Monday, May 17

နောက်ဆုံးအချစ်




















ကောင်လေး - ငါတို့တွေအတွက်တော့ လောကကြီးကအထီးကျန်စရာကောင်း
လိုက်တာနော်။
ကောင်မလေး -ဟုတ်တယ်နော်....တစ်ခြားသူငယ်ချင်းတွေမှာ
ချစ်သူတွေကိုယ်စီရနေပြီ....။ တို့အုပ်စုမှာ တို့၂ယောက်ဘဲ
အထီးကျန်ပြီးကျန်ခဲ့တာ...။ ဒီပြင်လူတွေမှာလည်းချစ်သူကိုယ်စီနဲ့..။ ငါတို
့ဘဝကအထီးကျန်လိုက်တာ..။

ကောင်လေး - ငါတော့ဘာလုပ်ရမယ်မှန်းတောင်မသိတော့ပါဘူးကွာ...။
ကောင်မလေး - ဒီလိုလုပ်ပါလား..ငါတို့game တစ်ခုကစားရအောင်...။

ကောင်လေး - ဘာ game လဲ..။
ကောင်မလေး -ငါနင့်ကောင်မလေးအနေနဲ့ရက် ၃၀ နေမေးမယ်..နင်လဲငါ့ကောင်လေးအနေနဲ
့ပေါ့...ဘယ်လိုလဲ..။
ကောင်လေး - ဒီအကြံမဆိုးဘူး..။နောက်ရက်တွေမှာလဲ
ငါ့မှာဘာမှထူးထူးခြားခြားလုပ်စရာမရှိဘူး...။ သဘောတူတယ်ကွာ..။

ပထမနေ့-သူတို့၂ယောက် အချစ်ရုပ်ရှင်တူတူ သွားကြည့်ပြီးပျော်ရွင်ခဲ့ကြတယ်..။
၄ ရက်မြောက်နေ့- သူတို့တွေကမ်းခြေကိုပျော်ပွဲစားထွက်ခဲ့ကြတယ်...။
သာယာတဲ့အချိန်လေးတစ်ခုသူတို့ရခဲ့ကြတယေ်လေ..။

၁၂ရက်မြောက်နေ့ -ကောင်လေးကကောင်မလေးကို
Circusပွဲခေါ်သွားတယ်ဗျ..မြင်းရိုင်းတစ်ကောင်ဖျော်ဖြေတဲ့အလှည့်ကျတော့
ကောင်မလေးကရုတ်တရက်လန့်ပြီးကောင်လေးလက်နဲ့..ဘေးကလူကြီးလက်မှားကိုင်မိလို.
့နှစ်ယောက်လုံး ရယ်ကြရသေးတယ်ဗျ..။

၁၄ရက်မြောက်နေ့- သူတို့လျှောက်လည်ရင်းလမ်းဘေးက ဗေဒင်ဟောတဲ့အမယ်အိုကြီးကိုတွေ
့တော့ သူတို့ရှေ့ရေး ဝင်မေးခဲ့သေးတယ်ဗျ..။ အမယ်အိုကြီးက.."ကလေးတို့..ကလေးတို
့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို..အလကားဖြုန်းတီးမပစ်မိစေနဲ
့..နှစ်ယောက်အတူတူချစ်ချစ်ခင်ခင် ပျော်ပျော်ရွင်ရွင်နေကြပါ"....တဲ့..။ အမယ်အို
ကြီးရဲ့မျက်ဝန်းတွေမှာမျက်ရည်တွေစို့နေတာကိုတော့ ကောင်လေးနဲ့ကောင်မလေး
သတိမထားမိလိုက်ဘူးတဲ့..။


ရက် ၂၀မြောက်နေ့- သာယာတဲ့ညနေခင်းလေးမှာ ကောင်မလေးကကောင်လေးကို
တောင်ပေါ်အပန်းဖြေစခန်းခေါ်သွားတယ်..။ ရုတ်တရက်..ကြယ်ကြွေသွားတာ သူတို့တွေ
့လိုက်တယ်..။ ကောင်မလေး နှုတ်ကတစ်စုံတစ်ခုကို တိုးတိုးရေရွတ်လိုက်တယ်...။
ကောင်လေးတော့မကြားလိုက်ဘူးတဲ့ဗျာ..။
၂၈ရက်မြောက်နေ့- သူတို့နှစ်ယောက် bus
အတူတူစီးကြတယ်..။တစ်နေရာရာကပြန်လာတာပေါ့ဗျာ..။ သိတဲ့အတိုင်း
လမ်းကြမ်းတော့ကားကခုန်နေတာပေါ့..။ အဲဒီမှာ
ကောင်မလေးကကောင်လေးကိုမတော်တဆနမ်းမိသွားတယ်..။ ပထမအနမ်းပေါ့ဗျာ..။

၂၉ရက်မြောက်နေ့ည ၁၁နာရီ ၃၇မိနစ်... ကောင်လေးနဲ့ကောင်မလေးနှစ်ယောက် သူတို့ဒီ
game ကို ပထမဆုံး ဆုံးဖြတ်ခဲ့တဲ့ပန်းခြံလေးမျာထိုင်နေကြတယ်..။ မနက်ဖြန်ကသူတို
့game ရဲ့နောက်ဆုံးနေ့လေ..။
ကောင်လေး - ကိုယ်နည်းနည်းပင်ပန်းနေတယ်ကောင်မလေး..။
မင်းတစ်ခုခုသောက်ချင်ရင်မှာလိုက်လေ..။ကိုယ်အအေးသွားဝယ်မလို့..။
ကောင်မလေး- ဒါဆို Apple juice ဝယ်ခဲ့ပေးပါလား..။ thank you နော်..။
ကောင်လေး- ရပါတယ်..။ ကိုယ့်ကိုစောင့်နေနော်...။

