Monday, June 7

Initial Ground Support

ယေဘူယျ အချက်များ
ကနဦး မြေသားပင့်ထောက်ခြင်း လုပ်ငန်း (Initial ground support) သည် ဥမင်ဖောက်လုပ်ရာတွင် အလွန်အရေးကြီးသော လုပ်ငန်းအဆင့်ဖြစ်သည်။ လွန်တူး-ဖောက်ခွဲဥမင်တူးစနစ် (Drilling and Blasting Method) တွင် မြေသားတူးဖော်ပြီးသည်နှင့် တပြိုင်နက် နောက်တစ်ဆိုင်း မြေတူးလုပ်ငန်းမစခင် တပ်ဆင်ရသည်။

ဥမင်တူးဖောက်စက် (TBM) ကို အသုံးပြုသော ဥမင်တူးစနစ်တွင်မူ မြေတူးလုပ်ငန်းနှင့် မြေသား ပင့်ထောက်မှုလုပ်ငန်း၊ ဥမင်နံရံတပ်ဆင်မှု လုပ်ငန်းတို့သည် လုပ်ငန်းအဆင့်လိုက် အစီစဉ်တကျ လုပ်ဆောင်သည်ဖြစ်၍ ပိုမိုကောင်းမွန်သော လုပ်ငန်းအရည်အသွေးကို ရရှိနိုင်ပေသည်။ ကနဦးမြေသား ပင့်ထောက်မှုလုပ်ငန်းများတွင် Steel ribs များ၊ Lattice girders များ၊ Shotcrete လုပ်ငန်း၊ Rock dowels များ၊ Steel mesh များနှင့် Mine straps များ စသည်ဖြင့် အသီးသီးရှိကြသည်။

မြေသားပင့်ထောက်ခြင်း လုပ်ငန်း၏ အဓိက ရည်ရွယ်ချက်မှာ ဥမင်တူးဖော်နေစဉ် ပတ်လည်ရှိမြေသား တည်ငြိမ်မှု (Stability) ရရှိစေရန်၊ မြေပြိုကျမှု မဖြစ်စေအောင် ထိန်းသိမ်းထားနိုင်ရန်နှင့် ဥမင်ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ်အတွင် လုပ်ငန်းခွင် လုံခြုံမှု ရှိစေရန်တို့ ဖြစ်သည်။ လုပ်ငန်းခွင်ရှိရာ မြေသား၏ ခံနိုင်ရည်အား ကောင်းသည်နှင့်အမျှ ကနဦး မြေသား ပင့်ထောက်ခြင်းလုပ်ငန်း လုပ်ဆောင်ရသည့် ပမာဏ လျော့နည်းသွားမည် ဖြစ်သည်။ ကနဦး မြေသား ပင့်ထောက်ခြင်း လုပ်ငန်းများ ပြီးစီးပါက နောက်ထပ် ထပ်ဆောင်း ပင့်ထောက်မှုများ လုပ်ဆောင်ရန် မလိုအပ်တော့ပေ။

ဤနေရာတွင် ကနဦး မြေသားပင့်ထောက်ခြင်းသည် အပြီးသတ် ပင့်ထောက်မှု တာဝန်ကိုပါ လုပ်ဆောင်ပေသည်။ သို့သော် ဥမင်နံရံကို Cast-in-place ဖြင့်တပ်ဆင်ပါက ၎င်းလုပ်ငန်းသည် အပြီးသတ် ပင့်ထောက်မှုလုပ်ငန်း (Final support)ပင် ဖြစ်သည်။ ထိုအခါ ကနဦးလုပ်ငန်းနှင့် အပြီးသတ် ပင့်ထောက်မှု လုပ်ငန်းများသည် အတူပေါင်းစပ်သွားပြီး ပေါင်းစပ် ပင့်ထောက်မှုစနစ်တစ်ခုအဖြစ် ထမ်းဆောင်သည်။

မှတ်သားရန် အချက်မှာ အပြီးသတ်ပင့်ထောက်ခြင်း လုပ်ငန်းအတွက် ကနဦး ပင့်ထောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ၎င်း၏ ကြာရှည်ခံနိုင်ရည်ကိုလည် အလေးအနက် ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။ အကြောင်းမှာ အဆိုပါ လုပ်ငန်းများသည် လတ်တလော ကာလတွင် ပုံမှန်ဖြစ်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ တိုက်စားခံရခြင်းကြောင့် ပျက်စီးယိုယွင်းခြင်း (Corrosion) နှင့် ပုံပျက်ယွင်းမှု (Deformation)တို့ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

ကနဦးမြေသား အားဖြည့်လုပ်ငန်း (Initial ground reinforcement)
ကနဦးမြေသား အားဖြည့်လုပ်ငန်းတွင် untensioned rock dowels တနည်းအားဖြင့် (ဆွဲအား မပါသော ကျောက်သားသပ်များ)နှင့် tensioned rock bolts များပါဝင်သည်။ ၎င်းတို့သည် မြေသား အားဖြည့်လုပ်ငန်း လုပ်ဆောင်ရာတွင် အကောင်းဆုံးနည်းလမ်းများ ဖြစ်ပြီး မြေသား၏ သက်ရောက်ဝန်အားကို စုစည်းပေးကာ ထိုအားဖြင့် မြေသားထုအား ပြန်လည်ထောက်မပေးသော စနစ်ဖြစ်သည်။ ဤနည်းသည် စရိတ်စက အသက်သာဆုံးသော နည်းလည်း ဖြစ်သည်။ မြေသားထုအတွင်း တပ်ဆင်ထားသော အားဖြည့် အစိတ်အပိုင်း အားလုံးတို့သည် အဆိုပါ မြေသား၏ အစိတ်အပိုင်းတစ်ရပ် သဖွယ်ဖြစ်လာပြီး ကွန်ကရစ်နံရံသားနှင့် steel sets များ ရွေ့လျားခြင်းမှလည်း ကာကွယ်ပေးနိုင်ကာ မြေသား၏ အပြင်ဘက် ပင့်ထောက်မှု ဖြစ်လာစေမည် ဖြစ်သည်။ မြေသား အားဖြည့်လုပ်ငန်းတွင် rock bolt အမျိုးအစား သုံးမျိုးရှိသည်။ ၎င်းတို့မှာ-
  • Mechanically Anchored (rock bolts)
  • Grouted bars (dowels)
  • Friction dowels
Friction dowels များကို ၎င်းတို့၏ ကြာရှည်ခံနိုင်မှုပေါ် ကြည့်ပြီး ယာယီအားဖြည့်လုပ်ငန်းများတွင်သာ အသုံးပြုကြသည်။ အထက်ပါ Rock bolts များနှင့် dowels များ၏ နည်းပညာဆိုင်ရာ အချက်အလက်များကို ဇယားတွင် ဖော်ပြထားသည်။

(၁) တပ်ဆင်ခြင်း။ Rock bolts သို့မဟုတ် Dowels များကို တပ်ဆင်ပါက မည်သည့် အမျိုးအစားဖြစ်စေ မြေသား/ကျောက်သားထဲတွင် ဦးစွာ သတ်မှတ်ထားသော အချင်းနှင့် အလျားရှိသည့် တွင်းများကို တူးဖော်ရမည် ဖြစ်သည်။ မိုင်းခွဲတူးဖော်သောနည်းတွင် မိုင်းခွဲရန် တွင်းများတူးဖော်သည့် Jumbo တူးစက်ကို Rock bolt တွင်းများ တူးဖော်ရာတွင် အသုံးပြုသည်။ Rock bolt တွင်းများ၏ အချင်းသည် အရွယ်အစား အမျိုးမျိုးကွဲပြားနိုင်သည်။

တူးဖော်ရာတွင် အသုံးပြုသည့် drill steel များနှင့် ကျောက်အမျိုးအစားပေါ် မူတည်ပြီး တွင်းများတူးရာတွင် သွေဖယ်မှု (လွဲချော်မှု) ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။ Expansion anchor ဟုခေါ်သည့် သပ်အဖျားတွင် ဖြန့်ကားနိုင်သော သပ်များ၊ ကွန်ကရစ် မှုတ်သွင်းသည့် Grouted bolt နှင့် Swellex bolt များတပ်ဆင်ရာတွင် သွေဖယ်မှုမှာ အရေးပါသော ပြဿနာ တစ်ရပ်မဟုတ်သော်လည်း Split sets များကဲ့သို့ တွင်း၏ အကျယ်(အချင်း) တိကျမှု လိုအပ်သည့် သပ်များ တပ်ဆင်ရာတွင်မူ တွင်းကျယ်လာသည်နှင့်အမျှ လိုအပ်သော friction resistance လျော့နည်းသွားမည် ဖြစ်၍ တိကျမှု လိုအပ်သည်။

Mechanically anchored rock bolt များ တပ်ဆင်ရာတွင်မူ တွင်းတူးပြီးသည်နှင့် သပ်တံကို တွင်းထဲသို့ တခါတည်း ထည့်သွင်းပြီး မူလီခေါင်းကို torque wrench ကို အသုံးပြုကြပ်ရမည် ဖြစ်သည်။ ထို့နောက် ၎င်းသပ်တံအတွင်း tension အားရရှိရန် direct-pull jack ကို အသုံးပြုရမည် ဖြစ်သည်။ torque wrench ကို အသုံးပြု၍ မရပေ။ ဘိလပ်မြေကို အသုံးပြုသည့် Grouted rock bolt တွင်မူ တွင်းထဲသို့ သပ်တံကို ထည့်သွင်းပြီးနောက်မှ ဘိလပ်မြေပျော်ရည်ကို တွင်းထဲသို့ မှုတ်သွင်းခြင်း ဖြစ်သည်။


(၂) ဆွဲအားထည့်သွင်းခြင်း (tensioning)။ သပ်တံ (anchor) များကို သမရိုးကျအတိုင်း ဆွဲအား မပါဘဲ တပ်ဆင်ပြီးမှ torque wrench သို့မဟုတ် hydraulic jack များကို အသုံးပြု၍ ဆွဲအားကို ထည့်သွင်းခြင်း ဖြစ်သည်။ သို့အတွက် သပ်တံ သို့မဟုတ် grouted bolt များတွင် လုံလောက်သော ခံနိုင်အား ရှိနေရမည် ဖြစ်သည်။ စေးပျစ်သော အရည်တမျိုးမျိုးကို အသုံးပြုသည့် grouted bolt များတွင် လိုအပ်သော ခံနိုင်အား (strength) ကို အမြန်ရရှိနိုင်ပြီး ဘိလပ်မြေ အသုံးပြုသော grouted bolt များတွင်မူ ဘိလပ်မြေနှင့် သပ်တံတို့ တွဲကပ်အား ရရှိသည် အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။ ထို့အတွက် ဘိလပ်မြေကို အလျင်အမြန်ခဲစေသော accelerator များ အသုံးပြုကြသည်။

(၃) ပစ္စည်းကိရိယာ။ Rock bolt များတွင် ပုံမှန်အားဖြင့် ပုံများတွင် ပြထားသည့် အတိုင်း အောက်ခံအပြားများ ပါရှိပြီး သပ်တံ အဆုံးတွင် တပ်ဆင်မည့် မူလီနှင့် ဝါရှာများလည်း ပါရှိသည်။ အောက်ခံပြားသည် သပ်တံတွင် ရှိနေသော ဆွဲအားကို ခုခံသည့် တာဝန်ကို ထမ်းဆောင်ပြီး တွဲဖက်တပ်ဆင်မည့် သံဇကာကွက်နှင့် သိုင်းကြိုးအစရှိသည်တို့ကိုပါ ချိတ်တွယ်ပေးထားနိုင်သည်။ ထို သံဇကာကွက်နှင့် သိုင်းကြိုးများသည် ဥမင်အတွင်းသား မျက်နှာပြင် အားဖြည့်ရန်နှင့် ကာကွယ်မှုပေးနိုင်ရန် Shotcrete လုပ်ရာတွင် မြှုပ်နှံရန်အတွက် ဖြစ်သည်။ အောက်ခံပလိတ်ပြားများသည် ယေဘူယျအားဖြင့် လေးထောင့်၊ အဝိုင်းနှင့် တြိဂံပုံသဏ္ဍာန်များ ဖြစ်ကြသည်။ Shotcrete လုပ်ဆောင်ရခြင်းမှာ ဥမင်မျက်နှာပြင်နှင့် Rock bolt များအကြားရှိ ကျောက်သား အပိုင်းအစလေးများအား တွဲကပ်မှု ရရှိစေရန်ဖြစ်သည်။

(၄) စမ်းသပ်ခြင်း။ Testing rock bolt များသည် ဆောက်လုပ်ရေး လုပ်ငန်းစဉ်တွင် အရေးကြီးသော အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ Rock bolt များကို လုံလောက်စွာ တပ်ဆင်ထားခြင်း မရှိပါက ၎င်းတို့သည် စွမ်းအားပြည့် လုပ်ဆောင်နိုင်မည် မဟုတ်ချေ။ Rock bolt များတပ်ဆင်ရာတွင် မှားယွင်းနိုင်သော အကြောင်းရင်းများမှာ-
  • Rock bolt စနစ်အမျိုးအစား ရွေးချယ်မှု မှားယွင်းခြင်း၊
  • တွင်းများ နေရာထားရှိမှု မှားယွင်းခြင်း၊
  • တွင်း၏ အလျား (အရှည်) မှားယွင်းခြင်း၊
  • တွင်း၏ အကျယ် (အချင်း) မှားယွင်းခြင်း၊
  • တွင်းအား သန့်ရှင်းမှု ကောင်းစွာ မလုပ်ခြင်း၊
  • Grouting ပြုလုပ်ရာတွင် လိုအပ်ခြင်း၊
  • Grouting တွဲကပ်မှု အလျားလိုအပ်ခြင်း၊
  • အသုံးပြုသော သပ်တံတွင် သံချေးတက်ခြင်း သို့မဟုတ် အနာအဆာရှိနေခြင်း၊
  • မူလီနှင့် နတ်များ၊ အောက်ခံခုံ (bearing plate) များတပ်ဆင်ရာတွင် alignment လွဲခြင်း၊
  • Grouting agent များ၏ သက်တမ်းကုန်ဆုံးနေခြင်း၊
  • မသင့်တော်သော Grout mixture များ အသုံးပြုခြင်း၊
  • Breather tube များ ပျက်စီးနေခြင်း၊
  • Borehole sealing လုပ်ရာတွင် လိုအပ်ခြင်း၊
  • သပ်တံ အဆုံးတွင် တပ်ဆင်သည့် ပစ္စည်းကိရိယာများတွင် ချောဆီလိုအပ်ခြင်း၊
  • တပ်ဆင်ပုံ အစီအစဉ် မှားယွင်းခြင်း၊
  • လုံလောက်သော စမ်းသပ်မှု အစီအမံများ မရှိခြင်း၊
  • Rock bolt စနစ်၏ လုပ်ဆောင်ပုံကို စောင့်ကြပ် စစ်ဆေးမှု မရှိခြင်း စသည်တို့ ဖြစ်သည်။
အထက်ပါ ပြဿနာများကို ထုတ်လုပ်သူများ၏ အညွှန်းများနှင့် စီမံကြီးကြပ်မှုများအတိုင်း ပြုလုပ်ခြင်းဖြင့် ရှောင်ကွင်းနိုင်သည်။ Rock bolts များနှင့် dowels များကို စမ်းသပ်ရာတွင် အသုံးအများဆုံး နည်းလမ်းမှာ pull-out test ဖြစ်သည်။ Rock bolt ၏အဆုံးတွင် hydraulic jack ကိုတွဲကပ် တပ်ဆင်ပြီး သတ်မှတ်ထားသော ဝန်အား သို့မဟုတ် အရွေ့(displacement) ကို သက်ရောက်စေသော နည်းဖြစ်သည်။ စမ်းသပ်မှုများကို အများအားဖြင့် ဥမင်လုပ်ငန်းစတင်စဉ်တွင် လုပ်ဆောင်လေ့ရှိပြီး တပ်ဆင်ပုံ အစီအစဉ်များ၊ နည်းလမ်းနှင့် တပ်ဆင်မည့်သူ၏ ကျွမ်းကျင်မှုတို့ တိကျရန် လိုအပ်မည်ဖြစ်သည်။ စမ်းသပ်ရာတွင် ပြဿနာ တစုံတရာပေါ်လာပါက ပြောင်းလဲတပ်ဆင်ရန် လိုအပ်မည်ဖြစ်ပြီး စိတ်ချရသည်အထိ ပိုမိုတိကျသော စမ်းသပ်မှုများ ပြုလုပ်ရမည် ဖြစ်သည်။

သို့သော် Pull-out test ကို dowel ၏ အလျားတစ်ခုလုံးကို မလုပ်ဘဲ pull-out test ကိုခံနိုင်မည့် အလျားအထိအသာ စမ်းသပ်ပြုလုပ်သည်။ ဥပမာအားဖြင့် dowel အား pull-out test ပြုလုပ်မည့် အလျား ပမာဏအထိသာ grouting ပြုလုပ်ပြီး စမ်းသပ်ခြင်းဖြစ်သည်။ ထို့ထက် ပို၍ သေချာသော စမ်းသပ်နည်းမှာ pull-out test ပြုလုပ်ထားသော dowel အား ပြန်လည်ထုတ်ယူပြီး စစ်ဆေးနည်းဖြစ်သည်။ သို့သော ထိုနည်းသည် ကုန်ကျစရိတ် များသောကြောင့် မြေအခြေအနေ မတိကျသောအခါတွင်သာ အသုံးပြုလေ့ရှိသည်။ အခြားသော စမ်းသပ်နည်းလမ်းမှာ Mechanically anchored rock bolt များ၏ ခံနိုင်အား(strength) ကို torque wrench ဖြင့် စမ်းသပ်သော နည်းလမ်းဖြစ်သည်။ load cells များကို tensioned rock bolt ၏ အဆုံးတွင် တပ်ဆင်ပြီး သပ်တံတလျှောက် stress များကို ပို့လွှတ်ကာ ပြန်လည်ရောက်ရှိလာသော stress wave များကို ကြည့်ရှုစစ်ဆေးခြင်း ဖြစ်သည်။ stress reflection နည်းသည်နှင့်အမျှ rock bolt တပ်ဆင်ပုံ ကောင်းမွန်သည်ဟု မှတ်ယူနိုင်သည်။


Shotcrete အသုံးပြုခြင်း
Shotcrete ၏ ဘက်စုံအသုံးဝင်ခြင်း၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီစွာ အသုံးပြုနိုင်ခြင်းနှင့် ဈေးသက်သာခြင်းတို့ကြောင့် ယနေ့ခေတ် ဥမင်နှင့် တွင်း (shaft) များတည်ဆောက်ရာတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီဖြစ်သည်။ လတ်တလော ဖောက်လုပ်ထားသော ဥမင် မျက်နှာပြင်များတွင် ချက်ချင်း အသုံးပြုနိုင်ခြင်း၊ ဥမင်နှင့် တွင်း(shaft)တို့ ဆက်စပ်နေရာများ၊ ဥမင်ချဲ့ထွင်သော နေရာများ၊ ဥမင်လမ်းကြောင်း အဆက်နေရာများတို့တွင် တွဲစပ်အနေဖြင့် အသုံးပြုနိုင်ခြင်းနှင့် မြေအခြေအနေကိုလိုက်၍ သင့်တော်သော အရောအနှော၊ အထူတို့ကို အမျိုးမျိုးအသုံးပြု၍ ရခြင်းတို့သည် Shotcrete ၏ အားသာချက်များ ဖြစ်သည်။

သို့သော် Shotcrete မှာ ပင်ကိုယ်အားဖြင့် ကြွပ်ဆက်သော သဘောရှိသောကြောင့် မြေသားပင့်ထောက်မှုအတွက် အသုံးပြုရာတွင် tension ဒဏ်၊ မာကြောမှုနှင့် ပျော့ပျောင်းမှု (flexibility) ရရှိရန်အတွက် အားဖြည့်မှု (reinforcement) များထည့်သွင်းရန် လိုအပ်ပေမည်။ သို့အတွက် သံဇကာကွက် သို့မဟုတ် ဝါယာဖိုင်ဘာမျှင်များကို reinforcement အဖြစ် တပ်ဆင် အသုံးပြုကြသည်။ ယခုနောက်ပိုင်းတွင် steel fiber များကို ဘိလပ်မြေ၊ ကျောက်တို့နှင့် ရောနှော၍ reinforcement အနေဖြင့် အသုံးပြုလာကြသည်။ Steel fiber reinforced shotcrete (SFRS) ကို ၁၉၇၂ ခုနှစ်များက မြောက်အမေရိကတွင် ဖောက်လုပ်ခဲ့သော ဥမင်များတွင် ပထမဆုံး အသုံးပြုခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် မာကျောမှုနှင့် ကွေးညွှတ်မှု ခံနိုင်အားများ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး shotcrete အလွှာများ၏ ဒဏ်ခံနိုင်မှု (fatigue) နှင့် ရိုက်ခတ်မှု ခံနိုင်အား (impact resistance) များလည်း ပိုမိုကောင်းမွန်လာသည်။

ယခုလက်ရှိ Shotcrete ၏ ဖြစ်ပေါ်တိုးတက်မှုများမှာ admixtures များထည့်သွင်း အသုံးပြုလာခြင်းဖြစ်သည်။ အထူးသဖြင့် မိုက်ခရိုဆီလီကာ (microsilica) များ ထည့်သွင်း အသုံးပြုလာပြီး ၎င်းသည် shotcrete ပက်ဖျန်းစဉ် ပြန်ကန်လွင့်စင်ထွက်မှုကို ကောင်းစွာလျှော့ချပေးပြီး သိပ်သည်းဆ၊ မာကျောမှုအားနှင့် ရေလုံမှု(ရေစိမ့်ဝင်မှု) တို့ကို ပိုမိုကောင်းမွန်လာစေသည်။


(၁) အသုံးပြုပုံများ။ Shotcrete ကို ဥမင်များနှင့် တွင်း(shaft) များတူးဖော်စတွင် ကနဦး မြေသားပင့်ထောက်မှု လုပ်ငန်းအဖြစ် အသုံးပြုကြသည်။ တူးဖော်ထားသော ကျောက်သား(မြေသား) မျက်နှာပြင်ပေါ်သို့ ၂ လက်မမှ ၄ လက်မအထူ ရှိသော အလွှာရအောင် မှုတ်ဖျန်းခြင်း ဖြစ်ပြီး ၎င်း၏ setting time မှာ ထည့်သွင်း အသုံးပြုထားသော accelerator များပေါ်တွင် မူတည်၍ မိနစ် အနည်းငယ်မှသည် နာရီအနည်းငယ်အထိ ကြာမြင့်တတ်သည်။ မိုင်းဖောက်ခွဲ၍ တူးဖော်သော ဥမင်လုပ်ငန်းများတွင် shotcrete ဖြင့် မညီညာသော ဥမင်မျက်နှာပြင်များ၊ ဖောက်ခွဲရာတွင် ပိုသွားသော နေရာများကို ချောမွတ်စေခြင်း၊ ဖြည့်သွင်းခြင်းများ ပြုလုပ်နိုင်သည်။ ထို့ပြင် မညီညာသော မျက်နှာပြင်များတွင် ဖြစ်ပေါ်လေ့ရှိသည့် shear ကြောင့် မြေပြိုကျမှုများ၊ အလွှာလိုက် ရွေ့လျားမှုများ၊ မျက်နှာပြင်ရှိ ကျောက်သားများ ပွကာ ဖွာထွက်ကျခြင်းများကိုလည်း တားဆီးပေးသည်။ ထို့အတူ ကျောက်သား မျက်နှာပြင်တွင် ရှိသော ရေငွေ့ပါဝင်နှုန်းကြောင့် ဖြစ်ပေါ်သော မြေသားပွခြင်း၊ ကျုံ့ခြင်းများကိုလည်း တားဆီးပေးသည်။ Shotcrete သည် မြေအမျိုးအစား မကောင်းသည့် နေရာမျိုးတွင် rock bolts (သို့) dowels များ၊ ရံဖန်ရံခါ steel ribs များ၊ lattice girders များပါ ပေါင်းစပ် ထည့်သွင်းအသုံးပြုရသည့် SEM ဥမင်ဖောက်လုပ်နည်းဖြင့် ဆောက်လုပ်သည့် အခါမျိုးတွင် မရှိမဖြစ် အသုံးဝင်သော ပစ္စည်းဖြစ်သည်။


မြေသား၏ မာကြောမှု အဆင့်များအလိုက် မြေသားပင့်ထောက်ခြင်းပုံစံများ

အကိုးအကား
Construction of Tunnel and Shaft. EM 1110-2-2901, 30 May 97, Sec. 5-4. Initial Ground Support.

Related Posts
SEM design ရဲ့ အဓိက သော့ချက်များ
Technology of Tunnel face Stabilization

ဆက်ဖတ်ရန်>>>

USA: EIT (Engineer-In-Training) and FE Exam


U.S မှာ ရောက်နေပြီး အင်ဂျင်နီယာ အနေနဲ့ အလုပ်လုပ်ချင် တဲ့ သူတွေ၊ လိုင်စင်ရ Professional Engineer (P.E) ဖြစ်ချင်တဲ့ သူတွေအတွက် ပထမ အဆင့် လိုအပ်တာ ကတော့ EIT (Engineer-In-Training) အလုပ်သင် အင်ဂျင်နီယာ ဖြစ်ပါတယ်။
EIT ဖြစ်ပြီ ဆိုတာ နဲ့ အလုပ်အကိုင် အခွင့်အရေး တော်တော် ပွင့်သွားပါပြီ။ EIT ဖြစ်ဘို့ အတွက် လိုအပ်ချက်တွေကတော့
  1. File the Application, Pay the Stated Filing Fee: သက်ဆိုင်ရာ State Licensing Board မှာ ကျသင့်တဲ့ လျှောက်လွှာကြေး နဲ့အတူ Application Form ကို တင်ရမှာ ဖြစ်ပါတယ်။ ဒါမှ FE Exam ကို ဖြေဆိုခွင့် ရနိုင်မှာပါ။
  2. သတ်မှတ်ပေးတဲ့ 8-hour written Fundamentals of Engineering (FE) Examination (၈ - နာရီ ရေးဖြေမေးခွန်း) ကိုဖြေဆို အောင်မြင် ရမှာ ဖြစ်ပါတယ်။ (အသေးစိတ် နောက်မှာ ဆက်လက်ဖော်ပြပေးပါမယ်။)
NCEES Website (http://www.ncees.org/) မှာသွားပြီး State Licensing boards’ WebSite Links ကိုရယူ နိုင်ပါတယ်။ National Council of Examiners for Engineering and Surveying (NCEES) ဆိုတာက တော့ တစ်နိုင်ငံ လုံးအတွက် ဒီမေးခွန်းတွေ ကို ပြင်ဆင်ပေးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

How to Apply (How to File the Application)
FE Exam ကို ဖြေဆိုခွင့် ရဘို့ အတွက် သက်ဆိုင်ရာ State Licensing Board မှာ Application Form တင်ရမှာ ဖြစ်ပါတယ်။ State တစ်ခုနဲ့ တစ်ခု လိုအပ်ချက် မတူပါဘူး။ ဒါကြောင့် လိုအပ်ချက်တွေ ကို အရင်စုံစမ်း ထားဘို့ လိုအပ်ပါတယ်။ အခြေခံ လိုအပ်ချက် တွေကတော့
  1. General အထွေထွေ လိုအပ်ချက် များ။
    1. Citizenship / State Residency : State Board ပေါ် မူတည်ပါတယ်။ တချို့ State Board တွေက အမေရိကန် နိုင်ငံသား (သို့) တရားဝင် Permanent Residents (Green Card Holders) ဖြစ်ဘို့လိုအပ် ပေမဲ့ တချို့ State Board တွေက တော့ အမေရိကန် နိုင်ငံသား ဖြစ်ဘို့တို့ State Residency ဖြစ်ဘို့တို့ ဆိုတဲ့ လိုအပ်ချက်တွေ မရှိပါဘူး။ ဒါပေမဲ့ social security number (SSN) (သို့မဟုတ်) individual taxpayer identification number (ITIN) တွေပေးရဘို့ တော့ လိုအပ်လေ့ရှိပါတယ်။ SSN က US Citizens တွေနဲ့ Permanent Residents (Green Card Holders) တွေမှာ ပဲ ရှိတာပါ။ ITIN ကလည်း US မှာတရားဝင် အလုပ်လုပ် ပြီး အခွန်ပေးဆောင် ဘူးမှသာ ရနိုင်တာပါ။ ဒီနံပါတ် တစ်ခုခု မရှိပဲ လျှောက်လွှာ တင်နိုင်ဘို့က တော့ မလွယ်ပါဘူး။

  2. Examination Requirements စာမေးပွဲ ဝင်ခွင့် အတွက် လိုအပ်ချက် များ။
    1. Graduation: ABET Degree; ABET ဆိုတာက တော့ Accreditation Board for Engineering and Technology ကို ဆိုလိုတာဖြစ်ပြီး Engineering and Technology Curricula တွေကို US နိုင်ငံတစ်ဝှမ်း လုံးက တရားဝင် အသိအမှတ်ပြုထား တဲ့ The Nationally Recognized Accrediting Organization တစ်ခုဖြစ်ပါတယ်။ ဒီ ABET accredited engineering program ကို အမေရိက က US နဲ့ Canada က ကျောင်း တစ်ချို့ မှာပဲရနိုင် တာမို့ အာရှမှာ ဘွဲ့ရခဲ့ တဲ့ မြန်မာ အင်ဂျင်နီယာ တွေ အနေနဲ့ ဒီလိုအပ်ချက် ကိုဖြည့်နိုင်မှာ တော့ မဟုတ်ပါဘူး။ အချို့ State Board တွေကလည်း ABET မဟုတ်တဲ့ ဘွဲ့တွေ ကို သူတို့ အသိအမှတ် ပြုထားတဲ့ Evaluator တွေဆီမှာ Evaluation လုပ်ပေးဘို့ လိုအပ်တာ လည်းရှိပါတယ်။ သက်ဆိုင်ရာ State Board မှာ သေချာစုံစမ်းပါ။
    2. Engineering Work Experience : State licensing board တော်တော်များများ က အခြားနိုင်ငံတွေ ကနေ Non-ABET Engineering and Technology Curricula တွေ နဲ့ ဘွဲ့ရခဲ့တဲ့ အင်ဂျင်နီယာတွေ၊ ဒါမှမဟုတ် လုံလောက်တဲ့ engineering work experiences တွေရှိခဲ့ တဲ့သူတွေ ဆိုရင် လည်း ဖြေဆိုခွင့် ပေးတတ်ပါတယ်။
    3. စာရိတ္တ ပိုင်း နဲ့ပတ်သက်ပြီး လည်း ကန့်သတ်ချက် အချို့ ပါဝင်နိုင်ပါတယ်။ ဥပမာ
      • be of good moral character အကျင့် စာရိတ္တ ကောင်းမွန်ရမည်။
      • Never have been convicted of a crime substantially related to the practice of engineering ဒါကတော့ Practice of Engineering နဲ့ ဆက်နွယ်တဲ့ ပြစ်မှု တစ်ခုခု ကို ကျူးလွန်ခဲ့ဘူးသူ မဟုတ်
      စသည်ဖြင့် ကန့်သတ်ထားတာ မျိုးတွေပါ။

  3. Examination Scope
    အောက်မှာ မေးခွန်းပုံစံကို အကြမ်းဖြင်း ရှင်းပြထားပါတယ်။

    Exam Composition
    Session Duration No. of Questions Points Remark
    /EachTotal
    မနက်ပိုင်း Morning Session 4h 120 1 point 120 General: One-Point Multiple Choice Questions
    ညနေပိုင်း Evening Session 4h 60 2 points120 Depth: General, Chemical, Civil, Electrical, Environmental, Mechanical, or Industrial Engineering.
    စုစုပေါင်း 8h - - 240-

    • မနက်ပိုင်းက တော့ EIT candidates အားလုံးဖြေရ မှာ က General မေးခွန်း တွေပါ။ ကိုယ်ရတဲ့ မေးခွန်း ရဲ့ Serial No. ကိုလိုက် လို့ အမေး အဖြေ ကွဲကောင်း ကွဲနိုင်ပေ မဲ့ ပါဝင်တဲ့ အခြေခံ တွေကတော့ အတူတူပါပဲ။ ပါဝင်တဲ့ အကြောင်းအရာ တွေကတော့
      1. Mathematics
      2. Engineering Probability and Statistics
      3. Chemistry
      4. Computers
      5. Ethics and Business Practices
      6. Engineering Economics
      7. Engineering Mechanics (Statics and Dynamics)
      8. Strength of Materials
      9. Material Properties
      10. Fluid Mechanics
      11. Electricity and Magnetism
      12. Thermodynamics

    • ညနေပိုင်း မေးခွန်းမှာ တော့ General, Chemical, Civil, Electrical, Environmental, Mechanical, or Industrial Engineering စသည်ဖြင့် ပါဝင် ပြီး နှစ်သက်ရာ Section ကို ရွေးချယ် ဖြေဆို နိုင်ပါတယ်။
    • မေးခွန်းပုံစံ တွေက အချိန် နဲ့ လိုက်ပြီး အပြောင်းအလဲ ရှိနိုင်တာ မို့ FE Exam Specifications လိုအပ်ချက် တွေကို မေးခွန်း ထုတ်သူ ဖြစ်တဲ့ NCEES Website (http://www.ncees.org/) မှာသွားပြီး စေ့စေ့စပ်စပ် ကြည့်၊ ပြီးတော့ သေသေချာချာ ပြန်လည် စစ်ဆေး ပါ။
    • စာမေးပွဲ က closed-book examinations ဖြစ်ပြီး စာမေးပွဲ ဝင်ခွင့် အတွက် လိုအပ်တဲ့ စာရွက်က လွဲလို့ တခြာ စာအုပ်၊ စာရွက်စာတမ်း သာမက ရေးစရာ ခဲတံတောင် မှ မယူရပါဘူး။ ပေတံ တစ်ချောင်း နဲ့ သူတို့ သတ်မှတ်ထားတဲ့ Calculators တွေတော့ ယူလို့ ရပါတယ်။ စာမေးပွဲ မှာသုံးဘို့ Mechanical Pencil တစ်ချောင်း ပေးပါလိမ့်မယ်။ ခဲတံ မကောင်းရင် ပဲဖြစ်ဖြစ်၊ ခဲဆန် ထပ် လိုအပ်ရင် ပဲဖြစ်ဖြစ်၊ ထပ်တောင်း နိုင်ပါတယ်။ Mechanical Pencil ကို မနက်ပိုင်း အပြီး အခန်းထဲမှာ ပဲထားခဲ့ ရပေမဲ့ ညနေပိုင်း ဖြေပြီးရင် အပိုင်ယူသွား နိုင်ပါတယ်လို့ အသိပေးထားပါတယ်။
    • စာမေးပွဲ မှာ သုံးခွင့် ရှိတဲ့ Calculator Brand / Model တွေကို လည်း သေချာ သတ်မှတ်ထား ပါတယ်။ သေသေချာချာ စစ်ဆေးပါ။ Brand ရော Model ရော နှစ်ခုလုံး ကိုက်ညီမှ သာယူခွင့် ရှိပါတယ်။ သတ်မှတ်ချက် တွေ နဲ့ ကိုက်ညီတဲ့ အပို Calculator ကိုလည်း ယူသွား နိုင်ပါတယ်။
    • မှီငြမ်းစရာ အနေနဲ့ FE Supplied-Reference Handbook ကိုပေးပါ လိမ့်မယ်။ အဲဒီ စာအုပ် ပေါ်မှာ ရေးခြစ် မှတ်သားခွင့် လုံးဝ မရှိပါဘူး။ ရေးခြစ်တာ ကို တွေ့သွားခဲ့ရင် စာမေးပွဲခန်း ထဲက ထုတ်ပစ်နိုင် လောက်အောင် အပြစ်ကြီးတယ် လို့ ဆိုပါတယ်။ ဒီစာအုပ် ကို NCEES Website မှာ Free Download ရယူ နိုင်ပါတယ်။
    • လက်ရှိ မေးခွန်းတွေ ကတော့ Multi-Choice Questions တွေဖြစ်ပြီး မှားဖြေမိလို့ အမှတ်မလျှော့ တာမို့ Blank Answer ဗလာ မထားခဲ့ ပါနဲ့။
    • ညနေပိုင်း မေးခွန်းမှာ General, Chemical, Civil, Electrical, Environmental, Mechanical, or Industrial Engineering စသည်ဖြင့် ပါဝင် ပြီး နှစ်သက်ရာ Section ကို ရွေးချယ် ဖြေဆို နိုင်ပါတယ် လို့ ပြောခဲ့ပါတယ်။ EIT မှာ Discipline သတ်မှတ်ချက် မပါတာမို့ ဘယ်သူမဆို နှစ်သက်ရာ Section ကို ရွေးချယ် ဖြေဆိုခွင့် ရှိလေ့ ရှိပါတယ်။ ဥပမာ ပြောရရင် Environmental Engineer က Mechanical ကိုဖြေ နိုင်လို့ ဖြေခဲ့ပြီး စာမေးပွဲ အောင်ရင် EIT ဖြစ်တာပါပဲ။ PE Exam အတွက် EIT ဖြစ်ဘို့သာ လိုအပ်တာမို့ ဘာမှ ထူးခြားပြီး အကျိုးသက်ရောက် မှု မရှိပါဘူး လို့ ဆိုပါတယ်။
      ဒါကြောင့် ညနေပိုင်း မှာလည်း General ကိုပဲ ဖြေရင် စာတစ်မျိုး ထဲပဲ ကြည့်ရတာ ဘို့လိုမယ် လို့ သူငယ်ချင်း တစ်ယောက် က ကျနော့် ကို သတိပေး ခဲ့ပါတယ်။ ကျနော့် ကိုယ်တိုင် ကတော့ ညနေပိုင်းကို Mechanical ကိုပဲ ဖြေဘို့ ပြင်ဆင်ထား ခဲ့တာပါ။ ကိုယ်တိုင် ကလည်း စာနဲ့ အဆက် သိပ်မပြတ် သေးတာရယ်၊ Mechanical ကို အားသန် တာရယ် ကြောင့်ပါ။ ဒါပေမဲ့ Mechanical Section ကို စဖြေပြီး မိနစ် ၂၀ လောက် အထိ ၄ ပုဒ်ပဲ ပြီးလို့ General Section ကိုသွားကြည့် မြန်မယ် ထင်တာ နဲ့ General ကို ပြောင်းဖြေ ခဲ့ပါတယ်။ မိနစ် ၂၀ ဆုံးရှုံး ခဲ့ပေမဲ့ အချိန်မီ အေးအေး ဆေးဆေး ပဲ ဖြေနိုင် ခဲ့ပါတယ်။ Mechanical မေးခွန်းတိုင်းက အတွက်အချက် များလို့ အချိန် ပိုကြာမယ် လို့ထင်ပါတယ်။ ကျနော့် အမြင် ကိုပဲ ပြောတာပါ။
      ဘယ်ဟာ ကိုရွေး ဖြေသင့်လဲ ဆိုတာတော့ ကိုယ့်ဖာသာ ဆုံးဖြတ်ကြပါ။
    • စာမေးပွဲ လိုအပ်ချက် တွေက လည်း အပြောင်းအလဲ ရှိနိုင် တာမို့ လိုအပ်ချက် တွေကို မေးခွန်း ထုတ်သူ ဖြစ်တဲ့ NCEES Website (http://www.ncees.org/) မှာ ရော သက်ဆိုင်ရာ Board ကိုပါ သွားပြီး စေ့စေ့စပ်စပ် ကြည့်၊ ပြီးတော့ သေသေချာချာ ပြန်လည် စစ်ဆေး ပါ။

  4. Examination Dates
    • Fundamentals of Engineering (FE) စာမေးပွဲကို တစ်နှစ် မှာ နှစ်ကြိမ် April နဲ့ October လတွေမှာ ကျင်းပလေ့ ရှိပါတယ်။
    • သက်ဆိုင်ရာ State Licensing Board Websites မှာ Examination Schedule တွေကို ထုတ်ပြန်ကြေညာ ထားလေ့ရှိ တာမို့ သွားရောက် ကြည့်ရှုထားစေ လိုပါတယ်။ Examination Dates (စာမေးပွဲဖြေရမယ့်နေ့) and Final Filing Dates တွေကို Examination Schedule မှာဖော်ပြ ထားပါတယ်။ Final Filing Dates ကိုသတ်မှတ်တဲ့ အခါ Postmark Date စာတိုက် က အမှတ်အသား နဲ့ ရည်ညွှန်းလေ့ ရှိပါတယ်။ စာတိုက် ကနေ သွားပို့ရင် ပို့တဲ့နေ့ ကို ဆိုလိုပါတယ်။ စာမေးပွဲ မဖြေခင် ၂လ-၃လ လောက် အလိုမှာ Final Filing Dates (Form ပိတ်ရက်) ဖြစ်လေ့ ရှိပါတယ်။
    • Filing လုပ်ပြီးလို့ Admission ရခဲ့ရင် တကယ် ဖြေရတော့ မှာမို့ ရက်ကိုတွက် ပြီး ကြည့်ရမဲ့ စာကို နိုင်နင်းမယ် သေချာမှ Filing လုပ်ပါ။
    • Examination Sites / Locations (ဘယ်နေရာ မှာ ကျင်းပမှာလဲ) ဆိုတာ ကိုလည်း State Licensing Board Websites တွေမှာ ဖော်ပြထားတတ် ပါတယ်။

  5. Filing the Application
    Final Filing Dates အမီ လိုအပ်တဲ့ စာရွက်စာတမ်း တွေ ကို စာအိပ်ထဲ သေချာစစ်ဆေး ပြီးထည့်၊ ပြီးရင် State Licensing Board ရုံး ကိုလိပ်မူပြီး Submit လုပ်ရပါမယ်။ စာတိုက် ကနေပို့လို့ ရပါတယ်။
    1. Completed and Signed Application Form: ညွှန်ကြားချက် အတိုင်း သေ သေချာချာ ပြည့်ပြည့်စုံစုံ ဖြည့်ပြီး လက်မှတ် ထိုးထားတဲ့ Form ဖြစ်ရပါမယ်။ လက်မှတ်က လွဲလို့ အခြားကွက်လပ် တွေမှာ Computer Soft Copy မှာပဲ ဖြည့် ဘို့ ညွှန်ကြားချက် ပါခဲ့ရင် Computer Soft Copy မှာ ဖြည့်ပြီးမှ Print Out ထုတ် လက်မှတ် ထိုးရပါမယ်။ လက်နဲ့ ဖြည့်တာ ကို လက်ခံမှာ မဟုတ် ပါဘူး။
    2. the Stated Filing Fee (Check or Money Order Only): ချက်လက်မှတ် (သို့) မန်နီအော်ဒါ ကိုပဲ ထည့်ပါ။ ငွေသား ထည့်ခွင့် မရှိပါဘူး။
    3. A self addressed, stamped postcard ကိုယ့်ရဲ့ ရရှိကြောင်း သိနိုင်ဘို့ စာပို့ခ တံဆိပ်ခေါင်းကပ် ပြီးသား postcard ပေါ်မှာ ကိုယ့်လိပ်စာ အသင့်တတ်ပြီး ထည့်ပေးနိုင်ပါတယ်။ State Licensing Board ရုံးက ရရှိကြောင်း တံဆိပ်တုံး ထုပြီး ပြန်ပို့ပါလိမ့်မယ်။ ဒါက Admission Notice မဟုတ် တာကိုတော့ သတိပြုပါ။ (နောက်တစ်ဆင့် စာတိုက် ကနေ Track လုပ်နိုင်တဲ့ Registered Mail ကို သုံး နိုင်ရင် ပိုကောင်းပါတယ်။ ငွေနည်းနည်း ပိုကုန်ပေမဲ့ တန်တယ်လို့ ထင်ပါတယ်။)

  6. Exam Study Materials
    Recommended Sources တွေကတော့
    1. NCEES Website : Study Material
      1. FE Supplied-Reference Handbook ကို pdf အနေနဲ့ free view / download လုပ်နိုင်သလို စာအုပ်အနေ နဲ့ လိုချင်ရင် လည်း မှာယူ နိုင်ပါတယ်။
      2. FE Sample Questions and Solutions ထဲမှာ Recommend ပေးလို တာကတော့ FE General Sample Questions and Solutions Book and CD-ROM ပါ။
      3. အခြား Discipline တွေအတွက် လိုချင်ရင် လည်း ဝယ်ယူ နိုင်ပါတယ်။
      NCEES က မေးခွန်းတွေ ကို ပြင်ဆင်ပေးတဲ့ အဖွဲ့အစည်း ဖြစ်တဲ့ အတွက် တကယ့်မေးခွန်းတွေ နဲ့ပိုမို နီးစပ်ပါတယ်။
      Engineering စာအုပ်တွေ မှာ အမှားတွေ တွေ့ရတဲ့ အခါ errata (ပြင်ဆင်ချက်)တွေ ထပ်ဖြည့်ပေး လေ့ရှိပါတယ်။ Errata တွေကို Download လုပ်ပြီး စာအုပ် (သို့) သက်ဆိုင် ရာစာအုပ်ထဲ မှာ ပြန်လည်ပြင်ဆင် ကြည့်ရှု ရပါတယ်။

