ABOUT

                                               ကျေးဇူးစကား

                    ဤ blog လေးဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီခဲ့ကြသော blogger.com,burgllish.com,my computer,electric current နှင့် မြင်ဆရာ ကြားဆရာများဖြစ်ကြသော ညီအကို bloggerများအားလုံးကို ကျေးဇူးတင်ပါသည်။တစ်ဦးချင်းအမည် မဖော်ပြနိုင်သည်ကို နားလည်ပေးစေလိုပါသည်။
                   ဤ blog လေးကို ဖတ်ရှူ့သူ၊ လေ့လာသူ တို့က အကြံပေးခြင်း၊ ဝေဖန်ပေးခြင်း၊ ပြစ်တင်လိုပါက ကျေးဇူးတင် ဝမ်းမြောက်စွာ ကြိုဆိုပါသည်။  pyaephyo.mm@gmail.com သို့ဖြစ်စေပေးပို့နိုင် အကြံပြုပါသည်။



                                               BLOGလေး  နှင့် ကျွန်တော်
 
ဒီဘလော့လေးရေးဖို့ဖြစ်လာတာကဖေ့စ်ဘုတ်မှာ နုတ်စ်တွေ ရေးရင်းစိတ်ကူးလေးဝင်လာတာပါ။
မြန်မာလိုလည်းကွန်ပြူတာနဲ့မရေးတတ်ဘူးဗျ။
ဒီစာလေးကိုတောင် burglish.com အကူအညီ နဲ့အားတင်းပီးရေးထားတာ အမှားအယွင်းရှိခဲ့ရင် နားလည်ပေးဖို့တောင်းဆိုတဲ့သဘောပါ။
 စာတွေကို ကိုယ်တိုင် ၇ေးတာထက် ဖတ်ရတာ ပိုပီးစိတ်ဝင်စားပါတယ။် ဘယ်လိုဖြစ်ဖြစ်ပါ ဘယ်အ၇ာကိုလေ့လာလေ့လာ ဖတ်ရုံနဲ့မပီးဘူးလေ။
 ဒီဘလော့ငယ်လေးထဲမှာ ကျွန်တော် စာပန်းချီချယ်တာထက် ညီအကိုဘလော့ဂါများရဲ့စေတနာတွေက ပိုများပါတယ်။
 ဘာပဲဖြစ်ဖြစ် အသုံးဝင်မှုတော့ရှိမယ်လို့ကျွန်တော်ထင်ပါတယ။် စာတွေ ကိုရှာဖွေစုဆောင်း ကိုယ်သိတာလေးတွေပါ ဖြည့်ပီးတည်ထောင်ခဲ့တဲ့အရာဆိုလည်းမမှားပါဘူး
ကျွန်တော်က BIO-MEDICAL  အင်ဂျင်နီယာတစ်ယောက်ပါ ဒီတော ENGINEERING  နဲ့ပတ်သတ်တဲ. ့စာတွေဆို အလွတ်မပေးခဲ့ဘူး။ မဖတ်နိုင်ရင်တောင် သိမ်းထားတာ External hard disk ီအပြည့်ပါပဲ။ ဘာသာပြန်ပီး ဘလောဂ့်မှာတင်ဖို့ ကြိုးစားနေပါတယ်။
ကျွန်တော် ချမ်းသာမှုတွေကတော့ စာဖတ်ရင်း ညမအိပ်လိုက်ရလို့ လုပ်ငန်းခွင်မှာ ဖြစ်တဲ့ပြသာနာတွေပါပဲ ၊၊ စာဖတ်တဲ့ညီအစ်ကိုတွေများလည်း ENGINEERING နဲ့ပတ်သက်ပီး နားမလည်တာ၊ ရှာရတာခက်ရင် မေးနိုင်ပါတယ၊၊် ကျွမ်းကျင်မှု အတွေ့အကြုံ မရှိပေမဲ့ကျွန်တော့ရဲ့အဆက်အသွယ်၊ စုဆောင်း ထားတာတွေရယ် ကြောင့်ကူညီနိုင်လိမ့်မယ်ထင်ပါတယ်။ ကျေးဇူးဆပ်ခွင့်တောင်းခံတယ်ဆိုမမှားပါဘူး။
 


ဆက္ဖတ္ရန္>>>