမ်းရည်များ မရှိနိုင်တော့ပေ။
မေး-၈။ Atom (အက်တမ်) ဆိုသည်မှာ အဘယ်နည်း?
ဖြေ-၈။ (molecule) မော်လီကျူးများကို (atom) အက်တမ် များဖြင့် ဖွဲ့စည်း တည်ဆောက် ထားခြင်းပင် ဖြစ်သည်။ အက်တမ်တစ်ခုသည် အသေးငယ်ဆုံး အရာဝတ္ထုဖြစ်သည်။ အက်တမ် သန်းတစ်ရာခန့်ကို အတန်းလိုက် စီထားလျှင် ၁ စင်တီမီတာ ခန့်သာ ရှည်မည် ဖြစ်သည်။ ကမာ္ဘပေါ်တွင် ရှိရှိ သမျှသော အရာများကို အက်တမ် အမျိုးမျိုး ဖြင့် ပေါင်းစပ် ဖွဲ့စည်း ထားခြင်း ပင် ဖြစ်သည်။
မေး-၉။ (atom ) အက်တမ် တစ်ခုဟာ တကယ်ပဲ အသေးငယ်ဆုံး အမှုန် တစ်ခုလား?
ဖြေ-၉။ မဟုတ်ပါဘူး။ အက်တမ် တစ်လုံးကို လျှပ်စစ် ဓာတ်မ ဆောင်တဲ့ အီလက်ထရွန်တွေ၊ လျှပ်စစ် ဓာတ်ဖို ဆောင်တဲ့ ပရိုတွန်တွေ နဲ့ လျှပ်စစ်ဓာတ် ကင်းမဲ့နေတဲ့ နျူထရွန် တွေ ပေါင်းစပ် ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။ အက်တမ်တစ်လုံးရဲ့ အလယ်မှာ ပရိုတွန် နဲ့ နျူထရွန် တို့ ပေါင်းစပ်ပါဝင်တဲ့ နျူကလိယ ရှိပြီး ၎င်းကို အီလက်ထရွန်တွေက energy shells အမျိုးမျိုးကနေ ဝိုင်းရံ လှည့်ပတ်နေတာ ဖြစ်ပါတယ်။
မေး-၁၀။ (Electron) အီလက်ထရွန် ဆိုတာဘာလဲ?
ဖြေ-၁၀။ အက်တမ် တစ်ခုမှာ ပါဝင်တဲ့ သေးငယ်တဲ့ အမှုန် တစ်ခု ဖြစ်ပြီး တစ်ယူနစ် လျှပ်စစ် ဓာတ်မ ဂုဏ်သတ္တိ ရှိတဲ့ အရာကို အီလက်ထရွန်လို့ ခေါ်တာ ဖြစ်ပါတယ်။
မေး-၁၁။ (Proton) ဆိုတာဘာလဲ?
ဖြေ-၁၁။ အက်တမ် တစ်ခုမှာ ပါဝင်တဲ့ သေးငယ်တဲ့ အမှုန် တစ်ခု ဖြစ်ပြီး တစ်ယူနစ် လျှပ်စစ် ဓာတ်ဖို ဂုဏ်သတ္တိ ရှိတဲ့ အရာကို ပရိုတွန် လို့ ခေါ်တာ ဖြစ်ပါတယ်။
မေး-၁၂။ (Neutron) နျူထရွန် ဆိုတာဘာလဲ?
ဖြေ-၁၂။ အက်တမ် တစ်ခုမှာ ပါဝင်တဲ့ သေးငယ်တဲ့ အမှုန် တစ်ခု ဖြစ်ပြီး လျှပ်စစ် ဂုဏ်သတ္တိ ကင်းမဲ့နေတဲ့ အရာကို နျူထရွန် လို့ ခေါ်တာ ဖြစ်ပါတယ်။ နျူထရွန်ရဲ့ mass က ပရိုတွန်နဲ့ တူညီလုနီးပါး ရှိပါတယ်။
မေး-၁၃။ (Elements) ဒြပ်စင်တွေ နဲ့ (compounds) ကွန်ပေါင်း တွေအကြောင်းကို ရှင်းပြပါ။
ဖြေ-၁၃။ အက်တမ် တစ်မျိုးတည်း ပေါင်းစပ် ဖြစ်ပေါ်လာတဲ့ အရာဝတ္ထုကို ဒြပ်စင် လို့ ခေါ်ပြီး မတူညီတဲ့ အက်တမ်တွေ နှစ်ခု သို့ နှစ်ခုထက် ပိုပြီး ပေါင်းစပ် ဖြစ်ပေါ်လာတဲ့ အရာတွေကိုတော့ ကွန်ပေါင်းတွေလို့ ခေါ်ပါတယ်။
မေး-၁၄။ (radio) ရေဒီယို ဆိုတာ ဘာလဲ?
ဖြေ-၁၄။ ရေဒီယို ဒါမှမဟုတ် ရေဒီယို အသံဖမ်းစက် ဆိုတာ ရေဒီယိုလှိုင်းတွေကို ဖမ်းယူပြီး အသံလှိုင်းအဖြစ် ပြောင်းလဲ ပေးနိုင်တဲ့ အီလက်ထရောနစ် ကိရိယာ တစ်ခု ဖြစ်ပါတယ်။
မေး-၁၅။ (radio waves) ရေဒီယို လှိုင်း ဆိုသည်မှာ အဘယ်နည်း?
ဖြေ-၁၅။ frequency 20KHz မှ 3*106MHz အတွင်း ရှိသောလျှပ်စစ် သံလိုက် လှိုင်းများကို ရေဒီယို လှိုင်းများ ဟု ခေါ်သည်။
မေး-၁၆။ (wireless) ကြိုးမဲ့ ဆက်သွယ်ရေး စနစ် ဆိုသည်မှာ အဘယ်နည်း?
ဖြေ-၁၆။ station တစ်ခုနှင့် တစ်ခုအကြား ဝါယာကြိုးများကို မသုံးဘဲ ရေဒီယိုလှိုင်းများ ဖြင့် အသုံးချ ဆက်သွယ်သော စံနစ်ကို ကြိုးမဲ့ ဆက်သွယ်ရေး စနစ် ဟုခေါ်သည်။
မေး-၁၇။ (Electronics) အီလက်ထရောနစ် ဆိုသည်မှာ အဘယ်နည်း။
ဖြေ-၁၇။ အီလက်ထရွန် အပါအဝင် အခြား လျှပ်စစ်ဓာတ် သယ်ဆောင်သော အရာများ၏ အပြုအမူနှင့် သဘော သဘာဝတို့ကို လေ့လာ၍ အသုံးချသော သိပ္ပံ ဘာသာရပ်ခွဲ တစ်ခုကို အီလက်ထရောနစ် ဟု ခေါ်သည်။
မေး-၁၈။ (radio-chain) ရေဒီယို ဆက်ကြောင်း ဆိုသည်မှာ အဘယ်နည်း?
ဖြေ-၁၈။ ရေဒီယို အချက်ပြ လှိုင်းများ ထုတ်လွှင့်ခြင်း၊ ဖမ်းယူခြင်း စသည်တို့ကို ပြုလုပ်နိုင်သော ပြီးပြည့်စုံသည့် စနစ် တစ်ခုကို radio-chain ဟုခေါ်သည်။
မေး-၁၉။ (radio broadcasting) ရေဒီယို အသံလွှင့်ခြင်း ဆိုသည်မှာ အဘယ်နည်း?
ဖြေ-၁၉။ အများပြည်သူများ အိမ်သုံး ရေဒီယို အသံဖမ်းစက်များဖြင့် ဖမ်းယူ နားဆင် နိုင်စေရန် ရေဒီယို အစီအစဉ်များ ထုတ်လွှင့်ပေးသော စံနစ်ကို ရေဒီယို အသံလွှင့်ခြင်း ဟု ခေါ်သည်။
မေး-၂၀။ (broadcasting methods) အသံလွှင့်ခြင်း နည်းလမ်းများကို ဖေါ်ပြပါ။
ဖြေ-၂၀။ များသော အားဖြင့် AM(amplitude modulation) နှင့် FM(frequency modulation) နည်းလမ်းများကို အသုံးပြုသည်။ ရုပ်မြင်သံကြားနည်းပညာတွင်မူ ၎င်း နည်းစနစ် ၂ မျိုးလုံးကို အသုံးပြုရသည်။
မေး-၂၁။ radio propagation ဆိုသည်မှာ အဘယ်နည်း?
ဖြေ-၂၁။ ရေဒီယို လှိုင်းများကို ဖြန့်ကျက်လွှင့်ထုတ်သော ဖြစ်စဉ်ကို radio propagation ဟု ခေါ်သည်။
မေး-၂၂။ radio wave propagation နည်းလမ်းများကို ဖေါ်ပြပါ။
ဖြေ-၂၂။ ground, sky, direct နှင့် ground-reflected waves ဟူ၍ ရေဒီယို လှိုင်းများကို ခွဲခြား ထုတ်လွှင့် နိုင်သည်။
မေး-၂၃။ ground waves ဆိုသည်မှာ အဘယ်နည်း။
ဖြေ-၂၃။ ကမာ္ဘမြေကြီးတစ်လျောက် ရေဒီယိုလှိုင်းများကို ထုတ်လွှင့်ခြင်း ဖြစ်သည်။ ထိုလှိုင်းများသည် ရေဒီယို အသံလွှင့်ခြင်းကို ၄၀၀ ကီလိုမီတာ အထိ ပြုလုပ်နိုင်ပြီး frequency 300 မှ 3000KHz အကြား အသုံးပြုနိုင်သည်။
.jpg)
No comments:
Post a Comment