    2. Professional Publications, Inc. (The Power to Pass) Website
      1. FE Review Manual (FERM2) , 2nd Edition, Michael R. Lindeburg, PE , 2006, Paperback, 872 pages, 8 ½ x 11
        ဒီ FE Review Manual စာအုပ် ကတော့ ကျနော့်ရဲ့ Favorite ဖြစ်ပါတယ်။
      2. Fundamentals of Engineering DVD Review (FEDVD), Stephen Andrew, PE , 1999, 12 DVDs, over 20 hours of instruction
      3. Study Materials တွေကို Packages တွေအနေ နဲ့လည်း Offer ပေးတတ် ပါသေးတယ်။ တစ်အုပ်ချင်း ဝယ်တာ နဲ့ စာရင် ဈေး အတော်အတန် ပို သက်သာ ပါတယ်။ ဒါ့အပြင် NCEES က စာအုပ်တွေ ပါ ဝယ်ယူရရှိ နိုင်တာမို့ Shipping Cost သက်သာ မှာလား ချင့်ချိန် နိုင်ပါတယ်။
      4. PPI FE/EIT Review Courses အချိန် လည်းပေးနိုင်၊ တတ်လည်း တတ်နိုင်ရင် PPI FE/EIT Review Courses သင်တန်းတွေ သွားတက် နိုင်ပါတယ်။
      5. Online ကနေ Practice လုပ်ချင်သူတွေ အတွက်လည်း
        • FE/EIT Passing Zone packages မေးခွန်းမေး၊ ရင် personal expert responses ကိုရရှိမှာ ဖြစ်ပြီး လက်ရှိ အခြားကျောင်းသားတွေ ရဲ့ အမေးအဖြေ တွေ အပြင် အရင့်အရင် ရှိနှင့်ခဲ့တဲ့ အမေးအဖြေတွေ ကိုလည်း ရှာဖွေ နိုင်ပါတယ်။
        • 30-day / 60-day FE Exam Cafe Access မှာ စာမေးပွဲ ပုံစံ မေးခွန်းတွေ ကို လေ့ကျင့် နိုင်ပါတယ်။
      6. Calculator ကိုတော့ Office Depot လိုနေရာ မျိုးမှာ လွယ်လွယ်ကူကူ ရွေးချယ်ဝယ်ယူ နိုင်တာမို့ Online ကနေ ရောမှာစရာ မလိုပါဘူး။ အပို Calculator ဆိုရင်လည်း Office Depot မှာဆို လွယ်လွယ်ကူကူ Return လည်း လုပ်နိုင်မယ် လေ။


    3. အခြား ထင်ရှားတဲ့ Sources တွေကတော့

  7. Admission Notice/Change Of Address
    • Admission Notice ကို စာမေးပွဲ မတိုင်ခင် ၁ -ပတ် လောက် မှာ ရရှိပါ လိမ့်မယ်။ ဒီစာရွက် ပါမှ စာမေးပွဲခန်း ထဲ ဝင်ခွင့်ရ မှာမို့ သေသေချာချာ သိမ်းထားပါ။ တကယ်လို့ အချိန်မီ မရရှိခဲ့ ရင်၊ ပျောက်သွားခဲ့ရင် စာမေးပွဲ ဖြေရမဲ့နေ့ မနက်စောစော Help Desk မှာသွားရောက် အကူအညီ တောင်းနိုင်ပါတယ်။
    • မိမိလိပ်စာ ပြောင်းခဲ့ မယ်ဆိုရင် တော့ သက်ဆိုင်ရာ Board's address change affidavit ကိုဖြည့်ပြီး Board ကို အကြောင်းကြားရပါမယ်။

  8. စာမေးပွဲ အတွက် ယူဆောင်လာရမဲ့ Photo ID နဲ့ ပတ်သက်ပြီး တော့ တိတိကျကျ ဖော်ပြထားတာ ကိုလည်း တွေ့ရပါတယ်။
    • Issued by a state or federal governmental agency (including other U.S. states and foreign countries) အစိုးရ အဖွဲ့ အစည်း တွေ ကထုတ်ပေးထားတဲ့ Photo ID (မှတ်ပုံတင်) ဖြစ်ရမယ်။ (ကျောင်းသားကဒ် တွေ၊ အလုပ်က employee identification cards တွေဖြစ်လို့မရပါဘူး)
    • Contains your photograph (မိမိ ရဲ့ ဓာတ်ပုံ ပါဝင်ရမယ်။)
    • Contains your visible signature မြင်သာ ထင်ရှားတဲ့ မိမိ ရဲ့ ထိုးမြဲ လက်မှတ် ပါရမယ်။
    • Contains your printed (typed) name (မိမိရဲ့ နာမည်ကို ဖော်ပြထားရမယ်)။
    • ဒီလိုအပ်ချက် တွေ မပြည့်စုံ ရင် စာမေးခန်း ထဲ လုံးဝ ပေးဝင်မှာ မဟုတ် ပါဘူး လို့ဆိုပါတယ်။

  9. Postponements
    • Postponements from the assigned examination: သတ်မှတ်ပေး ထားတဲ့ စာမေးပွဲ ကို ဖြေဆို ဘို့ ပျက်ကွက် တဲ့အခါ နောက် စာမေးပွဲ တစ်ခု ကို ရွှေ့ဆိုင်း ခွင့်ပြု၊ မပြု ဆိုတာကို မိမိ တင်ပြတဲ့ ဆင်ခြေ ပေါ် မူတည်ပြီး Executive Officer က ဆုံးဖြတ်ပေးပါ လိမ့်မယ်။
    • A postponement request ကို verification (အတည်ပြု စရာ သက်သေ အထောက်အထား တွေ) နဲ့ အတူ သတ်မှတ်ထား တဲ့ ရက် အတွင်း စာရေး (in writing) တောင်းဆို ရမှာ ဖြစ်ပါတယ်။
    • နည်းလမ်းတကျ မတောင်းဆိုပဲ စာမေးပွဲ ကို အချိန်မီ ရောက်လာဘို့ ပျက်ကွက်ခဲ့ရင် တော့ မိမိ ရဲ့ application ကို cancel အလုပ်ခံရမှာ ဖြစ်ပြီး သွင်းထားတဲ့ လျှောက်လွှာကြေး လည်း ဆုံးရှုံး မှာ ဖြစ်ပါတယ်။
    • အကျိုးသင့် အကြောင်းသင့် လက်သင့်ခံနိုင်လောက် တဲ့ ဆင်ခြေ နမူနာ တွေ ကတော့
      1. The applicant's illness or injury; (requir a certificate or other appropriate document from a medical doctor) မိမိကိုယ်တိုင် ဖျားနာ၊ အနာတရ ဖြစ်ခဲ့ လို့ (ဆရာဝန် ရဲ့ ထောက်ခံချက် (ဒါမှ မဟုတ်) သင့်တော် တဲ့ စာရွက်စာတမ်း တွေ နဲ့ အတူ)
      2. Death or serious illness or injury in the immediate family; (requir a certificate or other appropriate document from a medical doctor): အနီးစပ် ဆုံး မိသားစုဝင် တစ်ယောက်ယောက် အကြီးအကျယ် ဖျားနာလို့ (သို့) ဆုံးပါးသွား လို့ (ဆရာဝန် ရဲ့ ထောက်ခံချက် (ဒါမှ မဟုတ်) သင့်တော် တဲ့ စာရွက်စာတမ်း တွေ နဲ့ အတူ)
      3. Work assignment outside of the continental U.S. (documents from employer) : US ရဲ့ပြည်ပ တစ်နေရာ ရာကို အလုပ် နဲ့ စေလွှတ် ခံရလို့ (employer ရဲ့ ထောက်ခံချက် နဲ့ အတူ)
      4. Accident or mechanical breakdown on the morning of the examination, (repair provider, or the police) စာမေးပွဲ ဖြေတဲ့ နေ့ မှာ Accident ဖြစ်လို့ (သို့) ကားပျက်လို့ (စက်ပြင် Mechanic (သို့) ရဲ ၏ စာရွက်စာတမ်း များ)

    • FAILURE TO PREPARE FOR THE EXAMINATION IS NOT A VALID CAUSE : စာမေးပွဲ ကို ဖြေဆို ဘို့ အဆင်သင့် မဖြစ်သေး လို့ ဆိုတဲ့ ဆင်ခြေ က တော့ လက်သင့်ခံ နိုင်လောက်တဲ့ အကြောင်းတရား မဟုတ်ဘူး လို့ ဆိုပါတယ်။

နောက် ရေးနိုင်ဘို့ အခွင့်အရေး ကြုံတဲ့ အခါ စာမေးပွဲ ပြင်ဆင်တဲ့ အကြောင်း တင်ပြပေး ပါမယ်။
Web-Links
  1. NCEES (National Council of Examiners for Engineering and Surveying)
  2. ABET: Accreditation Board for Engineering and Technology [ http://abet.org/ ]
  3. PPI2Pass : Professional Publications, Inc. (The Power to Pass) Website[ http:/ppi2pass.com/ ]
  4. Amazon Online Bookshop [ http://www.amazon.com/ ]

ဆက်ဖတ်ရန်>>>

Green Certifications (USGBC's LEED / Singapore GreenMark)


ဒီတစ်ပါတ် တော့ ကမ္ဘာပေါ် မှာ အသုံးများ တဲ့ LEED® Green Building Rating System အကြောင်းကို စာဖတ်သူ နဲ့ မိတ်ဆက် ပေးထားပါတယ်။

  1. Introduction
    • Green (High Performance Buildings)
      • Building Industry မှာတော့ Sustainable Development Concept ကိုဆိုလိုပါတယ်။
      • Environmentally Responsible (ပတ်ဝန်းကျင် အပေါ်တာဝန်သိသော)
      • Economically Profitable (စီးပွားရေး အရ တွက်ခြေ ကိုက်သော)
      • Healthy Places to Live and Work (အလုပ်လုပ် ရန် နေထိုင်ရန် ကျန်းမာရေး အတွက် သင့်လျော်သော)
      • အဆောက်အအုံ တွေ လို့ ဆိုပါတယ်။
    • ဘာလို့ Green လုပ်သင့်လဲ။
      • Building Sector က ပတ်ဝန်းကျင် အပေါ် အလွန် အကျိုးသက်ရောက်မှု ရှိလို့
      • U.S. မှာ စုစုပေါင်း စွမ်းအင် အသုံးရဲ့ ၃၀% နဲ့ လျှပ်စစ် အသုံးရဲ့ ၆၀% ကို Building Sector ကနေ သုံးပစ်နေတယ်။
      • တစ်နေ့ကို ရေဂါလံ သန်း ငါးထောင် လောက် အိမ်သာကနေ Flush လုပ်ချ ပစ်နေတယ်။
      • Commercial Construction Projects တွေက အမှိုက်တွေ 2.5lb/ft²-Floor Area နှုန်းနဲ့ စွန့်ပစ်နေတယ်။
      • သဘာဝ အတိုင်း အပင်တွေ တိရစ္ဆာန် တွေ နေထိုင် စရာမြေ နဲ့ လယ်ယာ မြေတွေ ကို ယူသုံးနေတယ်။
    • Green Practices တွေက ဒီဆိုးကျိုး တွေကို လျှော့ချ နိုင်ရုံ မက၊ The Trend of Unsustainable Building Activities တွေ ကို ဘက်ပြန် စေပါလိမ့်မယ်။ ဒါတွေ အပြင်
      • လည်ပတ်စရိတ် ကိုလျော့ကျစေမယ်။
      • ဈေးကွက် ကိုကောင်းစေမယ်။
      • လုပ်အား ကို တိုးတက်စေမယ်။
      • အဆောက်အအုံ အတွင်းပိုင်း လေ မသန့် လို့ ဖြစ်လာ မဲ့ Potential Liability တွေ ကို လျှော့ချပေး နိုင်မယ်။
    • Green Performance မှာ ပိုင်ရှင်တွေ၊ ရှယ်ယာပိုင်ရှင်တွေ၊ နေထိုင်သူ တွေ နဲ့ အများပြည်သူတွေ၊ စတဲ့ သက်ဆိုင်သူ အားလုံး ကို အကျိုးရှိစေမဲ့ Environmental, Economic နဲ့ Social Elements တွေ ပါဝင် ပါတယ်။

  2. LEED® ဆိုတာ ဘာလဲ။ ?
    • LEED ဆိုတာကတော့ The Leadership in Energy and Environmental Design (LEED) Green Building Rating System™ ရဲ့ Acronym (အတိုကောက်) ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံ က ..."> The U.S. Green Building Council (USGBC) က စတင် စနစ်ချမှတ် လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။
    • USGBC ဆိုတာကတော့ Sustainable (ပတ်ဝန်းကျင် ကို အနှောင့်အယှက် မပေး မပျက်စီးစေ ပဲ ရေရှည် တည်တံ့ စေမဲ့) အဆောက်အအုံ တွေ စီးပွားရေး၊ အိမ်၊ ဆေးရုံ၊ ကျောင်း၊ ရပ်ကွက် တွေကို Certify လုပ်ပေးတဲ့ non-profit organization တစ်ခုဖြစ်ပါတယ်။ USGBC ဟာ LEED® Rating Systems နဲ့ တကွ expanding green building practices and education မှာ အဓိက စူးစူးစိုက်စိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
    • LEED® Green Building Rating System က ကိုယ့် ဆန္ဒ နဲ့ ကိုယ် ပါဝင်ရတဲ့၊ လူအများ၏ ဆန္ဒ ကိုအခြေခံ၊ ရှိနေတဲ့ Proven Technologies တွေကို မူတည် ထားတဲ့ national rating system တစ်ခုဖြစ်ပါတယ်။
    • Building ရဲ့ Life-Cycle တစ်လျှောက် မှာ ရ နိုင်မဲ့ Environment Performance ကို Whole Building Perspective ကနေ Evaluate (အကဲဖြတ်) ပြီး Green Buildign လို့ တိတိကျကျ သတ်မှတ် နိုင်မဲ့ စံ ကို ပေးနိုင်တဲ့ စနစ်ပါ။
    • LEED က ရှိနေတဲ့ building types အားလုံး ကို addresses (ရည်ညွှန်း) ပြီး state-of-the-art strategies (နောက်ဆုံးပေါ် နည်းဗျူဟာ တွေ) နဲ့ ဧရိယာ ၅ -ခု ကို အထူးအလေးပေး ဂရုစိုက် ထားပါတယ်။
      1. SS: Sustainable (ရေရှည် တည်တံ့ စေမဲ့) site development
      2. WE:Water Efficiency (ရေ ကို အကျိုးရှိရှိ သုံးရေး၊ ချွေတာရေး),
      3. EA:Energy & Atmosphere (စွမ်းအင် အကျိုးရှိရှိ အသုံးချနိုင်ရေး နှင့် လေထု)
      4. MR:Materials and resources selection (ပစ္စည်း၊ သယံဇာတ သုံးစွဲမှု) , and
      5. EQ: Indoor environmental quality (အဆောက်အအုံ အတွင်း ပတ်ဝန်းကျင် ကောင်း) တို့ဖြစ်ပါတယ်။
      6. ID / IU: New Constructions တွေအတွက် ID (Innovation & Design Process) နဲ့ Existing Buildings တွေအတွက် IU (Innovation in Upgrades, Operation and Maintenance ပါဝင် ပြီး ဆန်းသစ်တီထွင်မှုတွေ၊ အကြံကောင်း တွေကို ကြိုဆို ဘို့ အတွက် ထည့်သွင်း ပေးထား တာပါ။
    • LEED က Performance-oriented system ဖြစ်ပြီး သတ်မှတ် ထားတဲ့ criteria (လိုအပ်ချက်) နဲ့ ကိုက်ညီ ရင် points တွေရပါတယ်။ လိုအပ်ချက် နဲ့ ကိုက်ညီကြောင်း သက်သေပြ နိုင်မဲ့ အချက်အလက် တွေလည်း တင်ပြရပါတယ်။ လိုအပ်တဲ့ Calculation တွေ နဲ့ အတူ သတ်မှတ်ထား တဲ့ Performance Period တစ်ခု အတွင်း မှာ ဆက်တိုက် (အဆက်မပြတ်) ကောက်ယူရရှိ တဲ့ Performance Data တွေကို လည်း ပူးတွဲ တင်ပြရပါမယ်။
    • ရရှိတဲ့ points အရည်အတွက် ပေါ် မူတည် ပြီး ရနိုင်တဲ့ Green Building Certifications Level ကို လေးခု ခွဲခြားထားပါတယ်။
      1. Certified
      2. Silver
      3. Gold
      4. Platinum
      ဒီလို Certified Status ရဘို့ အတွက် Prerequisite (မရှိမဖြစ်သောလိုအပ်ချက်) အားလုံး နဲ့ လိုအပ်တဲ့ Points အရည်အတွက် ကို ရရှိ ဘို့ လိုအပ် ပါတယ်။
    • Categories တစ်မျိုး နဲ့ တစ်မျိုး လိုအပ်တဲ့ Points ချင်းမတူ ပါဘူး။ ဒါက လည်း မတူတဲ့ Nature တွေကြောင့်ပါ။
      ဥပမာ ပြရ ရင်။
      Rating NC EB
      Certified 26 32 points 32-39 points
      Silver 33 38 points 40-47 points
      Gold 39 51 points 48-63 points
      Platinum 52 69 points 64-85 points
      NC: LEED® for New Construction & Major Renovations
      EB: LEED® Existing Building
    • Scope အနေနဲ့ ပြည့်စုံပြည့်စုံ ကျယ်ပြန့်ကျယ်ပြန့် ရှိပေမဲ့ Operation မှာ ရိုးရှင်းလွယ်ကူ အောင် ဒီ System ကို ဒီဇိုင်း လုပ်ထား တယ်လို့ ဆိုပါတယ်။
    • LEED က အလျင်အမြန် တိုးတက်ပြောင်းလဲ နေပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်း ဘို့ လိုအပ်ချက် အသစ်တွေ သာမက လိုအပ်ချက် အဟောင်းတွေ ကို လည်း ပိုပြီးကောင်းလာအောင်၊ မွန်းမံရင်း ပိုပြီးတင်းကျပ် တဲ့ လိုအပ်ချက်တွေ အဖြစ် ပြောင်းလဲသွား နိုင်ပါတယ်။ ဒါကြောင့် လက်ရှိ Current Information နဲ့ လိုအပ်ချက် တွေကို USGBC website မှာသွားရောက် လေ့လာဘို့ တိုက်တွန်းလိုက်ပါတယ်။
    • စာဖတ်သူ ဆက်လက် လေ့လာချင် ရင်တော့


  3. LEED Accredited Professionals (LEED APs)
    • LEED AP ဆိုတာကတော့ green building techniques, the LEED Green Building Rating System နဲ့ the certification process တွေကို သေချာနားလည် တယ်လို့ ပြသ နိုင်တဲ့ ပညာရှင် ကိုခေါ်တာ ဖြစ်ပါတယ်။
    • ဒီလို LEED AP ဖြစ် ဘို့ကတော့ USGBC ရဲ့ အထောက်အပံ့ နဲ့ ဖြစ်ပေါ်လာတဲ့ Green Building Certification Institute (GBCI) က ကြီးမှုးကျင်းပတဲ့ သတ်မှတ်ထားတဲ့ စာမေးပွဲ ကို ဖြေဆို အောင် မြင်ရမှာ ဖြစ်ပါတယ်။
    • LEED Project Team မှာ LEED AP ပါရင် ID/IU အောက်က 1 Point ရပါတယ်။
    • LEED က လူသိများလာ ပြီ ဆိုပေမဲ့ လက်ရှိ အသုံးသိပ် မတွင်ကျယ် သေးတာမို့ ဒီလက်မှတ် ရလို့ အခွင့်အရေး ပိုရမယ် လို့တော့ ပြောလို့ မရပါဘူး။ တကယ် လိုအပ်တဲ့ အသုံးချ မဲ့ သူတွေ အတွက် ပဲ အကျိုးရှိ ပါလိမ့်မယ်။ ဒါပေမဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ အတူ အရှိန်အဟုန် နဲ့ ရေပန်းစား လာမဲ့ စနစ်ပါ။
    • နောက် ဒီနည်းပညာ တွေ က နိုင်ငံ တော်တော် များများ အတွက် သင့်တော်ပေမဲ့ စကာင်္ပူ လို မြို့နိုင်ငံ အတွက် တော့ Apply လုပ်ရ အတော် ခက်ပါတယ်။ LEED Certified ဖြစ်ဘို့ တော့ စိတ်ဝင် စားနေကြ ပါပြီ။
    • စာမေးပွဲ က World Wide မို့ နေရာတော်တော် များများ မှာဖြေ ဆိုလို့ရနိုင်ပါတယ်။ ကိုယ်ဖြေချင်တဲ့ နေရာ ကို Online ကနေ Schedule လုပ်ကြည့်၊ မရရင် Test Center ကိုခေါ်ပါ။ စင်္ကာပူ မှာဖြေချင်ရင်တော့ စင်္ကာပူ Test Center က မလေးရှား Center အောက် က ဖြစ်ပြီး ဖြေလို့ ရနိုင်တယ် လို့တော့ မျှော်လင့်ရပါတယ်။ စုံစမ်းကြည့်ပေါ့။
    • စာမေးပွဲ ဝင်ခွင့် အတွက် ထူးထူးခြားခြား လိုအပ်ချက် မရှိပေမဲ့ Building industry Knowledge နဲ့ LEED နဲ့ ပတ်သက်တဲ့ ဗဟုသုတ တီးမိ ခေါက်မိ ရှိဘို့ တော့ လိုအပ်ပါလိမ့်မယ်။
    • လက်ရှိ (as of Sep 2008) စာမေးပွဲ ကြေးကတော့ US$400 ဖြစ်ပါတယ်။
    • GBCI Web Site (http://www.gbci.org/) မှာ EXAM REGISTERATION လုပ်ရပါမယ်။
      • ပထမ Log In လုပ်ဘို့ Account Registration လုပ် ရပါမယ်။
      • ပြီးရင် Log In လုပ် ဖြေဆို မဲ့ စာမေးပွဲ ကို ရွေးချယ် ပြီးရင် Test Center ရွေးရပါတယ်။ စာမေးပွဲ စစ်ပေးတဲ့ အသင်းကတော့ Prometric ဖြစ်ပါတယ်။
      • ပထမ LEED AP Candidate Handbook (PDF) ကို Download လုပ်ယူပါ။
      • စာမေးပွဲ outline of exam content ကို လေ့လာပါ။ ဒါကို သေသေချာချာ လေ့လာပြီးမှ ပြင်ဆင်ပါ။ နမူနာမေးခွန်း ကို လည်း သေချာကြည့်ပါ။ (သေချာအောင် ကြည့်ပါ။)
      • LEED Reference Guideကို ဝယ်ယူပါ။ စာမေးပွဲ နဲ့ တိုက်ရိုက် သက်ဆိုင် မဲ့ စာအုပ် တစ်အုပ် ပဲ လိုအပ်ပါ လိမ့်မယ်။ (ဥပမာ New Construction ဆို LEED NC Handbook, Existing Builidng ဆို LEED EB Handbook) Version ရော Validity ရော သေချာစစ်ပါ။ LEED EB ဆို ခု Sep 30, 2008 မှာ စာမေးပွဲ Register ပိတ်မှာ ဖြစ်ပြီး Dec 2008 အတွင်း အပြီး ဖြေရပါလိမ့်မယ်။
      • တတ်နိုင်ရင် optional USGBC courseကို တက်ရောက် သင်ယူ နိုင်ပါတယ်။
      • Professional Publications Inc. (ppi2pass.com) ကနေလည်း လေ့ကျင့်ခန်း စာအုပ် နဲ့ Flash Card တွေ နဲ့ အခြား Resources တွေ ရနိုင်ပါတယ်။

    • 2009 နဲ့ နောက်ပိုင်း မှာတော့ စာမေးပွဲ ပုံစံ ရော၊ Content တွေ ကိုပါ ပြောင်းလဲမှု တော်တော်များများ လုပ်ပါလိမ့်မယ်။ သတိထားပါ။ GBCI Website မှာ သေချာ လေ့လာပြီးမှ ပြင်ဆင်ပါ။

    • Exam Registeratioin ပြီးသွား လို့ လေ့လာဘို့ လိုအပ်တဲ့ အခါ ဒီ စာမျက်နှာ တွေက အသုံးတဲ့ ပါလိမ့်မယ်။


  4. စကာၤပူ GreenMark
    • LEED နဲ့ တိုက်ရိုက် မသက်ဆိုင် ပေမဲ့ စကာင်္ပူ မှာတော့ သူ့ ကိုယ်ပိုင် GreenMark Program ရှိပါတယ်။ သူကတော့ Criteria (စံညွန်း သတ်မှတ်ချက်) ငါးခု ခွဲ ထားပါတယ်။
      1. Energy Efficiency
      2. Water Efficiency
      3. Site/Project Development & Management (Building Management & Operation for existing buildings)
      4. Good Indoor Environmental Quality & Environmental Protection
      5. Innovation
    • သူ့မှာ လည်း Certified Green Mark Manager (GMM) & Green Mark Professional (GMP) လို့ခေါ်တဲ့ Program ရှိပါတယ်။
    • နောက် ထူးခြားချက် ကတော့ Enhanced Green Mark Incentive Scheme (GMIS) ဆိုတာ ရှိတာပါ။ ဘာ ရရင် ဘယ်လောက် ဆုပေး မယ် ဆိုတဲ့ မက်လုံး ပေးထား တာပါ။ တကယ် လည်း မက်လောက် အောင် ကိုပေး ထားတာပါ။
    • LEED ကတော့ Platinum ရမှပဲ Certified Fee ကိုပဲလျှော့ပေးမှာ ပါ။ Registered Fee , Expedited Fee တွေ က ပေးရအုံး မှာပါ။
    • HVAC Engineer တွေအတွက် Green Building Design Guide- Air-conditioned Buildings ကိုလည်းဖတ်ရှုနိုင်ပါတယ်။
    • အသေးစိတ် သိချင်ရင် တော့ BCA Green Mark Website မှာသွားရောက် လေ့လာ နိုင်ပါတယ်။


Web-Links
  1. The U.S. Green Building Council (USGBC)[ http://www.usgbc.org/ ]
  2. GBCI: Green Building Certification Institute[ http://www.gbci.org/ ]
  3. Prometric Test Center[ http://www.prometric.com/GBCI/default.htm ]
  4. Professional Publications Inc. (ppi2pass.com)
    [ http://ppi2pass.com/ppi/PPIShop_ct_LEED ]

  5. Building & Construction Authority, Singapore

ဆက်ဖတ်ရန်>>>

Automatic Control Systems in Buildings


  • မျက်မှောက်ခေတ် Buildings တွေ မှာ Equipments တွေ က အများကြီး မို့ ဒီ Equipments တွေ ကို ထိန်းသိမ်း မောင်းနှင် တဲ့ အခါ operator တွေ အများကြီး နဲ့ manually operate လုပ်တာ က efficient မဖြစ်၊ မထိရောက်တော့ ပါဘူး။
  • ဒါကြောင့် အလိုအလျောက် ထိန်းသိမ်း အလုပ်လုပ် ဆောင်နိုင်မဲ့ Automatic Control တွေ က အရေးပါ လာပါတယ်။ အထူးသဖြင့် Dynamic Response လိုအပ်တဲ့ အခါ အလိုလို တွက်ချက် ထိန်းချုပ်ပေးနိုင်တဲ့ Automatic Control Systems တွေ က ပိုမိုထိရောက် စွာ စွမ်းဆောင် ပေးနိုင်ပါတယ်။



  1. Introduction
    • Building Owner ရဲ့ Operation လိုအပ်ချက် နဲ့ တတ်နိုင်တဲ့ ငွေကြေး Budget ကို လိုက်လို့ ရိုးရိုးရှင်းရှင်း Simple Stand-alone Control ကနေ Integrated Control Systems အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
    • ဒီလို Control Systems တွေ ကို သုံးစွဲမှု အတိမ်အနက် ကို လိုက်ပြီး အခေါ်အဝေါ် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
      • Automatic Control System
      • Home Automation System
      • Building Automation System (BAS)
      • Building Management System (BMS)
      • Energy Monitoring and Control System (EMCS)
      • Energy Management System (EMS)
      • Facility Management System (FMS)

    • ရိုးရှင်းတဲ့ Control Systems ဥပမာ တွေ ကတော့။
      • Domestic Water Transfer Pump Control
        • အမိုးပေါ် ကရေကန်ထဲမှာ ရေမရှိရင် မောင်းတင်၊ ရေပြည့်ရင် အလိုလိုရပ်၊
        • ရေကန်ထဲမှာ ရေနည်းရင် (သို့) ရေလျှံ နေရင် အချက်ပေး (Alarm)
        • ရေပန့်တစ်ခု အလုပ်မလုပ်ရင် နောက်တစ်ခု အလိုလို အစားဝင်၊
        • သာမန် အခြေအနေ မှာ မီတာခ သက်သာ တဲ့ ညအချိန် Timer ပေးထားပြီး ရေမပြည့်မချင်း မောင်းတင်တာ၊ ပြည့်သွားရင် အလိုလို ရပ်
      • Drainage Sump Pump Control
        • ရေဆိုးကန်၊ မိုးရေကန် ရေပြည့်ရည် အလိုလို မောင်းထုတ်။
        • ရေလျှံ နေရင် အချက်ပေး
      • Fire Pump Control
        • အရေးပေါ် မီးအခြေအနေ မှာ မီးသတ်ရေပန့် အလိုလို မောင်း။
        • မီးလှန့် Fire Alarm Activate လုပ်။

    • ဒီလို Control မျိုးက Central BAS နဲ့ မတွဲပဲလည်း Control Panel ကနေ တိုက်ရိုက် ထိန်းလို့ ရပါတယ်။ Central BAS နဲ့ တွဲချင်ရင်တော့ Controller နဲ့ Contact Point ပေးရပါလိမ့်မယ်။
    • HVAC လို Environment Control လုပ်ဘို့ လိုအပ်လာတဲ့ အခါ မှာ တော့ ရိုးရိုးရှင်းရှင်း ကနေ ပိုမို ရှုတ်ထွေး သိမ်မွေ့ တဲ့ Control System တွေ လိုအပ်လာပါတယ်။
    • Building MEP Services တွေဖြစ်ကြတဲ့ HVAC Systems, Plumbing Systems, Fire Protection and Life Safety Systems, Lighting, Power နဲ့ Security System တွေ ကို controls and monitors လုပ်နိုင်မဲ့ computer-based control system တွေ ကို BAS (သို့) BMS လို့ ခေါ်ဆိုလေ့ ရှိကြပါတယ်။
    • အရေးပေါ် အခြေအနေ မှာ သူ့အလိုလို အလုပ်လုပ်တာ၊ တာဝန်ရှိတဲ့ သူတွေ ဆီ SMS (သို့) email ပို့ အကြောင်းကြား တာ၊ အရေးပေါ် ကြေငြာချက်တွေ ကို ကြိုတင် အသံသွင်းထားတဲ့ အတိုင်း ထုတ်လွှင့်တာတွေ ပါ ထည့်သွင်းပေးနိုင် ပါသေးတယ်။
    • တင်းကျပ်တဲ့ Stringent Environment Control Conditions နဲ့ Utilities Systems တွေ အများကြီး ပါဝင်တဲ့ Electronic / Pharmaceutical Factories တွေ မှာတော့ ဒီ Building Control Systems က အဆပေါင်း များစွာ ပိုမိုသိမ်မွေ့၊ ပိုမို ရှုတ်ထွေး တာမို့ Facility Management System (FMS) လို့ ခေါ်ဆို ကြပါတယ်။
    • စာရေးသူ ပါဝင်ဆောက်လုပ်ခဲ့ ဘူးတဲ့ Electronic Factory တစ်ခုက ပထမဆုံး Phase 1 မှာ Cleanroom အတွက် ULPA Filter တပ်ဆင်ထားတဲ့ FFU (Fan Filter Units) အလုံး 3,600 တပ်ဆင် ရပါတယ်။ တစ်လုံးစီ က လိုအပ်ချက် အတိုင်း Air Flow Velocity ရစေဘို့ တစ်ခုချင်း Speed (rpm) ညှိပေးရပါတယ်။ ဒါကို အစမှာ manually setup လုပ်လို့ ရပေမဲ့ တကယ်တန်း operate လုပ်တဲ့ အခါမှာ FMS မပါရင် ဘယ်လို မှ ခရီးတွင်မှာ မဟုတ်ပါဘူး။
    • ဒီ FMS လိုပဲ သိမ်မွေ့နက်နဲ နိုင်တဲ့ Industrial Control / Automation Systems တွေနဲ့ Process Control Systems တွေလည်း ရှိပါသေးတယ်။ ( စာရေးသူ မှာ ဒီ အခြား Control Systems နဲ့ပတ်သက်ပြီး NUS မှာ MSc. တက်တုန်းက စာတွေ့ သင်ယူ လေ့လာခဲ့ ဘူးပေမဲ့ အတွေ့အကြုံ တော့ မရှိသေးပါဘူး။ )


    - Back to Top -

  2. BAS Points Schedule and Control Strategies
    • Building Engineer တွေ သိထားသင့်တဲ့ BAS အခြေခံ တွေ ကတော့
      1. BAS Points Schedule
        • Input / Output
        • Digital / Analog
      2. Control Strategies (Control / Monitor / Alarms)


    1. BAS Points Schedule
      • အခြေခံ အနေနဲ့ ပြောလေ့ ရှိတာက BAS Points Schedule ပါ။ DI (Digital Input), DO (Digital Output), AI (Analog Input), AO (Analog Output) စသည်ဖြင့် တွေ့နိုင်ပါတယ်။ ရချင်တဲ့ Control Strategies ကို လိုက်ပြီး လိုအပ်တဲ့ points အရေအတွက် ကို သတ်မှတ်ရပါတယ်။

      • Input or Output : Control Terminal Box ဘက် ကနေ ကြည့် ပြီး အဝင်အထွက် ကို ခေါ်တာပါ။
        • Output: Control System ကနေ Equipment ဆီကို ထွက်ရင် Output, ဒါကို Command Signal လို့ ခေါ်နိုင်ပါတယ်။
        • Input: Equipment / Instruments ထဲကနေ Control System ထဲကို ဝင်လာရင် Input ပါ။ ဒါကို Status Signal လို့ ခေါ်နိုင်ပါတယ်။

      • Digital (Binary) or Analog :
        • Digital : Two Position (either 0 or 1) 0 နဲ့ 1 တစ်ခုခု ပဲ ဖြစ်နိုင်တာ မို့ Digital လို့ ခေါ်တာပါ။ တစ်ခါတစ်ရံ Binary လို့လည်း ခေါ်တတ်ကြပါသေးတယ်။
        • Angalog : Any Position (from 0 to 1), 0 ကနေ 100% အတွင်း Any Value ကို သတ်မှတ် နိုင်တာမို့ Analog လို့ ခေါ်တာပါ။

      • DO (Digital Output) : Equipment တစ်ခုခု ကို စဘို့၊ ရပ်ဘို့ (သို့) Actuator တစ်ခုခု ကို အဖွင့်အပိတ် (အပြည့်ဖွင့်၊ အပြည့်ပိတ်) လုပ်ခိုင်း နိုင်တဲ့ Command Signal ပါ။
        • On / Off (Sometimes called Start / Stop) : Equipments
        • Open / Close [ Fully Open / Fully Close ] : Motorized Actuators, Valve, Dampers

      • AO (Analog Output) : Equipment တစ်ခုခု ရဲ့ လည်ပတ်နှုန်း (rpm) ကိုထိန်းဘို့၊ (သို့) Actuator တစ်ခုခု ကို (အပြည့်ဖွင့်၊ အပြည့်ပိတ် တင် မဟုတ်ပဲ) လိုချင်တဲ့ နေရာ အလိုက် အဖွင့်အပိတ် Modulating လုပ်ခိုင်း နိုင်တဲ့ Command Signal ပါ။
        • Modulating Control : Motorized Actuators, Valve, Dampers
        • Speed Control : Variable-Frequency Drive(VFD) [ VFDs are also know as Adjustable-Frequency Drives (AFD), Variable-Speed Drives (VSD), AC drives, Microdrives or Inverter drives.]
        • Capacity Control : Thermistor Controlled Electric Heater

      • DI (Digital Input) : ဖြစ်နိုင်ချေ ရှိတဲ့ Condition နှစ်ခု အနက် က ဘယ်တစ်ခု ဖြစ်နေသလဲ ဆိုတဲ့ Status ကို Feedback ပေးလာတဲ့ Status Signal Point ပါ။ သိချင်တဲ့ Equipment တစ်ခု လည်နေလား ၊ ရပ်နေလား၊ ဒါမှမဟုတ် မလည်နိုင်ပဲ Trip ဖြစ်နေသလား။ Actuator က ပွင့်နေသလား၊ ပိတ်နေသလား။ Differential Sensor (Pressure, etc.) တစ်ခုခု လိုတဲ့ အနေအထား ရပြီလား၊ Control Panel က Auto Mode စတဲ့ အခြေအနေ တွေ ကို ပေးတာပါ။
        • On / Off Status : Equipments, Differential Pressure Switch, etc.
        • Open / Close Status : Motorized Actuators, Valve, Dampers
        • Trip Status : Equipments
        • Operating Mode : Auto/Off/Manual Switch Modes, Local / BAS Control Mode, etc.
        • Water Level: Water Tank High Level, Low Level (Pump Stop), Pump Start Level, etc.
        • Alarm: Fault Alarm, System High Pressure, Low Pressure, Water Tank Extra High Level (Overflow), Extra Low Level (Empty), etc.
        • Pulse Input: Water Meter / Gas Meter / BTU meter, etc.

      • AI (Analog Input ) : သိချင်တဲ့ အခြေအနေ Status Signal တွေ ကို Sensor / Transmitter / transducer တွေကနေ ယူတာပါ။ ဒီ Input တွေ က ရတဲ့ အခြေအနေ တန်ဘိုး တွေ ကို မူတည် ပြီး ဘယ်လို Control လုပ်မယ် ဆိုတဲ့ Control Strategies တွေ ကို သတ်မှတ်ရပါတယ်။ ဥပမာ တွေ ကတော့။
        • Temperature : Space, Supply / Return Air, Chilled Water, Hot Water, etc.
        • Humidity : Room, Supply Air
        • Pressure : Air System, Water Systems, Compressed Gas, etc.
        • Differential Pressure : Air System, Water Systems, etc.
        • Flowrate : Air System, Water Systems, etc.
        • Ampere : Equipment Power Usage
        • Speed : Variable-Frequency Drive (VFD), etc.
        • Lighting Illuminance Level (lux)
        • Indoor Air Quality Sensors : CO Sensors, CO2 Sensors, etc.
        • PH : Industrial Discharged Water, Industrial Exhausts, etc.

      • Analog Input ထဲမှာ Voltage, Current, Thermistor (Resistance) ဆိုပြီး Input သုံးခု ရှိတဲ့ အနက် အချို့ Controllers တွေမှာ Thermistor Inputs, TI ကို သီးသန့်ခွဲ သတ်မှတ် တာလည်း ရှိပါတယ်။ Thermistor Input တွေက အများအားဖြင့် Temperature ဖြစ်လေ့ရှိပါတယ်။ (A thermistor is a type of resistor whose resistance varies with temperature.) အချို့ Controllers တွေကတော့ Analog Input တစ်မျိုးမျိုးသာ မက Digital Input ကိုပါ လက်ခံ နိုင်တဲ့ Universal Inputs, UI ဆိုပြီးလည်း ပေးတတ်ပါတယ်။ Point Schedule မှာတော့ ဒါတွေ ကို ( ဖော်ပြဘို့မလိုအပ်တာမို့ ) ဖော်ပြလေ့ မရှိပါဘူး။

      • HL (High Level Interface) : Chillers တွေ လို တကယ့် Advanced Control System ပါပြီးသား Equipments တွေ ကတော့ HL (High Level Interface) နဲ့ တိုက်ရိုက် Communicate လုပ်နိုင်ပါတယ်။ သတိထား ရမှာ က Communication Protocol နဲ့ Network Cabling Standard ပါပဲ။


    2. Control Strategies
      • Building Owner တွေနဲ့ Operator တွေက စိတ်ချပြီး လွယ်လွယ်ကူကူ သုံးစွဲ ထိန်းသိမ်း နိုင်မဲ့ Control Systems တွေကို ပဲ လိုချင်ပါတယ်။ ဒါကြောင့် designer က Control System အတွက် လိုအပ်တဲ့ အချက်အလက် တွေ ကို ပေးရပါမယ်။ အဲဒါတွေကတော့
        • Control Sequence of Operation
        • A Control Schematics
        • Diagram showing interaction between various parts of the system
        • Commissioning Instruction
        • A maintenance checklist

      • Building Owner က ဘယ်အဆင့်အထိ Control (သို့) Monitor လိုချင်တာလဲ။ Allowable Tolerance ဘယ်လောက် အတိုင်းအတာအတွင်း တိတိကျကျ ရချင်တာလဲ ဆိုတာတွေ ပေါ်မူတည်ပြီး စဉ်းစားရပါတယ်။ စဉ်းစားရမဲ့ အဆင့်တွေ ကတော့၊
        • Simple Monitoring
        • Space Environmental Control (Temperature, Humidity, Pressure, Cleanliness, etc.)
        • Scheduled (Timer) Control
        • Data Acquisition
        • Equipment Performance Control, Sequencing, Loading
        • Energy Usage Monitor and Optimization
        • Control Optimization: Static or Dynamics

      • Local Loop (or) Supervisory Control ?
        • Lower Level Local-Loop Control ဆိုတာက သိပ်ပြီး ရှုတ်ရှုတ်ထွေးထွေး မရှိလှတဲ့ Domestic Water Pumps, Drainage Pumps, Room FCU တွေ ကို အများအားဖြင့် Lower Level Local-Loop Control နဲ့ ထိန်းနိုင်ပါတယ်။ Single Set point ထားပြီး actuator နဲ့ ပဲ အတိုးအလျှော့ လုပ်ပေးပြီး ထိန်းတာပါ။ (ဥပမာ။ ။ Chilled Water FCU ရဲ့ Supply Air Temperature ကို ထိန်းဘို့ Chilled Water Control Motorized Valve ကို လိုအပ်သလို အဖွင့်အပိတ် လုပ်ပေးခိုင်းတာ မျိုးပါ။)
        • Upper Control Level ဖြစ်တဲ့ Supervisory (or Remote) Control ကတော့ လိုအပ်သလို set points ပြောင်းတာ၊ အချိန်အလိုက် အလုပ်လုပ်စေမဲ့ time-dependent modes of operation ထားတာ, Control Optimization လုပ်တာ နဲ့ Data Acquisition လို့ခေါ်တဲ့ အချက်အလက် တွေ စုဆောင်း တာတွေ ကို ပါရနိုင်ပါတယ်။

      • Control (and/or) Monitor ?
        • Control (and/or) Monitor ဘယ်လို လုပ်ချင်တာလဲ။
        • Remote On/Off Control လိုအပ်သလား၊ လိုအပ်ရင် On/Off နဲ့တင် လုံလောက်သလား၊ ဒါမှမဟုတ် ဘယ်လောက် အဆင့်အထိ ထိန်းချုပ်ဘို့ လိုအပ်သလဲ။ ဒီလို Control လုပ်ဘို့ အနည်းဆုံး ဘယ် Data တွေ လိုအပ်သလဲ။ နောက်ထပ် ဘယ် Data တွေ ကို လိုချင်သေးလဲ။
        • Monitor ဆိုရင်လည်း အနည်းဆုံး ဘယ် Data တွေ ကို လိုချင်တာလဲ။ ဘာ Status တွေ ကို Monitor လုပ်ချင်တာလဲ။ In Operation လည်နေ မနေ (On/Off Status) ကိုသိချင်သလား။ အခြားဘယ် Operating parameter တွေရဲ့ အခြေအနေ ကိုသိချင်သလဲ။ Alarm ဆိုရင် Specific လား ဒါမှမဟုတ် General လား။ (ဥပမာ။ ။ Water Pumps အတွက် Water Tank Empty, Water Tank Overflow, Pump Trip, No Flow တစ်ခုချင်းစီ ကို BAS ကနေ သိချင်သလား၊ ဒါဆိုရင် 4 points လိုမယ်။ ဒါမှမဟုတ် ဒီလေးခုထဲ က ဘယ် Alarm ပဲဖြစ်ဖြစ် General Alarm ကို Trigger လုပ်ပေးမယ် ဆိုရင်တော့ 1 point ပဲလိုမယ် စသည်ဖြင့်ပါ။)

      • Control Optimization:
        • Control Optimization လိုချင်သလား။ လိုချင်ရင် Static Optimization နဲ့ Dynamic Optimization နှစ်ခုထဲက ဘယ်အမျိုးအစား ကို လိုချင်တာလဲ။

      • စသည်ဖြင့် လားပေါင်း၊ လဲပေါင်း များစွာ ကို အဖြေရှာရပါတယ်။
      • ဒီအခြေခံ တွေ ကို ရပြီဆိုရင်တော့ ပိုပြီး အသေးစိတ် သတ်မှတ်ဘို့ အများအားဖြင့် BAS specialist နဲ့ လည်း သေသေချာချာ ဆွေးနွေး ညှိနှိုင်း ရပါတယ်။
      • Energy Efficiency လိုချင်လို့ Optimization လုပ်တဲ့ အခါ Sensor တွေ Controller တွေ အများကြီး ထပ်တတ် ရတတ်ပါတယ်။ တစ်ခါတစ်ရံ ပေါ့စေချင်လို့ ကြောင်ဆေးထိုး၊ ဆေးအတွက်လေး ဆိုတာ လို ငွေလည်းပိုကုန်၊ Energy ပိုစား တာလည်း ဖြစ်တတ် ပါသေးတယ်။


    - Back to Top -

  3. Control Fundamentals
    1. Terminology
    2. Feedback-Control Example
    3. Type of Control Action
    4. Control Components
      1. Controlled Devices
      2. Sensors
      3. Controllers

    5. Communication Networks for BAS
    6. Specifying DDC System




    1. Terminology
      Control Systems မှာသုံးတဲ့ Terminology အချို့ ကို ASHRAE Handbook ကနေ ကောက်နုတ် ဖော်ပြ ပေးထားပါတယ်။
      • A closed loop or feedback control measures actual changes in the controlled variable and actuates the controlled device to bring about a change. The corrective action may continue until the variable is brought to a desired value within the design limitations of the controller. Every closed loop must contain a sensor, a controller, and a controlled device.
      • The sensor measures the controlled variable and transmits to the controller a signal (pneumatic, electric, or electronic) having a pressure, voltage, or current value related by a known function to the value of the variable being measured.
      • The controller compares this value (the sensor's signal) with the desired set point and regulates an output signals to the controlled device for corrective action. A controller can be hardware or software. A hardware controller is an analog device (e.g., thermostat, humidistat, pressure control) that continuously receives and acts on data. A software controller is a digital device (e.g., digital algorithm) that receives and acts on data on a sample-rate basis.
      • The controlled device is typically a valve, damper, heating element, or variable-speed drive. It is the component of a control loop used to vary the input (controlled variable).
      • The set point is the desired value of the controlled variable. The controller seeks to maintain this set point. The controlled device reacts to signals from the controller to vary the control agent.
      • The control agent is the medium manipulated by the controlled device. It may be air or gas flowing through a damper; gas, steam, or water flowing through a valve; or an electric current.
      • The process is the HVAC apparatus being controlled, such as a coil, fan, or humidifier. It reacts to the control agents output and effects the change in the controlled variable.
      • The controlled variable is the temperature, humidity, pressure, or other condition being controlled.



    2. Feedback-Control Example
      • Closed Loop Or Feedback Control တိုင်းမှာ sensor, controller နဲ့ controlled device ဆိုတဲ့ Basic Elements သုံးခု က မရှိမဖြစ် ပါဝင်ရပါတယ်။ နမူနာ တစ်ခု အနေနဲ့ ရိုးရိုးရှင်းရှင်း Simple Heating Coil Control ကို အောက်မှာ ဖော်ပြ ပေးထားပါတယ်။


      • ပထမ Sensor က Controlled Variable ကို Sense လုပ်ပါတယ်။ ဒီနမူနာ မှာ Controlled Variable က Duct ထဲက လေရဲ့ အပူချိန် Air Temperature ဖြစ်ပါတယ်။
      • Controller က ဒီ Measured Value ကို လိုချင်တဲ့ (ချိန်ထားတဲ့) Setpoint နဲ့ နှိုင်းယှဉ်ကြည့်ပါတယ်။ ဒီ နမူနာ မှာ ဆိုရင် Measured Temperature ကို လိုချင်တဲ့ (ချိန်ထားတဲ့) Setpoint Temperature နဲ့ နှိုင်းယှဉ်ကြည့်ပါတယ်။
      • ဒီ Setpoint နဲ့ တိုင်းလို့ရတဲ့ Temperature နှစ်ခု ကွာခြားချက် difference ကို Error လို့ခေါ်ပါတယ်။
      • ဒီ Error ပေါ်မူတည်ပြီး Controller က သူ့ရဲ့ Output Signal ကို တွက်ချက် ပြီး ထုတ်ပေးပါတယ်။ ဒီ နမူနာ မှာတော့ Output က Controlled Device ဖြစ်တဲ့ valve ကို modulate (ထိန်းချုပ်) ပြီး steam flow ကိုထိန်းချုပ်ခြင်း ဖြင့် ထွက်လာတဲ့ Air Temperature ကို ပြောင်းလဲ စေပါတယ်။ ဒီနည်း နဲ့ လိုချင်တဲ့ Air Temperature ရအောင် Control လုပ်ယူရတာ ဖြစ်ပါတယ်။
      • ဒီ Control Loop ကို အောက်မှာ နမူနာ ပြထားတဲ့ Block Diagram နဲ့ ပြသ လို့ရပါတယ်။ ( Matlab နဲ့ Simulink လို့ခေါ်တဲ့ Software မှာ ဒီလို Block Diagram မျိုး တွေ ဒီဇိုင်း လုပ်ပြီး Simulation လုပ် လို့ ရတာ မှတ်မိပါတယ်။ )

      • ဒီ လို လိုချင်တဲ့ အခြေအနေ ကို ရအောင် ထိန်းချုပ်တာ က ချက်ခြင်း ပြောင်းတာ မျိုးမဟုတ်ပါဘူး။ Time Lag လို့ ခေါ်တဲ့ အချိန် နောက်ကျ တာ ရှိပါတယ်။ Modulate လုပ်ဘို့ လည်း အချိန်လိုပါတယ်။ Controlled Variable ရဲ့ တန်ဘိုးပြောင်း ဘို့လည်း အချိန်ယူရပါတယ်။ Sensor တွေ ကလည်း Controlled Variable ပြောင်းပြောင်းချင်း Response ရတာ မဟုတ်ပြန်ပါဘူး။ ဒါကြောင့် Control Loop Performance တွေ က ဒီ Time Lag တွေ ပေါ် အများကြီး မှီပါတယ်။ ဒီဇိုင်း လုပ်တဲ့ အခါ ဒီ Time Lag တွေ ဖြစ်တဲ့ Sensor Response Time, Dead Time, Time Constant, First Order Lag စတဲ့ အခြေအနေ တွေ ကို ထည့်သွင်း စဉ်းစားပေးရပါတယ်။


    3. Type of Control Action
      1. Two-Position Action (Action related to Binary Output)
        • ဖွင့်တာ ပိတ်တာ ကို Controlled Variable ရဲ့ Input ကိုမူတည် ပြီး Controller Differential တစ်ခု ကို သတ်မှတ် ရပါတယ်။ ဥပမာ အခန်းရဲ့ Temperature ကို Control လုပ်ဘို့ FCU ရဲ့ Cooling Coil ကို အဖွင့် အပိတ် နဲ့ ထိန်းမယ် ဆိုရင် Temperature က Low Temperature ထိရင် Valve ကို ပိတ်မယ်။ High Temperature ကို ထိရင် Valve ကို ဖွင့်မယ် စသည်ဖြင့်ပါ။ သူ့ရဲ့ သဘာဝ ကို အောက်မှာ ဖော်ပြပေးထား ပါတယ်။



      2. Modulating Control (Action related to Analog Output)
        • Modulating Control မှာ Controller's Output က သူ့ entire range အတွင်း လိုအပ်သလို ပြောင်းလဲနိုင်ပါတယ်။ သုံးလေ့ရှိတဲ့ Term အချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။
          • Throttling Range : Controller က Controlled Device ရဲ့ အနည်းဆုံး နေရာ နဲ့ အများဆုံး နေရာ နှစ်ခု ကြားကို ရွှေ့ပေး နိုင်ဘို့ လိုအပ်တဲ့ Controlled Variable ထဲမှာ ပြောင်းဘို့ လိုအပ်တဲ့ အတိုင်းအတာ ကို ခေါ်တာ ဖြစ်ပါတယ်။ ဥပမာ Temperature ကို ±5 ºC အတွင်း ထိန်းမယ်၊ +5 ºC ဆိုရင် Valve 100% open, -5% ဆိုရင် Valve လုံးလုံး closed ဆိုရင် Temperature ပြောင်းရင် Valve က 100% ပြောင်းပါတယ်။ ဒီ 10 ºC ကို Throttling Range လို့ခေါ်ပါတယ်။
          • Control Pointဆိုတာက တော့ Instrument က Control လုပ်နေတဲ့ Controlled Variable ရဲ့ တကဲ့ တန်ဘိုး actual value ဖြစ်ပါတယ်။ ဒါက System Load အပြောင်းအလဲ နဲ့ အခြား variables တွေ ပေါ်မူတည် ပြီး Controller ရဲ့ Throttling Rangeအတွင်းမှာ ပြောင်းလဲ နေရတာ ဖြစ်ပါတယ်။
          • Offsetဆိုတာကတော့ set point နဲ့ actual control point ကြား ကွာနေတဲ့ error ကို ခေါ်တာ ဖြစ်ပါတယ်။ Sensor တွေမှာ လည်း တကယ့်တန်ဘိုး နဲ့ Signal ကြားမှာ ကွာခြားချက် ရှိနိုင်ပါတယ်။ ဒါကို လည်း Offset လို့ခေါ်ပါတယ်။

        • သုံးလေ့ရှိတဲ့ Modulating Control တွေ ကတော့
          1. Proportional Control
          2. Proportional-integral (PI) Control
          3. ProportionalIntegralDerivative controller (PID controller)
          4. Adaptive Control
          5. Fuzzy Logic

        • Proportional Control မှာ error ကိုပဲ အခြေခံ ပြီး Output ကို အပြောင်းအလဲ လုပ်ပေးနိုင်ပါတယ်။ PI နဲ့ PID Control ကတော့ အချိန်နှစ်ခု ကြားပြောင်းတဲ့ နှုန်း ကိုပါ ထည့်သွင်း စဉ်းစား ထားပေးပါတယ်။
        • Building Automation မှာ သုံးလေ့ရှိတာ က Proportional Control နဲ့ Proportional-integral (PI) Control တွေပါ။
        • Adaptive Control ဆိုတာကတော့ Process ရဲ့ Dynamic Characteristics ပြောင်းလဲမှု ပေါ်မူတည် ပြီး Controller က Parameter တွေ ကို adjusts (ညှိ) ပေးပါတယ်။
        • Fuzzy Logic ဆိုတာကတော့ အခြေအနေ တစ်ခု မှာ human operator ဘယ်လို response လုပ်မှာလဲ ဆိုတဲ့ "if-then" rules တွေ ကိုသတ်မှတ်ပြီး ထိန်းတာပါ။

      3. Combinations of Two-Position and Modulating
        • အချို့ Control Loop တွေ မှာတော့ Two-Position Components သုံးပြီး Modulating response နီးပါးရအောင် လုပ်ယူနိုင်တာ တွေ့ရပါတယ်။
          • Timed Two-Position Control
          • Floating Control
          • Incremental Control
          ဒီနည်း နဲ့ ထိန်းတဲ့ အခါ Modulating Valve နီးပါးရတယ် ဆိုပေမဲ့ ထိန်းရတာ က နဲနဲခက်ပါတယ်။ Chilled Water သုံးရတဲ့ စနစ်မှာ ဒီလို Valve ဖွင့်ပိတ်လုပ်တဲ့ အခါ Temperature Control မှာ မဆိုးလှပေမဲ့ Humidity Control ကတော့ ခက်ပါတယ်။


    4. Control Components
      1. Controlled Devices
        • Valve/Damper တွေမှာရှိတဲ့ Flow Characteristics တွေကို အထိုက်အလျောက် သိဘို့ ကြိုးစားသင့်ပါတယ်။ Opening Percentage နဲ့ Flowrate က Linearly တိုက်ရိုက် အချိုးကျ ဖြစ်လေ့မရှိလို့ပါ။ ဖွင့်တာ အနှေးအမြန် ကို လိုက်ပြီးလည်း ပြောင်းနိုင်ပါသေးတယ်။ Controlled Devices တွေရွေးချယ်တဲ့ အခါ အဖွင့်အပိတ် အနှေးအမြန် (Stroke Time), ရေရှည်သုံးဘို့ ယုံကြည် စိတ်ချရ မချရ နဲ့ အခြား Parameter တွေကို ကိုယ်သုံးမဲ့ application နဲ့ သင့်တော်မတော် နှိုင်းချိန် ကြည့်သင့်ပါတယ်။ သုံးမဲ့ Controller နဲ့ ကိုက်ညီ (Compatible) ဖြစ်ဘို့လည်း လိုအပ်ပါတယ်။ Status Feedback ပေးနိုင်တဲ့ Controlled Devices တွေ က ပိုပြီး ကုန်ကျ ပေမဲ့ Controller အထွက်နဲ့ တကဲ့ အခြေအနေ ကို ပေးနိုင်တာမို့ အရေးကြီး တဲ့ Application မှာ သုံးသင့်ပါတယ်။
        • အသေးစိတ် ကို လိုအပ်တဲ့ အခါ စာဖတ်သူ ကိုယ်တိုင် ရှာဖွေလေ့လာ စေချင်ပါတယ်။


      2. Sensors
        Sensor တွေ ရွေးချယ်တဲ့ အခါ စဉ်းစားရမဲ့ အချက်တွေ ကတော့
        • Operating range of controlled variable- သုံးမဲ့ အခြေအနေ နဲ့ ကိုက်ညီတဲ့ သင့်တော်တဲ့ Signal ကိုထုတ်ပေးနိုင်ရပါမယ်။ အနီးစပ်ဆုံး Range ကိုရွေးချယ်ဘို့ လိုအပ်ပါတယ်။
        • Compatibility of controller inputController လက်ခံနိုင်တဲ့ electronic signal ကို ထုတ်ပေး နိုင်ရပါမယ်။ ဥပမာ ပြောရရင် industry standard signal တွေဖြစ်တဲ့ 4 to 20 mA or 0 to 10 V (dc) လိုမျိုးပါ။
        • Accuracy and repeatability- အချို့ Control Applications တွေမှာ controlled variable က လိုချင်တဲ့ desired set point အနားမှာ ကပ်နေတတ်ပါတယ်။ [ ဥပမာ Temperature ± 1.1 ºC (± 2 ºF) RH ± 5% ဆိုတာမျိုးပါ။] ဒီအခြေအနေ မှာ သူ့ထက် တိကျတဲ့ Accuracy လိုလာပါတယ်။ Temperature Sensor က အနည်းဆုံး ± 0.5 ºC လောက်မှ မရနိုင်ရင် Temperature Control ± 1.1 ºC လုပ်ဘို့ မဖြစ်နိုင်ပါဘူး။ ဒီလိုပဲ RH Control ± 5% ရဘို့ ဆိုရင် Sensor Accuracy က ± 2% လောက်အတွင်း ဖြစ်နေဘို့ လိုအပ်ပါတယ်။ Sensor Accuracy က လည်း အမြဲတန်း ငြိမ်နေတာ လည်း မဟုတ်ပါဘူး (အထူးသဖြင့် Humidity Sensor)။ ဒါကြောင့် လိုအပ်သလို re-calibrate လုပ်ဘို့လည်း လိုအပ် တတ်ပါသေးတယ်။ Sensor Accuracy က အရမ်းကောင်း နေရင်တောင်မှ အောက်မှာပေးထားတဲ့ အချက်လေးချက် က တစ်ချက်ချက် နဲ့ ညိရင် Set point ကိုထိန်းထားဘို့ မလွယ်ပါဘူး။
          1. the controller is unable to resolve the input signal,
          2. the controlled device cannot be positioned accurately,
          3. the controlled device exhibits excessive hysteresis, or
          4. disturbances drive its system faster than the controls can regulate it.
        • Sensor response time- sensor/transducer တွေနဲ့ သက်ဆိုင်တဲ့ response curve က controlled variable ပြောင်းတာနဲ့လိုက်ပြီး Sensor Output ဘယ်လိုပြောင်းတယ် ဆိုတာ ကို ပြပါတယ်။ Process ရဲ့ Time Constant က နည်းတယ်ဆိုရင် Fast response time ရှိတဲ့ sensor ကိုသုံးရပါမယ်။
        • Control agent properties and characteristicsSensor ထည့်ထားရမဲ့ နေရာ က Control Agent (လေ၊ ရေ၊ Fluid စသည်။) က Sensor ကို စား (corroded) ပျက်စီးစေမယ်။ ဒါမှ မဟုတ် Sensor ရဲ့ performance ကိုလျော့ကျစေမယ် ဆိုရင် ဒီ Control Agent နဲ့ တိုက်ရိုက် မထိလို့ ရတဲ့ ရွေးချယ်စရာ (သို့) ဒါဏ်ခံနိုင်တဲ့ အခြား Sensor ကိုရွေးချယ်ရပါလိမ့်မယ်။
        • Ambient environment characteristicsပတ်ဝန်းကျင် အခြေအနေ တွေ (ဥပမာ Temperature & Humidity အပြောင်းအလဲ) က Sensor ရဲ့ accuracy ကို မထိခိုက်စေဘို့ သတိပြုရပါမယ်။ ဒီလိုပါပဲ အခြား ဓာတ်ငွေ့ နဲ့ Chemical တွေ၊ electromagnetic interference (EMI) တွေ ကလည်း Sensor ကို Degrade ဖြစ်စေ၊ ထိခိုက် ပျက်စီး စေနိုင် ပါသေးတယ်။ ဒီလို အခြေအနေ ကို ကာကွယ်ဘို့ လိုအပ်ရင် Special Sensor or transducer housing ကိုအသုံးပြုနိုင်ပါတယ်။

      3. Controllers
        1. DDC (Direct Digital Control)
          • BAS မှာ အဓိက အသုံးများတာ ကတော့ DDC ပါ။ DDC မှာ Microprocessors နဲ့ Firmware/Software ပါဝင်တဲ့ MicroComputer ပါဝင်ပြီး control logic ကို ဆောင်ရွက် ပေးနိုင်ပါတယ်။ သူ က Digital / Analog Input တွေကို လက်ခံ နိုင်သလို ဒီအချက်အလက် တွေကို Operator သွင်းထားတဲ့ Set point နဲ့ အခြား အချက်အလက် တွေနဲ့ နှိုင်းယှဉ် တွက်ချက်ပြီး သင့်တော်တဲ့ Digital / Analog Output ကိုလည်း ထုတ်ပေးနိုင် ပါတယ်။
          • ပြီးတော့ DDC အားလုံးနီးပါး က Programmable ပါ။ လိုချင်တဲ့ Control Programming ကို Notebook Computer (သို့) Handheld Units မှာ ဒီဇိုင်းလုပ် ပြီး Controller ထဲကို Download လုပ်နိုင်ပါတယ်။
          • DDC တွေကို Stand-alone ပဲဖြစ်ဖြစ်၊ အခြား BAS system တွေနဲ့ network သုံးပြီး integrate လုပ်လို့ပဲ ဖြစ်ဖြစ် သုံးနိုင်ပါတယ်။ DDC ရဲ့ Advantages တွေကတော့၊
            • Control Sequence / Equipment တွေ ကို Hardware မှာပြောင်းစရာ မလိုပဲ Software ထဲမှာတင် ပြောင်းလို့ရခြင်း။
            • Demand Setback, reset, data logging, diagnostics နဲ့ time-clock integration စတဲ့ features တွေ ကို ဈေး သက်သက်သာသာ နဲ့ Controller ထဲကို ထည့်သွင်း ပေးနိုင်ခြင်း။
            • တိကျတဲ့ (Precise & Accurate Control) ကိုရနိုင်ခြင်း။ (Sensor ရဲ့ Resolution နဲ့ Analog to Digital, Digital to Analog Conversion Process တွေရဲ့ Limit ကိုမှီတာက လွဲရင်ပေါ့လေ။) PID နဲ့ အခြား Control Algorithm တွေကို Mathematically Implement လုပ်နိုင်ပါတယ်။
            • open network သုံးလို့ပဲ ဖြစ်ဖြစ် proprietary (မူပိုင်) နဲ့ပဲဖြစ်ဖြစ် Control တွေအချင်းချင်း ဆက်သွယ် Communicate လုပ်နိုင် ခြင်း။
            • ထိန်းချင်တဲ့ Setpoint, Limits, Alarm Setting, Delay, Schedule တွေ ကို Controller Memory ထဲ တစ်ခါထည့်ထားရင် နောက်ထပ် တမင်တကာ မပြင်မချင်း (သို့) Controller မပျက်မချင်း မပျောက်မပျက် ရှိနေနိုင် ခြင်း။ (အချို့ Memory တွေ က တော့ Power Supply မရှိရင် ရက်ပိုင်းပဲ ခံတာ ဖြစ်နိုင်ပါတယ်။ အများစု ကတော့ Memory ထဲ မှာ ရေရှည် မပျက်မစီး တည်ရှိနေနိုင်ပါတယ်။)
          • HVAC System ရဲ့ Control အများစု က DDC control ဖြစ်ပါတယ်။

        2. Electric/Electronic Controllers

        3. Pneumatic Receiver-Controllers
          • Pneumatic ဆိုတာကတော့ Compressed Air ကိုသုံးတဲ့ Controller တွေပါ။ အသေးစိတ် ကို တော့ ဒီနေရာ မှာ မဖေါ်ပြတော့ပါဘူး။

        4. Thermostats
          • Thermostat ဆိုတာကတော့ အများသိကြတဲ့ အတိုင်း control နဲ့ Sensing functions နှစ်ခု ပေါင်းထားတဲ့ Device တစ်ခုပါ။ အများအားဖြင့် micro-processor based ဖြစ်ပြီး သူ့ဟာသူ အလုပ်လုပ်နိုင်ပါတယ်။ အသေးစိတ် ကို တော့ မဖေါ်ပြတော့ပါဘူး။


    5. Communication Networks for BAS
      1. Communication Protocol
        • Integrated Building Management System လုပ်တော့မယ် ဆိုရင် အဓိက ခေါင်းခဲရလေ့ ရှိတာ ကတော့ Communication protocol ပါ။
        • System တစ်ခု နဲ့ တစ်ခု ကောင်းကောင်း ဆက်သွယ်နိုင်ဘို့ အတွက် protocol တစ်ခုကို ဘာသာစကား တစ်ခု အနေနဲ့ သုံးရပါတယ်။ ခက်တာက manufacturer အများစု က သူတို့ကိုယ်ပိုင် proprietary protocol ကို သုံးချင်ကြပါတယ်။ အများဘုံသုံး open standards တွေကလည်း DeviceNet, SOAP, XML, BACnet, LonWorks and Modbus စသည်ဖြင့် အများကြီး ရှိနေပြန်ပါတယ်။ Proprietary ကနေ Open Standard ကို ပြောင်းပေးနိုင်တဲ့ Hardware (or) Software Module တွေ ရှိပေမဲ့ 100% စိတ်ချရတယ် လို့ မဆိုနိုင် သေးပါဘူး။ ASHRAE Handbook ထဲမှာတော့ Protocol ကို classes သုံးခု ခွဲထားပါတယ်။
          1. Standard protocol. Published and controlled by a standards body.
          2. Public protocol. Published but controlled by a private organization.
          3. Private protocol. Unpublished; use and specification controlled by a private organization. Examples include the proprietary communications used by many building automation devices.
        • ဒါကြောင့် Integrated Building Management System လုပ်တော့မယ် ဆိုရင် သတိထားရမှာ က ဘယ် Standard Protocol ကိုသုံးမှာလဲ ဆိုတာ ဖြစ်ပါတယ်။ အထူးသဖြင့် existing building တွေကို retrofit လုပ်ရတော့မယ့် အခြေအနေ မှာ Existing Control System အကြောင်း သိဘို့ လိုအပ်ပါတယ်။

      2. Network Structure
        • BAS Network အများစု က Computer Network Technology ကိုသုံးစွဲနေကြပြီ ဖြစ်ပါတယ်။ IT backbone နဲ့ Communication Protocol တွေ ကို သုံးပြီး Communication လုပ်တာပါ။ Wired ရော Wireless Technology ရော စုံအောင် သုံးနိုင်ပြီ ဖြစ်ပါတယ်။ Communication Task တွေမှာ ပါဝင်နိုင်တာ ကတော့။
          • Data Exchange : အချက်အလက် တွေ ဖလှယ်တာ
          • Alarms and Events: ဘယ်စနစ်၊ ဘယ်နေရာ မှားနေလဲ ဆိုတာ သတင်းပေးဘို့၊ နဲ့ အခြားအခြေအနေ တွေ။
          • Schedule : Equipment တွေကို ဘယ်အချိန်၊ ဘယ်လို အစီအစဉ် နဲ့ run မယ် ဆိုတာ ကို စီမံခန့်ခွဲ နိုင်ဘို့
          • Trends : Data တွေ အချိန်ကာလ တစ်ခု အတွင်း ဘယ်လို ပြောင်းသွားလဲ ဆိုတာ သိဘို့ မှတ်ထားတဲ့ Data History ကို Trend လို့ခေါ်တာပါ။
          • Network Management : Network diagnostic and Maintenance functions, data access, security functions, etc.


    6. Specifying DDC Systems
      • DDC installation အောင်အောင် မြင်မြင် ရရှိဘို့ အတွက် Customer ရဲ့ လိုအပ်ချက် ကို ဖြည့်ဆီး နိုင်မဲ့ ရှင်းလင်း ပြတ်သားစွာ ဖော်ပြထားတဲ့ specification လိုအပ်ပါတယ်။ Specification မှာ ပါဝင်ရမှာ တွေ ကတော့။
        • Descriptions of the products desired, or of the performance and features expected
        • Needed points (Points Schedule) or data objects should be listed
        • A control schematic shows the layout of each system to be controlled, including instrumentation and input/output objects and any hard-wired interlocks.
        • A sequence of operation should be provided for each system.
        ပိုပြီး အသေးစိတ် သိချင်ရင်တော့ ASHRAE Guideline 13. ASHRAE (2005) ကိုလေ့လာပါ။


    - Back to Top -

  4. Control Examples
    • နောက် လာမဲ့ Post တွေ မှာ တစ်ခုချင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
    • ရေးသားပေး ထားပြီးတာ တွေ ကတော့
      1. Chilled Water Fan Coil Units

    - Back to Top -

  5. References
    1. "Fundamental of Control", Chapter 7, ASHRAE Handbook: Fundamentals, 2009.
    2. "Design and Applications of Controls", Chapter 46, ASHRAE Handbook: HVAC Applications, 2007.
    3. "Controls", Chapter 10, Air-Conditioning Systems Design Manual, ASHRAE, 1993.

    4. Standard Protocols
      1. Lonworks by Lonmark International [ http://www.lonmark.org/ ]
      2. BACnet by ASHRAE [ http://www.bacnet.org/ ]
      3. Modbus [ http://www.modbus.org/ ]
      4. DeviceNetTM by ODVA [ http://www.odva.org/ ]
      5. SOAP ( Simple Object Access Protoco) by W3 [ http://www.w3.org/TR/soap/ ]
      6. XML by W3 [ http://www.w3.org/2004/02/XML-Protocol-Charter ]


    5. BAS System Providers
      1. Siemens [ http://www.automation.siemens.com/_en/portal/index.htm ]
      2. Honeywell [ http://acscorp.honeywell.com/Pages/default.aspx ]
      3. Johnson Controls [ http://www.johnsoncontrols.com/ ]
      4. Yamatake [ http://www.yamatake.com/ ]
      5. Trend Controls
        [ http://chawlwin.blogspot.com/2009/09/ http:/www.trend-controls.com ]

      6. TAC [ http://www.tac.com/ ]
      7. Trane [ http://www.trane.com/COMMERCIAL/Controls/Default.aspx?i=875 ]


    6. Electronic Controllers
      1. Omron Industrial Automation : Floatless Level Controllers
        [ http://www.omron-ap.com/product_info/61F/index.asp ]


    7. Wiki References
      1. Automatic Control
        [ http://en.wikipedia.org/wiki/Automatic_control ]

      2. Building Automation
        [ http://en.wikipedia.org/wiki/Building_Automation ]

      3. Control Theory [ http://en.wikipedia.org/wiki/Control_theory ]
      4. SCDA (Supervisory Control And Data Acquisition)
        [ http://en.wikipedia.org/wiki/SCADA ]

      5. Proportional Control
        [ http://en.wikipedia.org/wiki/Proportional_control ]

      6. PI Controller
        [ http://en.wikipedia.org/wiki/PI_controller ]

      7. PID Loop [ http://en.wikipedia.org/wiki/PID_loop ]
      8. Digital Control
        [ http://en.wikipedia.org/wiki/Digital_control ]

      9. DDC (Direct Digital Control)
        [ http://en.wikipedia.org/wiki/Direct_Digital_Control ]

      10. Fuzzy Control System
        [ http://en.wikipedia.org/wiki/Fuzzy_control_system ]

      11. Adaptive Control [ http://en.wikipedia.org/wiki/Adaptive_control ]
      12. Variable Frequency Drive
        [ http://en.wikipedia.org/wiki/Variable_frequency_drive ]

      13. Lux [ http://en.wikipedia.org/wiki/Lux ]
      14. http://en.wikipedia.org/wiki/Thermistor[ http://en.wikipedia.org/wiki/Thermistor ]


ဆက်ဖတ်ရန်>>>