မိနစ်၂၀လောက်ကြာတော့ကောင်မလေးဆီ သူစိမ်းတယောက် အပြေးရောက်လာတယ်...။
သူစိမ်း.. -ညီမက ကောင်လေး ရဲ့သူငယ်ချင်းလား....။
ကောင်မလေး..- ဟုတ်ကဲ့..။ ဘာဖြစ်လို့လဲဟင်..။
သူစိမ်း..- အရက်သမားတစ်ယောက်မောင်းလာတဲ့ကားက ကောင်လေးကိုတိုက်မိလို
့ကောင်လေးဆေရုံမှာ..အရေးပေါ်ခန်းထဲမှာခွဲစိတ်ခံ နေရတယ်ဗျာ...အဲဒါ..........
သူစိမ်းဆက်ပြောတဲ့စကားတွေကောင်မလေး
မကြားနိုင်တော့ပါ..ဆေးရုံကိုပဲအမြန်လိုက်သွားမိတော့တယ်....။

ည၁၁နာရီ ၅၇မိနစ်.... ဆရာဝန် အရေးပေါ်ခန်းထဲက မျက်နှာမကောင်းဘဲ
ထွက်လာပြီးကောင်မလေး လက်ထဲကို Apple juice လေးနဲ့စာတစောင် ကမ်းပေးလိုက်တယ်...။
ဆရာဝန်ကဝမ်းနည်းတဲ့အသံနဲ့...ဒါကျနော်တို့ကောင်လေးရဲ့အိတ်ထဲကရတာပါ...
ကောင်မလေးကသွေးတွေပေနေတဲ့စာကို တုန်တုန်ရင်ရင်နဲ့ဖွင့်ဖတ်လိုက်တာပေါ့..။
စာထဲမှာရေးထားတာကတော့........
"ကောင်မလေး..ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ မင်းဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာ
ကိုယ်သိခဲ့ရတယ်.. ဒီ game လေးကစားနေချိန်မှာဘဲ မင်းကိုကိုယ်
အရမ်းအရမ်းချစ်မိသွားပြီကွာ...။မကြာခင်ဒီ game လေးပြီးတော့မယ်နော်..။
gameလေးပြီးသွား ပေမယ့် မင်းကိုယ့်ရဲ့ချစ်သူအဖြစ် ဆက်ရှိနေပေးပါလားနော်...။
ဘဝတစ်လျှောက်လုံးစာအတွက်ချစ်သူပေါ့...။ အရမ်းချစ်တယ်ကောင်မလေးရယ်....။

ကောင်မလေးက စာရွက်လေးကို တင်းတင်းဆုတ်ကိုင်ရင်း
ဝမ်းနည်းပက်လက်ငိုပါတော့တယ်....။

"ကောင်လေးရယ်...မသေပါနဲ့နော်...မသေပါနဲ့... တို့လည်းမင်းကို
အရမ်းချစ်ပါတယ်..။ တို့တွေတောင်ပေါ်သွားတဲ့နေ့ကိုမှတ်မိသေးလားဟင်...။
ကြယ်ကြွေတာမြင်လိုက်ရတဲ့နေ့လေ..။အဲဒီတုန်းကကြယ်ကြွေတုန်း..တို့မင်းနဲ့ဒီgame
လေးပြီးလည်း ထာဝရအတူနေနိုင်ပါစေလို့တို့ဆုတောင်းခဲ့တယ်သိလား.....၊
ကျေးဇူးပြုပြီးတို့ကိုမထားခဲ့ပါနဲ့နော်...။ကောင်လေး
မင်းကိုငါချစ်တယ်သိလား...တို့ကိုခွဲသွားလို့မဖြစ်ဘူးနော်....။"

နာရီလက်တံလေး ၁၂ကိုရောက်သွားတယ်.... ရက် ၃၀ ပြည့်တဲ့အချိန်ပေါ့.........။
ကောင်လေးရဲ့နှလုံးခုန်နှုန်း ထာဝရ ရပ်တန့်သွားခဲ့တယ်......

------------------------------- ---------------------------------------
------------------------------------------------
ကိုယ်ချစ်တဲ့သူ ကို ချစ်တဲ့အကြောင်းခုဘဲဖွင့်ပြော လိုက်ပါ...
အရမ်းနောက်မကျသွားခင်ပေါ့.........။


တကယ်ပြောတာပါ ချစ်တယ်ဆိုလည်း ချစ်တယ်လို့သာပြောလိုက်
အဖြေကိုစောစောသိရတာပေါ့ ဟိုက မချစ်ဘူးဆိုလည်း မချစ်ပဲနေလ်ိုက်ပေါ့
ချစ်တယ်ဆိုလည်း ကောင်းတာပေါ့ . မချစ်တဲ့ဟာကိုတော့ သွားမလုပ်နဲ့နော်
လက်က ပါးကိုနမ်းသွားမှဖြင့် ..အဟဲ
မြှောက်ပေးတာမဟုတ်ဘူးနော် .. ကိုယ်ဖြစ်ကိုယ်ခံ ဒါပဲ

No comments: