Monday, June 7

M&E vs Space Planning (နေရာ လျာထားသတ်မှတ်ခြင်း)


M&E Systems တွေရဲ့ နေရာ အကျယ်အဝန်း လိုအပ်ချက် ဟာ အသုံးပြုမဲ့သူတွေ (ဝါ) နေထိုင်သူတွေ၊ ဒေသရဲ့ရာသီဥတု အခြေအနေ၊ လူနေမှု အဆင့်အတန်း၊ အဆောက်အအုံ ရဲ့ အဆင့်အတန်း နဲ့ Architectural Design (ဗိသုကာ ဒီဇိုင်းတွေ) ပေါ် မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။
ဒီလိုအပ်ချက်တွေ ဟာ GFA (Gross Floor Area: စုစုပေါင်း နေရာ အကျယ်အဝန်း ဧရိယာ) , footprint (အဆောက်အအုံ ရဲ့ မြေညီထပ် မှာ ရှိတဲ့ အရွယ်အစား နဲ့ ပုံစံ)၊ floor to floor height (အထပ် တစ်ခုစီ ရဲ့ အမြင့်)၊ Geometry အချိုးအစား နဲ့ Architectural Expression တွေပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။
Space Planning Phase မှာထဲက M&E space (လိုအပ်တဲ့ နေရာတွေ) ကို မျှမျှတတ ကြိုတင်လျာထား သတ်မှတ်ထား နိုင်ခဲ့မယ် ဆိုရင် လိုအပ်တဲ့ အရွယ်အစား နဲ့ သင့်တော်တဲ့ နေရာ ရစေနိုင်ပါတယ်။ နေရာ လိုအပ်ချက် စီစဉ်လျာထား တဲ့ Space Planing for M&E systems ဟာ Architectural Design Process မှာ အခက်ခဲဆုံးဖြစ် စိန်ခေါ်မှု တစ်ရပ် ဖြစ်ပေမဲ့ တိုးတက်မှု သိပ်မရှိသေး တဲ့ လုပ်ငန်းစဉ် တစ်ခုပါ။
အဆောက်အအုံ အကြီးစားတွေ မှာ သုံးလေ့ရှိ တဲ့ Central Equipments ( ပင်မ စက်ပစ္စည်းတွေ၊ ကိရိယာတွေ။) ဟာပုံမှန် အားဖြင့် ကြီးလည်းကြီး၊ မြင့်လည်းမြင့်လေ့ရှိပါတယ်။ ဒါတွေတပ်ဆင်ထားရှိ ဘို့ရာ အခန်းတွေ၊ နေရာတွေ မှာ မျက်နှာကျက် အမြင့်က ပုံမှန် အထပ်တွေ ထက် တစ်ဆခွဲ နှစ်ဆ လောက် ပိုမြင့်ဘို့ လိုအပ်ပါတယ်။

ပုံစံပြထားတဲ့ Chiller နဲ့ Pump တွေအတွက် အခန်းဟာ 8.35m (၂၇ ပေ ကျော်) အမြင့် ဆိုတော့ ပုံမှန်ထက် နှစ်ဆလောက် တောင်မက တဲ့ လိုအပ်ချက်ပါ။ Chiller Plant ထဲမှာ Chiller အတွက် သာမက Condenser/Chilled Water Pipe Header တွေ၊ Pumps တွေအတွက် လုံလောက် မျှတ တဲ့နေရာတွေ လိုအပ်ပါတယ်။ ဒီနေရာ မှာ လိုအပ်တဲ့ Structural Support တွေ၊ Logistic Path ပစ္စည်းတွေ သယ်ယူတပ်ဆင် ဘို့၊ လဲလှယ်ဘို့ တွေ အတွက် လမ်းကြောင်း၊ ပိုက်တွေ၊ Electrical Control Panel တွေ၊ Pump တွေ စနစ်တကျ ထားသို နိုင်ဘို့၊ Operating & Maintenance (လည်ပတ်ဘို့၊ ပြုပြင် ထိန်းသိမ်းထားနိုင်ဘို့) အစရှိ သဖြင့် .. လိုအပ်တဲ့နေရာ တွေကို ကြိုတင် လျာထား သတ်မှတ်ထား ရမှာဖြစ်ပါတယ်။
Commercial Building တွေမှာ ရှိတဲ့ Ductwork တွေ lighting နဲ့ Wiring တွေ run ဘို့ ကလည်း ခက်ခဲ ရှုပ်ထွေးပြီး Ceiling Void Space 600mm to 900mm (ပျမ်းမျှ ၂ ပေ ၃ ပေ လောက်) လိုအပ် ပါတယ်။ Ceiling Cavity ထဲမှာ Beam (ရက်မ၊ ထုပ်) တွေ ပါလာ တာမို့ ဒါတွေကို လည်း ထည့်သွင်းစဉ်းစားရ မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုက်အမျိုးမျိုး ( HVAC ပိုက်၊ ရေသန့်ပိုက်၊ ရေဆိုးပိုက် ၊ မီးသတ် Sprinkler ပိုက်၊ စသည် . ) ဟာလည်း ပဲရှိနေ တတ်ပါသေးတယ်။ ဒီပိုက်တွေ အတွက်လည်း နေရာ လိုတာပါပဲ။ တစ်ချို့နေရာ တွေမှာ Beam ကိုဖောက်သွားခွင့် ရနိုင်တာမို့ Ceiling Void Space လိုအပ်ချက် ကိုအထိုက်အလျောက် လျှော့ချနိုင်မှာပါ။ ဒီလို Beam ကို ဖောက်သွားခွင့် ရဘို့ကလည်း ကန့်သတ်ချက်တွေက များပါတယ်။ Structural Strength ကိုလုံးဝ ထိလို့ မရပါဘူး။ ဥပမာ ပြောရရင် ပထမ ဒီလို Penetration ဖောက်တာကို လက်ခံနိုင်တဲ့ Beam ဖြစ်ရမယ်။ Pre-stressed Beam လိုအထိ မခံတဲ့ Beam ဖြစ်လို့မရဘူး။ နောက့် Beam ရဲ့ အလယ် 1/3 အတွင်းမှာပဲဖြစ်ရမယ် (ဒါက Stress နည်းတဲ့ Neutral Axis နဲ့ နီးတဲ့နေရာ ကို ဆိုလိုပါတယ်။ ဒီအတွင်းမှာ ဝင်ဆန့်လောက်အောင် တဲ့အရွယ်ဖြစ်ရမယ်ပေါ့)။ ဒါ့အပြင် Penetration တစ်ခုနဲ့ တစ်ခု ကြားအနည်းဆုံး 2D (2 x Diameter Gap or 3xDia Center to Center) ကွာရမယ်၊ Column (or) Beam Joint ကနေအနည်းဆုံး ဘယ်လောက်ကွာရမယ်၊ စသည်စသည် ပေါ့လေ။ ဒီနေရာမှာ M&E Pipe တွေကို Center-to-Center 3D နဲ့သာ ဆင်ရရင် ကျဲတောက်တောက် နဲ့ အရုပ်ဆိုး ရုံသာမက Support လုပ်ရလည်း ခက်တာ မမေ့ပါနဲ့။
အရင်က Post တွေမှာ M&E System တွေရဲ့ ရှုပ်ထွေးမှု ကိုတင်ပြ ခဲ့တာဟာ ဒီ System တွေက Overall Planning ကို ဘယ်လောက်အထိ အကျိုး သက်ရောက်မှု ရှိမှာလဲ ဆိုတာ သတိပြုမိစေချင် လို့ပါ။ Conceptual Planning နဲ့ Budgetary Purpose မှာ သုံးဘို့ရာ နေရာ ဧရိယာ တွေကို စိတ်ကူး ခန့်မှန်းရာ နိုင်ဘို့ အကြမ်းဖျင်း လိုအပ်ချက် တွေကို အောက်က Table မှာ စာရင်းလုပ်ပေး ထားပါတယ်။

Table ၁.၄.၁. M&E Floor Area လိုအပ်ချက် အမျိုးမျိုး
အသုံးပြုမှု (Type of Occupancy)% of Gross Building Area
နည်း လတ် များ
ကွန်ပြူတာ စင်တာများ၂၀၃၀
ကုန်တိုက် (ကုန်ပဒေသာဆိုင်)များ
ဆေးရုံများ၁၀ ၁၅
အဆောင်၊ ဘော်ဒါဆောင်များ၁၀
ရုံးခန်းများ
သုတေသန Laboratories များ
၁၀၁၅
လူနေအိမ် (မိသားစု)


အထပ်မြင့် တိုက်ခန်းများ
စတိုးဆိုင်၊ လက်လီဆိုင်များ
မူလတန်း ကျောင်းများ


အလယ်တန်း ကျောင်း

တက္ကသိုလ်၊ ကောလိပ် များ*


* စာသင်ကျောင်း ဆောင်များ အတွက်သာ ဖြစ်ပါသည်။ အခြား Laboratories လက်တွေ့ ခန်းများ၊ ကွန်ပြူတာ စင်တာ၊ ဘော်ဒါဆောင်များ ကိုသက်ဆိုင်ရာ နာမည်နှင့် ကြည့်ပါ။

လိုအပ်ချက်တွေ ဟာ အမျိုးမျိုး နဲ့ သိပ်ယေဘုယျဆန် ပေမဲ့လို့ အစတစ်ခု အနေနဲ့ တော့ ကောင်းကောင်း အထောက်အကူ ပြုပါလိမ့်မယ်။ ပြီးမှ အဆောက်အအုံ ရဲ့အသေးစိတ် လိုအပ်ချက်တွေ ပိုသိလာတဲ့အခါမှာ တကယ့် လိုအပ်ချက်တွေ ပေါ် မူတည်ပြီး ပြင်သင့်တာလေး ပြင်၊ စံနစ်တကျလေး ဖြစ်အောင်လုပ်၊ ပိုပြီး ရှင်းလင်းအောင် မွမ်းမံ ရပါတယ်။
လိုအပ်ချက်တွေ အကွဲကွဲ အပြားပြား ဖြစ်နေ ရခြင်း ရဲ့ အခြေခံ အကြောင်းရင်း တစ်ခု ကတော့ Centralized Systems တွေသုံးတာနဲ့ Decentralized Systems သုံးတာ ရဲ့ ကွာခြားချက်ပါ။ ဥပမာ Window Type (or) Split Type FCU (Air-Con Fan Coil Unit), တွေ Cooling အတွက် Window Type (or) Split Type FCU (Air-Con Fan Coil Unit), ကိုသုံးမယ်၊ Heating & Cooling အတွက် Unitary Window (or) Through-the-wall Heat Pumps တွေကို သုံးရင် ပင်မ စက်ခန်း သုံးစရာ မလိုပါဘူး။ ဒါပေမဲ့ အသံ ပိုဆူညံပါတယ်။ အပြင်ပန်း ကလည်း သိပ်လှပတာ မဟုတ်ပါဘူး။ ပြီးတော့ Less Energy Efficient မို့ စွမ်းအင်လည်း ပိုကုန်ပါတယ်။
ဒါကြောင့် အဆင့်မြင့် အဆောက်အအုံ တွေမှာ နေရာလိုအပ်ချက်တွေ ပိုများနေတာတောင် Central System အမျိုးမျိုး ကိုပဲ အသုံးပြု နေကြတာပါ။

Typical Space Planning Considerations for M&E Equipments
  1. General (for all equipments)
    • Maintenance Passageways, Catwalks ပြုပြင်ထိန်းသိမ်း တဲ့ အခါ သုံးဘို့ လမ်းကြောင်း၊
    • Maintenance Access Space ပြုပြင် ထိန်းသိမ်း မှု လုပ်ဘို့ အတွက် လုံလောက် တဲ့ နေရာ။
    • Logistic: Equipment Move-In / Move-Out Space စက်ပစ္စည်း တွေရွှေ့ဘို့ ၊ အထဲကို သွင်းဘို့၊ ပြင်စရာ ရှိရင် အပြင်ကို ထုတ်ဘို့ လိုရင် ထုတ်နိုင်ဘို့ နေရာ။
    • Access to Control Components (Valves, Actuator, etc.)

  2. Water Tanks ရေလှောင်ကန် များ
    • Space for Access Manhole Openings (min 3ft (or) 900mm. Clear) ကန် အပေါ်က Manhole (လူဝင်ပေါက်) ကိုသွားနိုင်ဘို့ အတွက် အနည်းဆုံး ၃ပေ၊
    • For Panel Tanks: Parameter Maintenance Access (2 ft (or) 600mm Net min.), and Bottom of the Tank (2 ft (or) 600mm Net min.) Panel Tanks: တွေ တပ်ဆင်ဘို့ နဲ့ ပြုပြင်ထိန်းသိမ်း နိုင်ဘို့အတွက် ဘေးပတ်ပတ်လည် မှာ အလွတ် သက်သက် အနည်းဆုံး ၂-ပေ စီ။


    • Actual Active Height (တကယ်ရနိုင်တဲ့ ရေထုထည် ကိုတွက်ဘို့ အမြင့်) ကို စဉ်းစားတဲ့ အခါ ရေမျက်နှာပြင် အပေါ်မှာ ရေဘက်မပြန်အောင် (ရေဝင်ပေါက် ထဲ ရေပြန် မစီးအောင်) Free board Requirements (to prevent back flow to incoming က 600mm (၂ပေ ခန့်) နဲ့ အောက်ဘက်မှာ Gravity Tank ဆိုရင် အနည်းဆုံး 75mm (၃ လက်မ)လောက်Pump Suction Tank ဆိုရင် အနည်းဆုံး 300mm (၁-ပေ)လောက် ထည့်သွင်း စဉ်းစား ပေးဘို့ လိုပါတယ်။ Fire Tank ဆိုရင် ဒီထက်ပိုနိုင်တာမို့ ၂ခုပေါင်း 1000mm (၃-ပေ ၄-လက်မ)လောက် ထည့်စဉ်းစားပေးဘို့လိုပါတယ်။
    • တကယ်လို့ Manhole (လူဝင်ပေါက်) ကဘေးဘက်မှာ ထားရမယ်ဆိုရင် Manhole အရွယ်ကို 750mm(၂-ပေခွဲ) x 750mm (၂-ပေခွဲ) လောက်ထားရပါမယ်။ 600mm(၂-ပေ) x 600mm (၂-ပေ) ဆိုရင် အဝင်အထွက် အလွန်ခက် လို့ပါ။ ဒီအခါ Freeboard လိုအပ်ချက်က 1,200mm (၄-ပေ) လောက်ဖြစ်သွားပါလိမ့်မယ်။

  3. Pumps
    • Access Passageway (for Maintenance and Overhaul / Repair)
    • Access for Control Components (Valves, see pressure gauge etc.)

  4. Chillers
    • Chillers တွေ အတွက် လိုအပ်တဲ့ နေရာ သတ်မှတ်တဲ့ အခါ အဓိက သိသင့်တာက တော့ Manufacturer s Recommended Maintenance Space ပါ။ Water-Cooled ထက်စာရင် Air-Cooled ရဲ့အရွယ်အစား က အများကြီး ပိုကြီးပါတယ်။
    • Water-Cooled Chiller အတွက်နေရာ လိုအပ်ချက် ကို အောက်မှာ နမူနာ ပြထားပါတယ်။ ဒီနမူနာ ကို မှီငြမ်းထားတာ ကတော့ Trane Brand ပါ။ ဒီနမူနာ ကို Trane EarthWise™ CenTraVac™ Chillers Catalogue မှာ Download လုပ် နိုင်ပါတယ်။
    • Chiller ရဲ့ဘေး ပတ်ပတ်လည် လိုအပ်ချက်တွေ ။
      1. အပေါ်က ပုံမှာ Chiller ရဲ့ဘေး ပတ်ပတ်လည် မှာ လိုအပ်ချက်တွေ ကိုပြထားပါတယ်။ ဒီနေရာ မှာ Unit Mount Starter အတွက် ထည့်မစဉ်းစားရသေးပါဘူး။ Unit Mount Starter လိုအပ်ရင် သူ့ရဲ့ အရွယ်အစား ကိုပါ ထည့်သွင်းစဉ်းစား ပေးရမှာ ဖြစ်ပါတယ်။
      2. CL1 က Tube Pull Clearance အတွက် လိုအပ်ချက် ဖြစ်ပြီး Chiller ရဲ့ အစွန် တစ်ဘက်ဘက် (Either End Of The Machine) မှာ ထားပေးရမှာ ဖြစ်ပါတယ်။ ပုံမှာ ဖော်ပြထားတာ စကေးကိုက် မဟုတ်တဲ့ အတွက် ခပ်နည်းနည်း လေးပဲ လို့ မထင် စေချင်ပါ ဘူး။ သူ့အတွက် လိုအပ်ချက် က Chiller ရဲ့ Length (အရှည်) ထက် ၆လက်မ (300mm) လောက်တောင် ပိုနိုင် ပါသေးတယ်။
      3. CL2 ကတော့ CL1 အတွက်မဟုတ်တဲ့ အခြားတစ်ဖက် အတွက် လိုအပ်တာ ဖြစ်ပြီး Service လုပ်ဘို့အတွက် လိုအပ်ချက်ဖြစ်ပါတယ်။


    • Chiller ရဲ့ အပေါ် အောက် လိုအပ်ချက်တွေ ။
      1. Chiller ရဲ့ အပေါ်မှာ Clearance -ပေ (914mm) လောက်ထားသင့် ပါတယ်။ (ပိုက်တွေ၊ Support တွေ ကို ဒီ နေရာ အတွင်း မထားသင့်ပါဘူး)။
      2. အောက်ဘက်မှာတော့ Plinth အတွက် နဲ့ Vibration Isolator လိုအပ်ရင် နောက်ထပ် ၆ -လက်မ (150mm) လောက် လျာထား ထားရမှာ ဖြစ်ပါတယ်။

    • Chiller Plant ထဲမှာ Chiller အတွက် သာမက Condenser/Chilled Water Pipe Header တွေ၊ Pumps တွေအတွက် လုံလောက် မျှတ တဲ့နေရာတွေ လိုအပ်ပါတယ်။
    • ဒီနေရာ မှာ လိုအပ်တဲ့ Structural Support တွေ၊ Logistic Path ပစ္စည်းတွေ သယ်ယူတပ်ဆင် ဘို့၊ လဲလှယ်ဘို့ တွေ အတွက် လမ်းကြောင်း၊ ပိုက်တွေ၊ Electrical Control Panel တွေ၊ Pump တွေ စနစ်တကျ ထားသို နိုင်ဘို့၊ Operating & Maintenance (လည်ပတ်ဘို့၊ ပြုပြင် ထိန်းသိမ်းထားနိုင်ဘို့) တွေကိုပါ စဉ်းစားရ မှာ ဖြစ်ပါတယ်။
    • Air-Cooled Chiller တွေက တော့ အရွယ်အစား ကြီးရုံမက အပြင်ဘက် လွတ်လွတ်လပ်လပ် လေမှုတ်ထုတ် နိုင်တဲ့၊ လေသွား လေလာ ကောင်းတဲ့ နေရာ ကို ရွေးရပါမယ်။ ဒီနေရာ မှာ Water-Cooled Chiller လိုလိုအပ် ချက်တွေ အပြင် Hot Air Short Circuit လေပူတွေ ပြန် လည်မနေစေဘို့ နေရာစီစဉ် ရမှာမို့ သတိထား စဉ်းစား စေချင် ပါတယ်။

  5. Cooling Towers
    • အခြား HVAC equipments တွေမှာ လိုအပ်တဲ့ Capacity နှဲ့ Specification တူပြီး Brand / Model မတူရင် အရွယ်အစား ကွာခြားမှု ရှိတယ်ဆိုပေမဲ့ Cooling Towers တွေ လောက် လိုအပ်ချက် ကွာခြားမှု ရှိမယ်မထင်ပါဘူး။ ဒါကြောင့် Cooling Towers တွေအတွက် နေရာ လျာထားတဲ့ အခါ အရမ်း ဂရုစိုက် ရပါလိမ့်မယ်။
      1. အမျိုးအစား၊ (Open/Close, Counter-Flow/Cross Flow)
      2. ဒီဇိုင်း (Cylinder / Rectangular Cube)
      3. လိုအပ်ချက်၊ (Specifications, Condenser Water Temperatures)
      4. ရာသီဥတု (Outdoor Conditions)
      5. Brand / Model: Brand တူရင် တောင် မှ Model မတူရင် နေရာလိုအပ်ချက်မတူပါဘူး။
    • ဘယ် Cooling Tower ပဲဖြစ်ဖြစ် လိုအပ်တဲ့ လေ လွတ်လွတ်လပ်လပ် စုတ်ယူ နိုင်ဘို့ နဲ့ လွတ်လွတ်လပ်လပ် မှုတ်ထုတ် နိုင်ဘို့ လိုအပ်တဲ့ နေရာ နဲ့ အစီအစဉ် လိုအပ်ပါတယ်။
      1. လေပူတွေ Short Circuit မဖြစ်ဘို့
      2. အပေါ်၊အောက်၊ဘေး ပတ်ပတ်လည် မှာ Manufacturer's Recommended Spaces (ထုတ်လုပ်သူ တွေ သတ်မှတ် ပေးထားတဲ့ လိုအပ်တဲ့ နေရာ) တွေ၊ Clearances တွေရဘို့။
      3. တစ်ခု နဲ့ တစ်ခုကြားမှာ လိုအပ်တဲ့ Clearances တွေရဘို့။ Obstruction တွေမရှိဘို့
      ဒီအချက် တွေက Architects တွေရဲ့လိုအပ်ချက် နဲ့ ထိတ်တိုက် တွေ့နေကြ အချက်တွေ ဖြစ်ပါတယ်။ Architects တွေ ကလည်း အရင် Projects တွေမှာ သူတို့ ကို လိုက်လျောဘူး တဲ့ သူတွေ ရှိခဲ့ဘူးရင် ဖင်ထောင် ငြင်းဘို့ ကျိုးစား ပါလိမ့်မယ်။ Cooling Tower ရဲ့ Performance က Chiller Plant ရဲ့ Performance ကို တိုက်ရိုက် ထိခိုက် မှာ မို့ လိုအပ်ချက်တွေ ကို Architects နဲ့ Client တွေကို နားလည်အောင် Professionally ရှင်းပြ သင့်ပါတယ်။ နားအေးပြီးရော လုပ်တဲ့ အကျင့်မလုပ်စေ ချင်ပါဘူး။ မဟုတ်ရင် အရမ်းစိတ် တဲ့ Louvers တွေ Trellis တွေ နဲ့ အလုံပိတ် ထားတာ ခံရ ပြီး Cooling Tower ကို အလုံပိတ်ပစ်လို့ Chiller Plant အလုပ် ကောင်းကောင်း မလုပ်ဖြစ် ပါလိမ့်မယ်။
      Louvers & Trellis တွေပါလာရင် Architects ဆီက Opening Ratio ကိုတောင်းပြီး Manufacturer နဲ့ ပြန်ညှိပါ။ ကိုယ့် ဖာသာ ဆုံးဖြတ်ချက် မချပါနဲ့။ Manufacturer နဲ့ ညှိဘို့ လိုတယ် ပြောတာ Professional Reply ပါ။ ရှက်စရာ မလိုပါဘူး။
    • ဒါတွေအပြင် Piping Headers, Connection Spaces and Chemical Treatment Equipments Space တွေကိုပါထည့် လျာထားထားပါ။

  6. Condensing Units
    • Obstruction Clearance
    • Space between adjacent units
    • Piping Connection Spaces and Chemical Treatment Equipments Space

  7. Boiler Plant and Chimney Flue
    • Boiler ခန်းအတွက် လိုအပ်တဲ့ နေရာတွေ အမိုးအထိ တက်ရမဲ့ Flue အတွက် ပြဿနာတွေ…

  8. AHU
    • Piping & Ducting Connection Spaces
    • Maintenance Access: min. 600mm Clear All round
    • Repair / Replace for Filters, Fan Motor, Coil etc.
    • Location: Ceiling Void ပေါ်မှာ ထားမယ် ဆိုရင် တော့ အသည်းအသန် ကန့်ကွက် သင့်ပါတယ်။ အထူးသဖြင့် လူတွေ နေထိုင်အသုံးပြု မဲ့ နေရာ တွေက Ceiling Void ကို ရှောင်ရပါမယ်။ ရှောင် လို့မရတဲ့ အဆုံးမှာ ရေယိုရင် ကာကွယ်ဘို့ Secondary Drain Pans သက်တောင့် သက်သာ Maintenance လုပ်နိုင်ဘို့ Access Panel, Ladders and Catwalks တွေကို မရမက တောင်းဆို ရပါလိမ့်မယ်။
    • Accessible Space for all control components
    • Accessible Space between AHU and Air Intake Louvers

  9. Electrical Control Panels / Motor Control Centers
    • Maintenance Access (1200mm in front)
    • Cabling/ Wiring Access (may require back access, if require 750mm clear)

No comments: