Monday, June 7

ကုန်ကျစရိတ် ပေါ်အကျိုးသက်ရောက် မှု (The Impact on Construction Cost)

  • အဆောက်အအုံ မြင့်လာတာ နဲ့ အမျှ၊ Equipment တွေကို Hoisting လုပ်ဘို့၊ Material တွေ အပေါ်ထပ်ကို သယ်တင်ဘို့ရာ ပိုလည်းကြာ၊ စီစဉ်ရတာက လည်း ပိုလို့ ရှုတ်ထွေး လာလေလေ ဖြစ်ပါတယ်။
  • ဆောက်လုပ်ရေး အလုပ်သမား အများစုဟာလည်း အပေါ်ရောက်ဘို့ ပြန်ဆင်းဘို့ နဲ့ တစ်နေကုန် အပေါ်ထပ်တွေမှာပဲ နေပြီး အလုပ်လုပ် နေရတာမို့ လုပ်ငန်းလည်း သိပ်မတွင်ပါဘူး။ Structural နဲ့ M&E Systems တွေကလည်း ပိုပြီး ရှုတ်ထွေး ပါတယ်။ ဆောက်လုပ်ရေး နည်းပညာတွေ လည်း ခြားနား ပါတယ်။
  • ၁၀ ထပ် ထက် ပိုမြင့်တဲ့ အဆောက်အအုံ တွေ ရဲ့ Cost / Floor Area ကိုကြည့်မယ် ဆိုရင် ငါးထပ် တိုးတိုင်း၊ တိုးလာတဲ့ အထပ်တွေရဲ့ ကုန်ကျစရိတ် ဟာ ၁၀% ကနေ ၁၅% လောက်အထိ ပိုပိုတိုးလာတာ တွေ့ရပါလိမ့်မယ်။
  • အထပ်မြင့် လာတာနဲ့ ကုန်ကျစရိတ် အမျိုးမျိုး ပိုတက်လာ မှာဖြစ်ပါတယ်။ မြေနေရာ အနေအထား၊ ပစ္စည်းပစ္စယ ကိုင်တွယ်ထိန်းသိမ်း မှု၊ Architectural Details နဲ့ ကျွမ်းကျင်လုပ်သား တွေ ၊ ကန်ထရိုက်တာ တွေရဲ့ အထပ်မြင့် အဆောက်အအုံ လုပ်ငန်းအတွေ့အကြုံ တွေ အစရှိတဲ့ လိုအပ်မှု အတိုင်းအတာ တွေကလည်း ကုန်ကျစရိတ် မြင့်စေတဲ့ အကြောင်းအရာ တွေ ပါပဲ။

  1. M&E System တွေရဲ့ ဆောက်လုပ်ရေး ကုန်ကျစရိတ်
    • အဆောက်အအုံ ရဲ့ အမျိုးအစား၊ နိုင်ငံ ရဲ့လူနေမှု အဆင့်အတန်း၊ Architectural Design နဲ့ ရွေးချယ်တဲ့ M&E systems ကို မူတည်ပြီး ကုန်ကျစရိတ် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
    • အချို့နိုင်ငံတွေ မှာ ဒေသအလိုက် Construction Costs Manual ကုန်ကျစရိတ် ကို အလွယ်တကူ ခန့်မှန်း နိုင်ဘို့ အတွက် လက်စွဲ စာအုပ် ကို ဝယ်ယူရရှိ နိုင်ပါတယ်။ Quantity Surveyor Company တွေ မှာလည်း Projects အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး အတွက် ကုန်ကျစရိတ် Benchmark တွေ ရှိလေ့ရှိပါတယ်။
    • ဒီနေရာ မှာ ကုန်ကျစရိတ် တွေ အကြောင်း ကို အသေးစိတ် ပြောမှာ မဟုတ်ပဲ MEP Systems တွေ ရဲ့ ကုန်ကျ စရိတ် ကို အဆောက်အအုံ တစ်ခု လုံးရဲ့ ကုန်ကျစရိတ် နဲ့ နှိုင်းယှဉ် နိုင်ဘို့ နမူနာ ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
    • Fully Air-conditioned လုပ်ထားတဲ့ High Quality Building တွေရဲ့ ကုန်ကျစရိတ် ရာနှုန်းကို အောက်က ဇယားမှာ ဖေါ်ပြ ထားပါတယ်။ ဒီရာနှုန်း တွေဟာ အကြမ်းအားဖြင့် မှီငြမ်းဘို့သာ ဖြစ်ပြီး ဒီဇိုင်းလုပ်ရင်း နဲ့ ကုန်ကျစရိတ် တွေကို ဆက်လက်စိစစ် ပြုပြင်ဘို့ ဖြစ်ပါတယ်။
    • Table ၁.၆.၁. M&E Floor Area လိုအပ်ချက် အမျိုးမျိုး
      အသုံးပြုမှု
      (Type of Occupancy)
      စုစုပေါင်း ကုန်ကျစရိတ် ၏ ရာနှုန်း
      နည်း လတ် များ
      ကွန်ပြူတာ စင်တာများ၃၀၄၅၆၀
      ကုန်တိုက် (ကုန်ပဒေသာဆိုင်ကြီး)များ ၂၀
      ၂၅၃၀
      ဆေးရုံများ (Research) ၃၀၄၀၅၀
      ဆေးရုံများ (Clinical)၂၀၃၀၃၅
      အဆောင်၊ ဘော်ဒါဆောင်များ ၁၅
      ၂၀
      ၂၅
      ဟိုတယ် (တည်းခို၊ နေထိုင်ရန်) ၂၀
      ၃၀၃၅
      ဟိုတယ် (Convention ညီလာခံ) ၂၅
      ၃၅
      ၄၀
      ရုံးခန်းများ (အထွေထွေ) ၂၀
      ၂၅ ၃၅
      ရုံးခန်းများ (High-Tech) ၂၅
      ၃၅
      ၄၅
      သုတေသန Laboratories များ ၃၀
      ၄၀၅၀
      လူနေအိမ် (မိသားစု) ၁၀
      ၁၅၂၀
      အထပ်မြင့် တိုက်ခန်းများ ၁၅
      ၂၀၂၅
      စတိုးဆိုင်၊ လက်လီဆိုင်များ (လုံးချင်း) ၁၀၂၀၂၅
      စတိုးဆိုင်၊ လက်လီဆိုင်များ(ကုန်ပဒေသာဆိုင်) ၂၀၂၅၃၀
      မူလတန်း ကျောင်းများ ၁၅
      ၂၀ ၃၀
      အလယ်တန်း ကျောင်း ၁၅၂၅၃၅
      တက္ကသိုလ်၊ ကောလိပ် များ* ၂၀
      ၃၀၄၀
      * စာသင်ကျောင်း ဆောင်များ အတွက်သာ ဖြစ်ပါသည်။ အခြား Laboratories လက်တွေ့ ခန်းများ၊ ကွန်ပြူတာ စင်တာ၊ ဘော်ဒါဆောင်များ ကိုသက်ဆိုင်ရာ နာမည်နှင့် ကြည့်ပါ။

No comments: