Monday, June 7

USA: EIT (Engineer-In-Training) and FE Exam


U.S မှာ ရောက်နေပြီး အင်ဂျင်နီယာ အနေနဲ့ အလုပ်လုပ်ချင် တဲ့ သူတွေ၊ လိုင်စင်ရ Professional Engineer (P.E) ဖြစ်ချင်တဲ့ သူတွေအတွက် ပထမ အဆင့် လိုအပ်တာ ကတော့ EIT (Engineer-In-Training) အလုပ်သင် အင်ဂျင်နီယာ ဖြစ်ပါတယ်။
EIT ဖြစ်ပြီ ဆိုတာ နဲ့ အလုပ်အကိုင် အခွင့်အရေး တော်တော် ပွင့်သွားပါပြီ။ EIT ဖြစ်ဘို့ အတွက် လိုအပ်ချက်တွေကတော့
  1. File the Application, Pay the Stated Filing Fee: သက်ဆိုင်ရာ State Licensing Board မှာ ကျသင့်တဲ့ လျှောက်လွှာကြေး နဲ့အတူ Application Form ကို တင်ရမှာ ဖြစ်ပါတယ်။ ဒါမှ FE Exam ကို ဖြေဆိုခွင့် ရနိုင်မှာပါ။
  2. သတ်မှတ်ပေးတဲ့ 8-hour written Fundamentals of Engineering (FE) Examination (၈ - နာရီ ရေးဖြေမေးခွန်း) ကိုဖြေဆို အောင်မြင် ရမှာ ဖြစ်ပါတယ်။ (အသေးစိတ် နောက်မှာ ဆက်လက်ဖော်ပြပေးပါမယ်။)
NCEES Website (http://www.ncees.org/) မှာသွားပြီး State Licensing boards’ WebSite Links ကိုရယူ နိုင်ပါတယ်။ National Council of Examiners for Engineering and Surveying (NCEES) ဆိုတာက တော့ တစ်နိုင်ငံ လုံးအတွက် ဒီမေးခွန်းတွေ ကို ပြင်ဆင်ပေးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

How to Apply (How to File the Application)
FE Exam ကို ဖြေဆိုခွင့် ရဘို့ အတွက် သက်ဆိုင်ရာ State Licensing Board မှာ Application Form တင်ရမှာ ဖြစ်ပါတယ်။ State တစ်ခုနဲ့ တစ်ခု လိုအပ်ချက် မတူပါဘူး။ ဒါကြောင့် လိုအပ်ချက်တွေ ကို အရင်စုံစမ်း ထားဘို့ လိုအပ်ပါတယ်။ အခြေခံ လိုအပ်ချက် တွေကတော့
  1. General အထွေထွေ လိုအပ်ချက် များ။
    1. Citizenship / State Residency : State Board ပေါ် မူတည်ပါတယ်။ တချို့ State Board တွေက အမေရိကန် နိုင်ငံသား (သို့) တရားဝင် Permanent Residents (Green Card Holders) ဖြစ်ဘို့လိုအပ် ပေမဲ့ တချို့ State Board တွေက တော့ အမေရိကန် နိုင်ငံသား ဖြစ်ဘို့တို့ State Residency ဖြစ်ဘို့တို့ ဆိုတဲ့ လိုအပ်ချက်တွေ မရှိပါဘူး။ ဒါပေမဲ့ social security number (SSN) (သို့မဟုတ်) individual taxpayer identification number (ITIN) တွေပေးရဘို့ တော့ လိုအပ်လေ့ရှိပါတယ်။ SSN က US Citizens တွေနဲ့ Permanent Residents (Green Card Holders) တွေမှာ ပဲ ရှိတာပါ။ ITIN ကလည်း US မှာတရားဝင် အလုပ်လုပ် ပြီး အခွန်ပေးဆောင် ဘူးမှသာ ရနိုင်တာပါ။ ဒီနံပါတ် တစ်ခုခု မရှိပဲ လျှောက်လွှာ တင်နိုင်ဘို့က တော့ မလွယ်ပါဘူး။

  2. Examination Requirements စာမေးပွဲ ဝင်ခွင့် အတွက် လိုအပ်ချက် များ။
    1. Graduation: ABET Degree; ABET ဆိုတာက တော့ Accreditation Board for Engineering and Technology ကို ဆိုလိုတာဖြစ်ပြီး Engineering and Technology Curricula တွေကို US နိုင်ငံတစ်ဝှမ်း လုံးက တရားဝင် အသိအမှတ်ပြုထား တဲ့ The Nationally Recognized Accrediting Organization တစ်ခုဖြစ်ပါတယ်။ ဒီ ABET accredited engineering program ကို အမေရိက က US နဲ့ Canada က ကျောင်း တစ်ချို့ မှာပဲရနိုင် တာမို့ အာရှမှာ ဘွဲ့ရခဲ့ တဲ့ မြန်မာ အင်ဂျင်နီယာ တွေ အနေနဲ့ ဒီလိုအပ်ချက် ကိုဖြည့်နိုင်မှာ တော့ မဟုတ်ပါဘူး။ အချို့ State Board တွေကလည်း ABET မဟုတ်တဲ့ ဘွဲ့တွေ ကို သူတို့ အသိအမှတ် ပြုထားတဲ့ Evaluator တွေဆီမှာ Evaluation လုပ်ပေးဘို့ လိုအပ်တာ လည်းရှိပါတယ်။ သက်ဆိုင်ရာ State Board မှာ သေချာစုံစမ်းပါ။
    2. Engineering Work Experience : State licensing board တော်တော်များများ က အခြားနိုင်ငံတွေ ကနေ Non-ABET Engineering and Technology Curricula တွေ နဲ့ ဘွဲ့ရခဲ့တဲ့ အင်ဂျင်နီယာတွေ၊ ဒါမှမဟုတ် လုံလောက်တဲ့ engineering work experiences တွေရှိခဲ့ တဲ့သူတွေ ဆိုရင် လည်း ဖြေဆိုခွင့် ပေးတတ်ပါတယ်။
    3. စာရိတ္တ ပိုင်း နဲ့ပတ်သက်ပြီး လည်း ကန့်သတ်ချက် အချို့ ပါဝင်နိုင်ပါတယ်။ ဥပမာ
      • be of good moral character အကျင့် စာရိတ္တ ကောင်းမွန်ရမည်။
      • Never have been convicted of a crime substantially related to the practice of engineering ဒါကတော့ Practice of Engineering နဲ့ ဆက်နွယ်တဲ့ ပြစ်မှု တစ်ခုခု ကို ကျူးလွန်ခဲ့ဘူးသူ မဟုတ်
      စသည်ဖြင့် ကန့်သတ်ထားတာ မျိုးတွေပါ။

  3. Examination Scope
    အောက်မှာ မေးခွန်းပုံစံကို အကြမ်းဖြင်း ရှင်းပြထားပါတယ်။

    Exam Composition
    Session Duration No. of Questions Points Remark
    /EachTotal
    မနက်ပိုင်း Morning Session 4h 120 1 point 120 General: One-Point Multiple Choice Questions
    ညနေပိုင်း Evening Session 4h 60 2 points120 Depth: General, Chemical, Civil, Electrical, Environmental, Mechanical, or Industrial Engineering.
    စုစုပေါင်း 8h - - 240-

    • မနက်ပိုင်းက တော့ EIT candidates အားလုံးဖြေရ မှာ က General မေးခွန်း တွေပါ။ ကိုယ်ရတဲ့ မေးခွန်း ရဲ့ Serial No. ကိုလိုက် လို့ အမေး အဖြေ ကွဲကောင်း ကွဲနိုင်ပေ မဲ့ ပါဝင်တဲ့ အခြေခံ တွေကတော့ အတူတူပါပဲ။ ပါဝင်တဲ့ အကြောင်းအရာ တွေကတော့
      1. Mathematics
      2. Engineering Probability and Statistics
      3. Chemistry
      4. Computers
      5. Ethics and Business Practices
      6. Engineering Economics
      7. Engineering Mechanics (Statics and Dynamics)
      8. Strength of Materials
      9. Material Properties
      10. Fluid Mechanics
      11. Electricity and Magnetism
      12. Thermodynamics

    • ညနေပိုင်း မေးခွန်းမှာ တော့ General, Chemical, Civil, Electrical, Environmental, Mechanical, or Industrial Engineering စသည်ဖြင့် ပါဝင် ပြီး နှစ်သက်ရာ Section ကို ရွေးချယ် ဖြေဆို နိုင်ပါတယ်။
    • မေးခွန်းပုံစံ တွေက အချိန် နဲ့ လိုက်ပြီး အပြောင်းအလဲ ရှိနိုင်တာ မို့ FE Exam Specifications လိုအပ်ချက် တွေကို မေးခွန်း ထုတ်သူ ဖြစ်တဲ့ NCEES Website (http://www.ncees.org/) မှာသွားပြီး စေ့စေ့စပ်စပ် ကြည့်၊ ပြီးတော့ သေသေချာချာ ပြန်လည် စစ်ဆေး ပါ။
    • စာမေးပွဲ က closed-book examinations ဖြစ်ပြီး စာမေးပွဲ ဝင်ခွင့် အတွက် လိုအပ်တဲ့ စာရွက်က လွဲလို့ တခြာ စာအုပ်၊ စာရွက်စာတမ်း သာမက ရေးစရာ ခဲတံတောင် မှ မယူရပါဘူး။ ပေတံ တစ်ချောင်း နဲ့ သူတို့ သတ်မှတ်ထားတဲ့ Calculators တွေတော့ ယူလို့ ရပါတယ်။ စာမေးပွဲ မှာသုံးဘို့ Mechanical Pencil တစ်ချောင်း ပေးပါလိမ့်မယ်။ ခဲတံ မကောင်းရင် ပဲဖြစ်ဖြစ်၊ ခဲဆန် ထပ် လိုအပ်ရင် ပဲဖြစ်ဖြစ်၊ ထပ်တောင်း နိုင်ပါတယ်။ Mechanical Pencil ကို မနက်ပိုင်း အပြီး အခန်းထဲမှာ ပဲထားခဲ့ ရပေမဲ့ ညနေပိုင်း ဖြေပြီးရင် အပိုင်ယူသွား နိုင်ပါတယ်လို့ အသိပေးထားပါတယ်။
    • စာမေးပွဲ မှာ သုံးခွင့် ရှိတဲ့ Calculator Brand / Model တွေကို လည်း သေချာ သတ်မှတ်ထား ပါတယ်။ သေသေချာချာ စစ်ဆေးပါ။ Brand ရော Model ရော နှစ်ခုလုံး ကိုက်ညီမှ သာယူခွင့် ရှိပါတယ်။ သတ်မှတ်ချက် တွေ နဲ့ ကိုက်ညီတဲ့ အပို Calculator ကိုလည်း ယူသွား နိုင်ပါတယ်။
    • မှီငြမ်းစရာ အနေနဲ့ FE Supplied-Reference Handbook ကိုပေးပါ လိမ့်မယ်။ အဲဒီ စာအုပ် ပေါ်မှာ ရေးခြစ် မှတ်သားခွင့် လုံးဝ မရှိပါဘူး။ ရေးခြစ်တာ ကို တွေ့သွားခဲ့ရင် စာမေးပွဲခန်း ထဲက ထုတ်ပစ်နိုင် လောက်အောင် အပြစ်ကြီးတယ် လို့ ဆိုပါတယ်။ ဒီစာအုပ် ကို NCEES Website မှာ Free Download ရယူ နိုင်ပါတယ်။
    • လက်ရှိ မေးခွန်းတွေ ကတော့ Multi-Choice Questions တွေဖြစ်ပြီး မှားဖြေမိလို့ အမှတ်မလျှော့ တာမို့ Blank Answer ဗလာ မထားခဲ့ ပါနဲ့။
    • ညနေပိုင်း မေးခွန်းမှာ General, Chemical, Civil, Electrical, Environmental, Mechanical, or Industrial Engineering စသည်ဖြင့် ပါဝင် ပြီး နှစ်သက်ရာ Section ကို ရွေးချယ် ဖြေဆို နိုင်ပါတယ် လို့ ပြောခဲ့ပါတယ်။ EIT မှာ Discipline သတ်မှတ်ချက် မပါတာမို့ ဘယ်သူမဆို နှစ်သက်ရာ Section ကို ရွေးချယ် ဖြေဆိုခွင့် ရှိလေ့ ရှိပါတယ်။ ဥပမာ ပြောရရင် Environmental Engineer က Mechanical ကိုဖြေ နိုင်လို့ ဖြေခဲ့ပြီး စာမေးပွဲ အောင်ရင် EIT ဖြစ်တာပါပဲ။ PE Exam အတွက် EIT ဖြစ်ဘို့သာ လိုအပ်တာမို့ ဘာမှ ထူးခြားပြီး အကျိုးသက်ရောက် မှု မရှိပါဘူး လို့ ဆိုပါတယ်။
      ဒါကြောင့် ညနေပိုင်း မှာလည်း General ကိုပဲ ဖြေရင် စာတစ်မျိုး ထဲပဲ ကြည့်ရတာ ဘို့လိုမယ် လို့ သူငယ်ချင်း တစ်ယောက် က ကျနော့် ကို သတိပေး ခဲ့ပါတယ်။ ကျနော့် ကိုယ်တိုင် ကတော့ ညနေပိုင်းကို Mechanical ကိုပဲ ဖြေဘို့ ပြင်ဆင်ထား ခဲ့တာပါ။ ကိုယ်တိုင် ကလည်း စာနဲ့ အဆက် သိပ်မပြတ် သေးတာရယ်၊ Mechanical ကို အားသန် တာရယ် ကြောင့်ပါ။ ဒါပေမဲ့ Mechanical Section ကို စဖြေပြီး မိနစ် ၂၀ လောက် အထိ ၄ ပုဒ်ပဲ ပြီးလို့ General Section ကိုသွားကြည့် မြန်မယ် ထင်တာ နဲ့ General ကို ပြောင်းဖြေ ခဲ့ပါတယ်။ မိနစ် ၂၀ ဆုံးရှုံး ခဲ့ပေမဲ့ အချိန်မီ အေးအေး ဆေးဆေး ပဲ ဖြေနိုင် ခဲ့ပါတယ်။ Mechanical မေးခွန်းတိုင်းက အတွက်အချက် များလို့ အချိန် ပိုကြာမယ် လို့ထင်ပါတယ်။ ကျနော့် အမြင် ကိုပဲ ပြောတာပါ။
      ဘယ်ဟာ ကိုရွေး ဖြေသင့်လဲ ဆိုတာတော့ ကိုယ့်ဖာသာ ဆုံးဖြတ်ကြပါ။
    • စာမေးပွဲ လိုအပ်ချက် တွေက လည်း အပြောင်းအလဲ ရှိနိုင် တာမို့ လိုအပ်ချက် တွေကို မေးခွန်း ထုတ်သူ ဖြစ်တဲ့ NCEES Website (http://www.ncees.org/) မှာ ရော သက်ဆိုင်ရာ Board ကိုပါ သွားပြီး စေ့စေ့စပ်စပ် ကြည့်၊ ပြီးတော့ သေသေချာချာ ပြန်လည် စစ်ဆေး ပါ။

  4. Examination Dates
    • Fundamentals of Engineering (FE) စာမေးပွဲကို တစ်နှစ် မှာ နှစ်ကြိမ် April နဲ့ October လတွေမှာ ကျင်းပလေ့ ရှိပါတယ်။
    • သက်ဆိုင်ရာ State Licensing Board Websites မှာ Examination Schedule တွေကို ထုတ်ပြန်ကြေညာ ထားလေ့ရှိ တာမို့ သွားရောက် ကြည့်ရှုထားစေ လိုပါတယ်။ Examination Dates (စာမေးပွဲဖြေရမယ့်နေ့) and Final Filing Dates တွေကို Examination Schedule မှာဖော်ပြ ထားပါတယ်။ Final Filing Dates ကိုသတ်မှတ်တဲ့ အခါ Postmark Date စာတိုက် က အမှတ်အသား နဲ့ ရည်ညွှန်းလေ့ ရှိပါတယ်။ စာတိုက် ကနေ သွားပို့ရင် ပို့တဲ့နေ့ ကို ဆိုလိုပါတယ်။ စာမေးပွဲ မဖြေခင် ၂လ-၃လ လောက် အလိုမှာ Final Filing Dates (Form ပိတ်ရက်) ဖြစ်လေ့ ရှိပါတယ်။
    • Filing လုပ်ပြီးလို့ Admission ရခဲ့ရင် တကယ် ဖြေရတော့ မှာမို့ ရက်ကိုတွက် ပြီး ကြည့်ရမဲ့ စာကို နိုင်နင်းမယ် သေချာမှ Filing လုပ်ပါ။
    • Examination Sites / Locations (ဘယ်နေရာ မှာ ကျင်းပမှာလဲ) ဆိုတာ ကိုလည်း State Licensing Board Websites တွေမှာ ဖော်ပြထားတတ် ပါတယ်။

  5. Filing the Application
    Final Filing Dates အမီ လိုအပ်တဲ့ စာရွက်စာတမ်း တွေ ကို စာအိပ်ထဲ သေချာစစ်ဆေး ပြီးထည့်၊ ပြီးရင် State Licensing Board ရုံး ကိုလိပ်မူပြီး Submit လုပ်ရပါမယ်။ စာတိုက် ကနေပို့လို့ ရပါတယ်။
    1. Completed and Signed Application Form: ညွှန်ကြားချက် အတိုင်း သေ သေချာချာ ပြည့်ပြည့်စုံစုံ ဖြည့်ပြီး လက်မှတ် ထိုးထားတဲ့ Form ဖြစ်ရပါမယ်။ လက်မှတ်က လွဲလို့ အခြားကွက်လပ် တွေမှာ Computer Soft Copy မှာပဲ ဖြည့် ဘို့ ညွှန်ကြားချက် ပါခဲ့ရင် Computer Soft Copy မှာ ဖြည့်ပြီးမှ Print Out ထုတ် လက်မှတ် ထိုးရပါမယ်။ လက်နဲ့ ဖြည့်တာ ကို လက်ခံမှာ မဟုတ် ပါဘူး။
    2. the Stated Filing Fee (Check or Money Order Only): ချက်လက်မှတ် (သို့) မန်နီအော်ဒါ ကိုပဲ ထည့်ပါ။ ငွေသား ထည့်ခွင့် မရှိပါဘူး။
    3. A self addressed, stamped postcard ကိုယ့်ရဲ့ ရရှိကြောင်း သိနိုင်ဘို့ စာပို့ခ တံဆိပ်ခေါင်းကပ် ပြီးသား postcard ပေါ်မှာ ကိုယ့်လိပ်စာ အသင့်တတ်ပြီး ထည့်ပေးနိုင်ပါတယ်။ State Licensing Board ရုံးက ရရှိကြောင်း တံဆိပ်တုံး ထုပြီး ပြန်ပို့ပါလိမ့်မယ်။ ဒါက Admission Notice မဟုတ် တာကိုတော့ သတိပြုပါ။ (နောက်တစ်ဆင့် စာတိုက် ကနေ Track လုပ်နိုင်တဲ့ Registered Mail ကို သုံး နိုင်ရင် ပိုကောင်းပါတယ်။ ငွေနည်းနည်း ပိုကုန်ပေမဲ့ တန်တယ်လို့ ထင်ပါတယ်။)

  6. Exam Study Materials
    Recommended Sources တွေကတော့
    1. NCEES Website : Study Material
      1. FE Supplied-Reference Handbook ကို pdf အနေနဲ့ free view / download လုပ်နိုင်သလို စာအုပ်အနေ နဲ့ လိုချင်ရင် လည်း မှာယူ နိုင်ပါတယ်။
      2. FE Sample Questions and Solutions ထဲမှာ Recommend ပေးလို တာကတော့ FE General Sample Questions and Solutions Book and CD-ROM ပါ။
      3. အခြား Discipline တွေအတွက် လိုချင်ရင် လည်း ဝယ်ယူ နိုင်ပါတယ်။
      NCEES က မေးခွန်းတွေ ကို ပြင်ဆင်ပေးတဲ့ အဖွဲ့အစည်း ဖြစ်တဲ့ အတွက် တကယ့်မေးခွန်းတွေ နဲ့ပိုမို နီးစပ်ပါတယ်။
      Engineering စာအုပ်တွေ မှာ အမှားတွေ တွေ့ရတဲ့ အခါ errata (ပြင်ဆင်ချက်)တွေ ထပ်ဖြည့်ပေး လေ့ရှိပါတယ်။ Errata တွေကို Download လုပ်ပြီး စာအုပ် (သို့) သက်ဆိုင် ရာစာအုပ်ထဲ မှာ ပြန်လည်ပြင်ဆင် ကြည့်ရှု ရပါတယ်။

    2. Professional Publications, Inc. (The Power to Pass) Website
      1. FE Review Manual (FERM2) , 2nd Edition, Michael R. Lindeburg, PE , 2006, Paperback, 872 pages, 8 ½ x 11
        ဒီ FE Review Manual စာအုပ် ကတော့ ကျနော့်ရဲ့ Favorite ဖြစ်ပါတယ်။
      2. Fundamentals of Engineering DVD Review (FEDVD), Stephen Andrew, PE , 1999, 12 DVDs, over 20 hours of instruction
      3. Study Materials တွေကို Packages တွေအနေ နဲ့လည်း Offer ပေးတတ် ပါသေးတယ်။ တစ်အုပ်ချင်း ဝယ်တာ နဲ့ စာရင် ဈေး အတော်အတန် ပို သက်သာ ပါတယ်။ ဒါ့အပြင် NCEES က စာအုပ်တွေ ပါ ဝယ်ယူရရှိ နိုင်တာမို့ Shipping Cost သက်သာ မှာလား ချင့်ချိန် နိုင်ပါတယ်။
      4. PPI FE/EIT Review Courses အချိန် လည်းပေးနိုင်၊ တတ်လည်း တတ်နိုင်ရင် PPI FE/EIT Review Courses သင်တန်းတွေ သွားတက် နိုင်ပါတယ်။
      5. Online ကနေ Practice လုပ်ချင်သူတွေ အတွက်လည်း
        • FE/EIT Passing Zone packages မေးခွန်းမေး၊ ရင် personal expert responses ကိုရရှိမှာ ဖြစ်ပြီး လက်ရှိ အခြားကျောင်းသားတွေ ရဲ့ အမေးအဖြေ တွေ အပြင် အရင့်အရင် ရှိနှင့်ခဲ့တဲ့ အမေးအဖြေတွေ ကိုလည်း ရှာဖွေ နိုင်ပါတယ်။
        • 30-day / 60-day FE Exam Cafe Access မှာ စာမေးပွဲ ပုံစံ မေးခွန်းတွေ ကို လေ့ကျင့် နိုင်ပါတယ်။
      6. Calculator ကိုတော့ Office Depot လိုနေရာ မျိုးမှာ လွယ်လွယ်ကူကူ ရွေးချယ်ဝယ်ယူ နိုင်တာမို့ Online ကနေ ရောမှာစရာ မလိုပါဘူး။ အပို Calculator ဆိုရင်လည်း Office Depot မှာဆို လွယ်လွယ်ကူကူ Return လည်း လုပ်နိုင်မယ် လေ။


    3. အခြား ထင်ရှားတဲ့ Sources တွေကတော့

  7. Admission Notice/Change Of Address
    • Admission Notice ကို စာမေးပွဲ မတိုင်ခင် ၁ -ပတ် လောက် မှာ ရရှိပါ လိမ့်မယ်။ ဒီစာရွက် ပါမှ စာမေးပွဲခန်း ထဲ ဝင်ခွင့်ရ မှာမို့ သေသေချာချာ သိမ်းထားပါ။ တကယ်လို့ အချိန်မီ မရရှိခဲ့ ရင်၊ ပျောက်သွားခဲ့ရင် စာမေးပွဲ ဖြေရမဲ့နေ့ မနက်စောစော Help Desk မှာသွားရောက် အကူအညီ တောင်းနိုင်ပါတယ်။
    • မိမိလိပ်စာ ပြောင်းခဲ့ မယ်ဆိုရင် တော့ သက်ဆိုင်ရာ Board's address change affidavit ကိုဖြည့်ပြီး Board ကို အကြောင်းကြားရပါမယ်။

  8. စာမေးပွဲ အတွက် ယူဆောင်လာရမဲ့ Photo ID နဲ့ ပတ်သက်ပြီး တော့ တိတိကျကျ ဖော်ပြထားတာ ကိုလည်း တွေ့ရပါတယ်။
    • Issued by a state or federal governmental agency (including other U.S. states and foreign countries) အစိုးရ အဖွဲ့ အစည်း တွေ ကထုတ်ပေးထားတဲ့ Photo ID (မှတ်ပုံတင်) ဖြစ်ရမယ်။ (ကျောင်းသားကဒ် တွေ၊ အလုပ်က employee identification cards တွေဖြစ်လို့မရပါဘူး)
    • Contains your photograph (မိမိ ရဲ့ ဓာတ်ပုံ ပါဝင်ရမယ်။)
    • Contains your visible signature မြင်သာ ထင်ရှားတဲ့ မိမိ ရဲ့ ထိုးမြဲ လက်မှတ် ပါရမယ်။
    • Contains your printed (typed) name (မိမိရဲ့ နာမည်ကို ဖော်ပြထားရမယ်)။
    • ဒီလိုအပ်ချက် တွေ မပြည့်စုံ ရင် စာမေးခန်း ထဲ လုံးဝ ပေးဝင်မှာ မဟုတ် ပါဘူး လို့ဆိုပါတယ်။

  9. Postponements
    • Postponements from the assigned examination: သတ်မှတ်ပေး ထားတဲ့ စာမေးပွဲ ကို ဖြေဆို ဘို့ ပျက်ကွက် တဲ့အခါ နောက် စာမေးပွဲ တစ်ခု ကို ရွှေ့ဆိုင်း ခွင့်ပြု၊ မပြု ဆိုတာကို မိမိ တင်ပြတဲ့ ဆင်ခြေ ပေါ် မူတည်ပြီး Executive Officer က ဆုံးဖြတ်ပေးပါ လိမ့်မယ်။
    • A postponement request ကို verification (အတည်ပြု စရာ သက်သေ အထောက်အထား တွေ) နဲ့ အတူ သတ်မှတ်ထား တဲ့ ရက် အတွင်း စာရေး (in writing) တောင်းဆို ရမှာ ဖြစ်ပါတယ်။
    • နည်းလမ်းတကျ မတောင်းဆိုပဲ စာမေးပွဲ ကို အချိန်မီ ရောက်လာဘို့ ပျက်ကွက်ခဲ့ရင် တော့ မိမိ ရဲ့ application ကို cancel အလုပ်ခံရမှာ ဖြစ်ပြီး သွင်းထားတဲ့ လျှောက်လွှာကြေး လည်း ဆုံးရှုံး မှာ ဖြစ်ပါတယ်။
    • အကျိုးသင့် အကြောင်းသင့် လက်သင့်ခံနိုင်လောက် တဲ့ ဆင်ခြေ နမူနာ တွေ ကတော့
      1. The applicant's illness or injury; (requir a certificate or other appropriate document from a medical doctor) မိမိကိုယ်တိုင် ဖျားနာ၊ အနာတရ ဖြစ်ခဲ့ လို့ (ဆရာဝန် ရဲ့ ထောက်ခံချက် (ဒါမှ မဟုတ်) သင့်တော် တဲ့ စာရွက်စာတမ်း တွေ နဲ့ အတူ)
      2. Death or serious illness or injury in the immediate family; (requir a certificate or other appropriate document from a medical doctor): အနီးစပ် ဆုံး မိသားစုဝင် တစ်ယောက်ယောက် အကြီးအကျယ် ဖျားနာလို့ (သို့) ဆုံးပါးသွား လို့ (ဆရာဝန် ရဲ့ ထောက်ခံချက် (ဒါမှ မဟုတ်) သင့်တော် တဲ့ စာရွက်စာတမ်း တွေ နဲ့ အတူ)
      3. Work assignment outside of the continental U.S. (documents from employer) : US ရဲ့ပြည်ပ တစ်နေရာ ရာကို အလုပ် နဲ့ စေလွှတ် ခံရလို့ (employer ရဲ့ ထောက်ခံချက် နဲ့ အတူ)
      4. Accident or mechanical breakdown on the morning of the examination, (repair provider, or the police) စာမေးပွဲ ဖြေတဲ့ နေ့ မှာ Accident ဖြစ်လို့ (သို့) ကားပျက်လို့ (စက်ပြင် Mechanic (သို့) ရဲ ၏ စာရွက်စာတမ်း များ)

    • FAILURE TO PREPARE FOR THE EXAMINATION IS NOT A VALID CAUSE : စာမေးပွဲ ကို ဖြေဆို ဘို့ အဆင်သင့် မဖြစ်သေး လို့ ဆိုတဲ့ ဆင်ခြေ က တော့ လက်သင့်ခံ နိုင်လောက်တဲ့ အကြောင်းတရား မဟုတ်ဘူး လို့ ဆိုပါတယ်။

နောက် ရေးနိုင်ဘို့ အခွင့်အရေး ကြုံတဲ့ အခါ စာမေးပွဲ ပြင်ဆင်တဲ့ အကြောင်း တင်ပြပေး ပါမယ်။
Web-Links
  1. NCEES (National Council of Examiners for Engineering and Surveying)
  2. ABET: Accreditation Board for Engineering and Technology [ http://abet.org/ ]
  3. PPI2Pass : Professional Publications, Inc. (The Power to Pass) Website[ http:/ppi2pass.com/ ]
  4. Amazon Online Bookshop [ http://www.amazon.com/ ]

No comments: