COMPUTER


 

AutoCAD 2010 Download Link



AutoCAD 2010 ကိုလိုချင်တဲ့ သူတွေအတွက် ဒေါင်းလုပ်ချဖို့ လင့်တွေပါ။ ကေပီဇက် ဒေါင်းလုပ်ချကြည့်တာတော့ အဆင်ပြေပါတယ်။ အားလုံးလည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်နော်။
သုံးတော့ မကြည့်ရသေးပါဘူး။ ဘာလို့လဲဆိုတော့ 2009 တောင် သေချာမသုံးရသေးဘူးလေ။
တတ်လည်း တတ်နိုင်ပ AutoDesk ရယ်........




Sketch Up


ဒီတစ်ခါတော့ Interior Design and Landscaping တွေမှာ အသုံးများလာတဲ့ Google ကနေထုတ်လိုက်တဲ့ Sketch Up ဆိုတဲ့ ဆော့ဝဲလ်လေးကို မိတ်ဆက်ပေး ပါရစေ။ ဒီဆော့ဝဲဟာ Europe တို့ Thai တို့မှာ တွင်တွင်ကျယ်ကျယ် အသုံးချနေပေမယ့် တစ်ခြားနိုင်ငံတွေမှာတော့ တော်တော်ကို အသုံးနည်းပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တွင်ကျယ်လာမှာကတော့ အသေအချာပါ။ အချိန်ကုန် သက်သာတဲ့အပြင် ကွန်ပျူတာရဲ့ Performance ကိုလဲ 3D Max တို့ဘာတို့လောက် မလိုအပ်တာကြောင့် ပိုမို အဆင်ပြေစေပါတယ်။
ဒါအပြင် သူများဆွဲထားပြီးသားတွေကို အွန်လိုင်းမှာ အပ်လုပ်တင်ထားပေးတာကြောင့် လိုအပ်ရင် ယူပြီးအသုံးချနိုင်တဲ့ Sketch Up 3D Warehouse ကြီးရှိတာကြောင့် တစ်ချို့ အရာတွေကို မိမိဘာသာ အချိန်ကုန်ခံ ဆွဲစရာမလိုပဲ ခေါ်ယူ အသုံးပြုနိုင်ပါတယ်။ ဥပမာ ရုံးခန်းတစ်ခုပုံစံကို ဒီဇိုင်းစဉ်းစားနေစဉ်မှာ Printer တစ်လုံးကို အချိန်ကုန်ခံ ဆွဲစရာမလိုပါဘူး၊ Warehouse ထဲကယူလိုက်ရုံပါပဲ။
Sketch Up Software ကိုလေ့လာဖို့အတွက် အော်တိုကဒ်တတ်ထားပီးသား ဆိုရင် ပိုအဆင်ပြေပါတယ်။ ဒါပေမယ့် Sketch Up က Command Icon တွေက တစ်ခါတစ်ရံ တစ်ခုတည်းကို Command နှစ်ခု အနေနဲ့ အသုံးပြုတတ်ပါတယ်။ ဥပမာ- Copy နဲ့ Move ကို Icon တစ်ခုထဲ အသုံးပြုရပါတယ်။
ဒါပေမယ့် အလွယ်တကူ လေ့လာနိုင်ဖို့ အွန်လိုင်းမှာ Tutorial တွေ အများကြီး ရှိတာကြောင့် တစ်ခြားသော Software တွေထက် ပိုမို လွယ်ကူစွာ လေ့လာ သင်ယူနိုင်ပါတယ်။
Sketch Up Software ကို ရိုးရိုးနဲ့ Pro ဆိုပီး နှစ်မျိုးရှိပါတယ်။ ရိုးရိုးကိုတော့ ဒီမှာ Free Download ချနိုင်ပါတယ်။ Pro ကိုတော့ ၈နာရီ အလကားရပါတယ်။ ဒါပေမယ့် မပူပါနဲ့။ ရှာဖွေလေ တွေ့ ရှိလေ ဆိုတဲ့အတိုင်း ရှာတော့လည်း တွေ့တာပေါ့နော်။ Sketch Up Pro 6 ကို Window XP ရော Vista မှာပါ လွယ်လွယ်ကူကူ Install လုပ်နိုင်ပါတယ်။ Sketch Up Pro 7 ကတော့ Vista မှာ Adminstrator အနေနဲ့ Run ရပါတယ်။
ကေပီဇက်ကိုယ်တိုင်လည်း Sketch Up ကို ခုမှ စတင်လေ့လာနေတာပါ။ ရှာဖွေ တွေ့ရှိသမျှကို ဒီဘလော့မှာ တင်ပေးပမယ်နော်။ အမှားအယွင်း ရှိရင်ဖြစ်ဖြစ် မျှဝေပေးချင်တာရှိရင် ဖြစ်ဖြစ် ကော်မန့် ရေးပေးခဲ့စေလိုပါတယ်။
ဒါက Pro Software Link တွေပါ။
ဒါကတော့ ရှာလို့တွေထားတဲ့ စာအုပ်နှစ်အုပ်ပါ။
ဒီနေ့ စင်္ကာပူ


ဒီနေ့ ကျမရဲ့ ညီမလေးတစ်ယောက် ရန်ကုန်ကို ပြန်တော့မယ်တဲ့။ သူနဲ့ ကျမက တစ်မအေထဲက မွေးလာတဲ့ ညီအမတွေ မဟုတ်ပေမဲ့ သူက ကျမကျွန်မ စင်္ကာပူရောက်တဲ့ အချိန်မှာ ပထမဦးဆုံး ခင်ခဲ့တဲ့ ညီမလေးပါ။ ကျမနဲ့ တစ်နှစ်ကျော် တစ်ခန်းတည်း နေခဲ့တဲ့ အပြင်၊ ကောင်းအတူ ဆိုးအတူ ရှိအတူ မရှိအတူ မျှဝေခဲ့တဲ့ သူလေးပါ။ သူပြန်မယ်ဆိုတော့ ကျမတို့ စင်္ကာပူ ရောက်စ အခြေအနေတွေကို ပြန်စဉ်းစားမိတယ်။ ကျမတို့ တူတူပျော်ခဲ့တာ၊ စိတ်ညစ်ခဲ့တာ၊ တူတူ အပင်ပန်းခံ အလုပ်လုပ်ခဲ့တာ အားလုံးပေါ့။ တစ်ကယ်တော့ ဒီကျွန်းနိုင်ငံလေးက ရောက်ခါစ လူတွေကို စိန်ခေါ်တတ်ပါတယ်။ အဲဒီ့ ဒဏ်ကို ကြံ့ကြံ့ ခံနိုင်ပြီး ဆိုရင်တော့ စင်္ကာပူဆိုတာ ဘာမှ မဟုတ်တော့ပါဘူး။

စင်္ကာပူ အစိုးရကို လက်တစ်လုံးခြား လုပ်ခဲ့တဲ့ သူတွေထဲမှာ ကျမလည်းပါတယ်။ ကျမ စင်္ကာပူကို အလုပ်လာရှာချင်တော့ Visitနဲ့ မလာရဲပါဘူး။ ဆွေမျိုးသားချင်းကလည်း မရှိ၊ အဲဒီ့အချိန်မှာ သူငယ်ချင်းဆိုလို့ စင်္ကာပူမှာ ရှားရှားပါးပါး နှစ်ယောက်ပဲ ရှိပါတယ်။ သူတို့ နှစ်ယောက်ကလည်း စင်္ကာပူ ၀န်ကြီးချုပ်လောက် နှီးနီး အလုပ်ရှုပ်ရှာလေတယ်။ ဒီတော့ ကျမလည်း စင်္ကာပူဆိုတဲ့ မြို့ကြီးကို လာချင်တော့ ရှိသမျှအကြံ အကုန်ထုတ်ရတာပေါ့။

ဒီတော့ စင်္ကာပူက Private ကျောင်းတစ်ကျောင်းကို လျှောက်လိုက်ပါတယ်။ ကျောင်းလခလေးတော့ ရင်းရတာပေါ့လေ။ ဒီလိုနဲ့ မယောင်မလည်နဲ့ ရောက်လာတာပေါ့လေ။ ဟိုမှာကတော့ အချိန်ပိုင်း အလုပ်တွေ လုပ်လို့ ရတယ်လို့ ပြောကြတာပေါ့လေ။ ဒီကိုရောက်တော့မှ လုပ်လို့မရမှန်း သိလာရတယ်။ ဒါပေမယ့် ကျောင်းမှာ တွေ့ရတဲ့ မြန်မာ သူငယ်ချင်းတွေ အားလုံးက အရမ်းကို ခင်ဖို့ကောင်းတယ်။ စည်းလုံးမှုလည်း ရှိကြတယ်။ ကျမတို့ အားလုံး စုပေါင်းပြီး စင်္ကာပူမြို့ကို ပြန်စိန်ခေါ် ခဲ့ကြတယ်။ ကျမမြန်မာတွေ အားလုံးစုစည်းပြီး နည်းလမ်း ပေါင်းစုံနဲ့ စင်္ကာပူ တစ်မြို့လုံးကို ဖြန့်ပြီး အလုပ်ရှာကြပါတယ်။ အားလုံးရဲ့ စိတ်အားထက်သန်မှုနဲ့ ဇွဲကြောင့်လား မသိပါဘူး။ ကျမတို့ အားလုံး အလုပ်ကောင်းကောင်း ရခဲ့ကြတယ်။

အဲဒီ့ အချိန်တုန်းက အချိန်ပိုင်း အလုပ်လုပ်ကြတဲ့ မြန်မာတွေ သိပ်မများတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျမလည်း အချိန်ပိုင်း အလုပ်လုပ်ရင်း ကျမတတ်တဲ့ အတတ်ပညာနဲ့ အလုပ်တွေလည်း ရှာရင်းပေါ့။ ကျမတော်တော် တော်လို့ ထင်ပါတယ်.. တော်တော်နဲ့ အလုပ်မရပါဘူး။ :P အချိန်ပိုင်း အလုပ်မျိုးစုံကို ကျမလုပ်ခဲ့ ဘူးပါတယ်။ ဖိနပ်ဆိုင်မှာ အရောင်းစာရေးမ အနေနဲ့ တစ်နေ့ကို ဆယ်နာရီ မတ်တတ်ရပ်ခဲ့ ဘူးပါတယ်။ လက်ကမ်းစာဆောင်တွေကိုလည်း သူများ လိုချင်ချင် မလိုချင်ချင် မျက်နှာ ပြုံးဖြဲဖြဲနဲ့ လိုက်ပေးခဲ့ ဘူးပါတယ်။ အလုပ်ကပြန်လာရင် မတ်တတ်ကလည်း မရပ်နိုင် နေရာကလည်း မရလို့ ရထားကြမ်းပြင်မှာ ထိုင်ပြီးလည်း စီးခဲ့ဘူးပါတယ်။ ညခုနှစ်နာရီကနေ မနက်ကိုးနာရီ အထိလည်း မိုးလင်းပေါက် မအိပ်ပဲ အလုပ်လုပ်ခဲ့ ဘူးပါတယ်။

တရားမ၀င် အလုပ်လုပ်တာ ဖြစ်တာကြောင့် ရဲကို မြင်တိုင်းကြောက်ရသလို စိတ်ထဲမှာ ဖြစ်လာတဲ့ အားငယ်မှုကိုလည်း ကိုယ့်ဘာသာ အားတင်းခဲ့၇တယ်။ ရန်ကုန်ကို ပြန်ပြေးချင်တာတော့ အခါခါပေါ့လေ။ ဒါပေမယ့် ဒီကို ဘယ်သူကမှ ရိုက်ပြီး လွှတ်လိုက်တာ မဟုတ်လို့ ကိုယ့်ကိုကိုယ် အားတင်းခဲ့ရတယ်။ စင်္ကာပူရဲ့ နည်းမျိုးစုံ စိမ်ခေါ်မှုတွေကို ကျမတို့ အားလုံး ကြံ့ကြံ့ခံ တွန်းလှန်ခဲ့ ကြပါတယ်။ အချင်းချင်း ဖေးမကူညီခဲ့ကြတယ်။ ဒီလိုနဲ့ သုံးလခွဲ အကြာမှာ ကျမအချိန်ပြည့် အလုပ်ရခဲ့ပါတယ်။ Student Pass ကို Cancel လုပ်ပြီး Spass တင်ခဲ့ပါတယ်။

ဒါတွေ ကျမပြောပြတာက စင်္ကာပူဆိုတာ ငွေလွယ်လွယ် မရသလို ရင်ဆိုင်ရမှာတွေ အများကြီးပါ။ ဒါကြောင့် ဒီကိုလာဖို့ ဘာတွေ လိုလဲလို့ မေးတိုင်း ကျမအမြဲပြောတာက အဓိက ပြင်ဆင်ခဲ့ရမှာက စိတ်ဓါတ်အင်အားပါ။ စိတ်ဓါတ်မခိုင်မာလို့ ဘ၀ပျက်တဲ့ လူတွေ၊ စိတ်ဓါတ်မကြံ့ခိုင်လို့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မရောက်တဲ့ လူတွေ ဒုနဲ့ ဒေးပါ။ ဒီမှာ အလုပ်မရလို့လဲ အားငယ်ဝမ်းနည်း စရာမရှိပါဘူး။ တစ်ချို့နေရာတွေမှာ ပညာ အရည်အချင်းထက် ကံတရားဆိုတာကလည်း ရှိသေးတာပဲလေ။

အခု ကျမကြုံတွေ့ ရသလောက်ကတော့ စင်္ကာပူက Private ကျောင်း ပြီးသွားလို့ အလုပ်ရတယ် ဆိုတာ တော်တော် ရှားပါတယ်။ ရတယ်ဆိုတဲ့ သူတွေကလည်း ရန်ကုန်မှာတည်းက နောက်ခံ ပညာအရည်အချင်းတွေ ရှိခဲ့တဲ့ သူတွေများပါတယ်။ ဥပမာ စာရင်းကိုင် ကျောင်းလာတတ်တဲ့ သူတွေထဲမှာ ရန်ကုန်မှာတည်းက စီးပွါးရေးဘွဲ့ရပြီးသား လုပ်ငန်းအတွေ့ အကြုံလေး နည်းနည်းပါးပါး ရှိတဲ့ လူတွေဆို ရပါတယ်။ ဆယ်တန်းအောင် ပြီးကာစ သူတစ်ယောက် Private School လာတတ်ပြီး အလုပ်ရတယ် ဆိုတာကို ကျမခုထိ မတွေ့ဘူးသေးပါဘူး။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဆယ်တန်းအောင် ပြီးကာစ ကျောင်းသားတွေ အနေနဲ့ အစိုးရကျောင်းတွေကိုပဲ လာတတ်ပါလို့ အကြံပေး ပါရစေနော်။ အလုပ်လာလုပ်မဲ့ သူတွေ ဆိုရင်လည်း အသိပညာ အတတ်ပညာတွေ သင်ခဲ့သလို စိတ်ဓါတ် မာအောင်လည်း ပြင်ဆင် ခဲ့ပါလို့ ကျမ အကြံပေး ပါရစေနော်။

အခုကျွန်မ ပတ်ဝန်းကျင်မှာ တော်တော်ကို မြင်တွေ့ နေရတာ စိတ်မကောင်းစရာတွေကြီးပဲ။ နိုင်ငံခြားသားက နှိပ်ကွပ်ရင် ခံပြင်းမှု၊ ဒေါသထွက်မှုတွေပဲ ဖြစ်မယ်။ မြန်မာ အချင်းချင်း နှိပ်စက်တော့ လုပ်ရက်လေခြင်း ဆိုတဲ့ ၀မ်းနည်း ကြေကွဲမှုတွေ ပါ ပါလာပြီပေါ့။ မသိနားမလည်တဲ့ ကိုယ့်မြန်မာ အချင်းချင်း နားလည်လာအောင်၊ သိလာအောင်၊ နိုင်ငံခြားသား လူလည်ကျတာ မခံရအောင် ကူညီရိုင်းပင်းမယ့်အစား နိုင်ငံခြားသားတွေ ဘက်ကနေ အလိုတူ အလိုပါ လူလည်ကျ နှိပ်ကွပ်နေတာကတော့ ဆိုးလွန်းပါတယ်နော်။

ကျွန်မပတ်ဝန်းကျင်က အဖြစ်အပျက် တစ်ချို့ကို ပြောပြမယ်နော်။ မသိသေးတဲ့ သူတွေသိပြီး နမူနာယူနိုင်အောင် လို့ပါ။ ကျွန်မသူငယ်ချင်းတစ်ယောက်က တစ်ရက်မှာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။ ကိုယ့်အကြောင်း၊ သူ့အကြောင်း မိတ်ဆက်ရင်းနဲ့ သိလာရတာက -- သူ့ရဲ့လစာက တစ်လကို စင်ကာပူဒေါ်လာ (၉၀၀) ပဲရတယ်တဲ့။ ဒီအထိ ကျွန်မစိတ်ထဲ ဘယ်လိုမှ မနေပါဘူး။ အော်.. ဟုတ်လားပေါ့။ အခြေခံလစာ (၁၈၀၀) ရရမယ့် S-pass သမားတစ်ယောက်ဟာ (၉၀၀) ပဲရတယ်ဆိုတော့ ရရာအလုပ်ကို ယာယီဝင်လုပ်တယ် လို့ပဲ ကျွန်မက ထင်လိုက်မိတယ်။ ဒါဆိုလည်း လစာများတဲ့ အလုပ်ကိုရှာပြီး ပြောင်းပေါ့လို့ ကျွန်မကပြောတော့ (၅)နှစ်စာချုပ်ချုပ်ထားရတယ်တဲ့။ ကျွန်မ အံ့သြသွားတယ်။ (၅) နှစ်လုံး ဒီလစာပဲလား ဆိုတော့.. အဲဒါလည်း သေချာမသိဘူးတဲ့။ ဒါနဲ့ ကျွန်မလည်း မနေနိုင် မထိုင်နိုင် ဆက်မေးမိတယ်။ Agent က Singaporean Agent လားဆိုတာ.. မဟုတ်ဘူးတဲ့...။ ဗမာ Agent တဲ့။

Singaporean နဲ့ အိမ်ထောင်ကျပြီး Agent လုပ်နေတဲ့ ဗမာတဲ့။ ကျွန်မ ဘာဆက်ပြောရမှန်းကို မသိဘူးဖြစ်သွားတယ်။ ပိုပြီးဆိုးတာက Agent Fee က (၃၈၀၀) တဲ့။ အကျိုးဆောင်ခ ယူတဲ့အတွက် ကျွန်မ ဘာမှ မပြောလိုပါဘူး။ အလုပ်မရှိတဲ့ သူကို အလုပ်ရှာပေးလို့ အကျိုးဆောင်ခ ယူတာကို ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့်.... Singapore လိုနေရာမျိုးမှာ တစ်လကို အသုံးစရိတ် ပျမ်းမျှ (၆၀၀) ကနေ (၈၀၀) ကြားမှာ ရှိနေတတ်ပါတယ်။ သူဘယ်လောက်စုမိမှာလဲ။ သူ့ကို ကြည့်ပြီး ကျွန်မစိတ်မကောင်း ဖြစ်သွားတယ်။ Agent Fee ကျေအောင် သူဘယ်လောက် အချိန်ဘယ်လောက် ကြာကြာ အလုပ်လုပ်ရဦးမှာလဲ။ မြန်မာပြည် မှာတုန်းက အဲဒီ ပိုက်ဆံကို သူဘယ်က ယူလာတာပါလိမ့်။ မိဘက တတ်နိုင်လို့ ပေးလိုက်တာ ဆိုတော်သေး။ သူများဆီက ချေးဌားလာတာ ဆိုရင်တော့ တစ်လ တစ်လ အတိုးတောင် အလျင်မီအောင် ပေးနိုင်မလား။ ကျွန်မက သူ့ကို အလုပ်ပြောင်းပေါ့ ဆိုတော့ သူ မပြောင်းရဲဘူးတဲ့။ ကျွန်မတော်တော်ကို စိတ်ထဲမှာ ခံပြင်းသွားမိတယ်။ ဗမာ အချင်းချင်း လုပ်ရက် လေခြင်းနော်။

နောက်ထပ် သူငယ်ချင်းတစ်ယောက်ကတော့ လူလည်ကျနည်း အသစ်နဲ့ ကြုံလိုက်ရတာပေါ့။ Singapore မှာ အလုပ်ရရင် အလုပ်ရှင်ဆီက အမြဲတမ်း ခန့်စာရဖို့ စောင့်ရပါတယ်။ အဲဒီစာက အနည်းဆုံး (၃) လကြာ တတ်ပါတယ်။ အဲဒီစာရပြီးမှသာ ခွင့်ခံစားခွင့်တို့၊ ဆေးခွင့်ခံစားခွင့်တို့ ရတာပါ။ Comfirmation Letter မရမချင်း အလုပ်ထဲမှာ အမှားအယွင်း မဖြစ်အောင် ဂရုစိုက်ရတာပေါ့လေ။ ဒီတစ်ခါ ဗမာ အချင်းချင်း လူလည်ကျပုံက တစ်မျိုး။ Agent Fee အများကြီးယူတယ်။ Company ကလည်း S-pass တင်ပေးတယ်။ Approved ဖြစ်တယ်။ အလုပ်လုပ်တယ်။ တစ်လလည်း ပြည့်ရော.. နင်အလုပ်လုပ်တာ မကြိုက်ဘူးဆိုပြီး ဘာမပြော ညာမပြော အလုပ်ဖြုတ်ပစ်လိုက်တယ်။ ကဲ... လုပ်ပုံလေး မလှဘူးလား... ရွှေမြန်မာ အချင်းချင်း လူလည်ကျပုံတွေလေ။

ဒါက ခြင်္သေ့ကျွန်းက ရွှေမြန်မာတွေ..၊ ရွှေပြည်တော်ကြီးဆီက ရွှေမြန်မာတွေကျတော့ တစ်မျိုး၊ အခြေခံလစာ တစ်ရက်ကို စင်ကာပူဒေါ်လာ (၁၈)ဒေါ်လာ ရတဲ့ အလုပ်မှာ မြန်မာတွေကို (၁၆) ဒေါ်လာနဲ့ သွင်းတယ်။ အင်း-- ဒါက မဆိုးသေးဘူး။ အကျိုးဆောင် ကတောင်းချက်ကတော့ စင်ကာပူက အကျိုးဆောင်တွေထက်တောင် ဆိုးသေး။ ဆိုးလိုက်တဲ့ အဖြစ်တွေ။ ရန်ကုန်မှာတော့ မသိနားမလည်တဲ့ မြန်မာတွေကို အပြောကတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်။ တစ်နှစ် အတွင်းပဲ သူဌေးကြီး ဖြစ်တော့ မလိုလို။ ဒီမှာ အဆင်ပြေနေတဲ့ သူတွေ အကြောင်းကို ရွေးပြောပြီး တစ်ကယ်တမ်း ဒီရောက်တော့ ရေနံမြေ ခေတ်က ဆယ်ပေ ပတ်လည် အခန်းကျဉ်းလေးကမှ ကျယ်ဦးမယ့် အခန်းကျဉ်းလေးထဲမှာ စုပြုံထား။ သူဌေးဖြစ်ဖို့ နေနေသာသာ၊ အရင်းကျေအောင် မနည်းကို ရုန်းကန်နေရတဲ့ မြန်မာတွေ ဒုနဲ့ဒေးပါ။ သူတို့တွေရဲ့(Agent ဆိုး) စိတ်ထဲမှာ ကိုယ်ချင်းစာတရား ဆိုတာ ဘာလဲ မေ့ကုန်ကျပြီလား။ ရိုင်းပင်းမှုတွေ ပျောက်ကုန်ပြီလား။ ကိုယ့်ဝမ်းစာ ပြည့်ဖို့ သူများဘ၀ကို နင်းကြတဲ့ မြန်မာတစ်ချို့ ၀ဋ်ဆိုတာကို မကြောက်ကြတော့ဘူးလား။

လုံးဝန်းနေတဲ့ ကမ္ဘာကြီး ပေါ်မှာ လူတွေက တစ်ယောက်နဲ့ တစ်ယောက်တွဲ ပြီးရပ်နေကြတာပါ။ ကိုယ်က သူများကို ပေးလိုက်တဲ့ ဒုက္ခတွေ တစ်နေ့ကျရင် ကိုယ့်ဆီကို လက်ဆင့်ကမ်း ပြန်ရောက်လာတတ်တာကို မေ့နေကြပြီနဲ့ တူပါတယ်။ ကျွန်မစိတ်ထဲမှာတော့ မြန်မာအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေလို့သာ ရေရွတ်နေမိပါတယ်..။
(အခုလက်ရှိ စင်္ကာပူရဲ့ အလုပ်အကိုင် အခြေနေတွေကို ဒီမှာ ဖတ်လိုက်ပါအုံးနော် )
တံဆိပ်ကပ်ခြင်း


Draftman တစ်ယောက်ရဲ့ တာဝန်ဆိုတဲ့ ပို့ကိုရေးအပြီးမှာ လူတော်တော် များများရဲ့ မှတ်ချက်တွေကို ကျွန်မရလိုက်ပါတယ်။ ခုလို တလေးတစား လာရောက် ဆွေးနွေး မှတ်ချက်ပေးတဲ့ လူတွေအားလုံးကို ကျေးဇူး အရမ်းတင်ပါတယ်။ အဲဒီ့ကနေ ကျမစိတ်ထဲ ပေါ်လာတဲ့ အတွေးတွေကို ဆက်လက်ရေးပါရစေ။ ဒီပို့ကို ကျမရေးတာ ရည်ရွယ်ချက်တစ်ခု ရှိပါတယ်။ အခုနှစ်ပိုင်း စင်္ကာပူနဲ့ ဒူဘိုင်းနိုင်ငံက လုပ်ငန်းခွင်တွေမှာ မြန်မာ Draftmanတွေ ဟိုးအရင်ကထက်စာရင် တော်တော်များလာပါတယ်။ ကျမရေးခဲ့ဘူးသလိုပါပဲ လုပ်ငန်းခွင် အခြေအနေ၊ အမျိုးအစားပေါ် မူတည်ပြီး လုပ်ကိုင်ရတဲ့ တာဝန်တွေက ကွဲပြားနေပါတယ်။ လွယ်တယ် ခက်တယ် ဆိုတာကို ပုံသေကားချပ်ချပြီး ပြောလို့ မရပါဘူး။ လွယ်တာ လုပ်ရတဲ့လူက လွယ်တယ်ပြောမယ်။ လွယ်လွယ်ကူကူ မလုပ်ရတဲ့သူက ခက်ခဲတယ်ပြောမယ်။ ဒါသဘာဝပါပဲ။ နေရာခြင်းတူပေမယ့် တာဝန်ခြင်းမတူမှုတွေကြောင့် အငြင်းပွားမှုတွေ ဖြစ်လာရတာပါပဲ။ ကျမဒီနေရာမှာ အဓိက ပြောချင်တာက တံဆိပ်ကပ်ခြင်း အကြောင်းပါ။ လူတော်တော်များများက Made In China ဆိုတဲ့ တံဆိပ်ကပ်ထားတဲ့ ပစ္စည်းတွေကို မကောင်းဘူးလို့ မြင်နေကြတယ်။ ဒါပေမယ့် တစ်ချို့ ကောင်းမွန်တဲ့ ပစ္စည်းတွေ ရှိနေတတ်ပါတယ်။ ကောင်းတဲ့ ပစ္စည်းတွေလည်း တစ်ခါတစ်ရံကျတော့ Made In China ဆိုတဲ့ တံဆိပ် ကပ်ထားခြင်းကြောင့် မကောင်းဘူး အပြောခံလိုက်ရတာပါပဲ။ ဒါကြောင့်ထင်ပါတယ်. အိုင်ဖုန်းနောက်မှာ Designed by Apple in California Assembled in China လို့ ရေးထားပါတယ်။ :P ဒီလို သဘောပါပဲ.. Draftman ဆိုတဲ့ ခေါင်းစဉ် အောက်မှာ လုပ်ငန်းတာဝန်တွေ ကွဲပြားနေသလို လစာ အခွင့်အရေးတွေ ခြားနားနေမှာပါပဲ။ Draftman တစ်ယောက်ရဲ့ တာဝန်ဆိုတဲ့ ပို့ကို ရေးခဲ့တာဟာ Draftman တွေ အကြောင်းကို သေချာမသိတဲ့ လူတွေ နားလည် သဘောပေါက်အောင်၊ လက်ရှိလုပ်ကိုင်နေတဲ့ လူတွေထဲက Draftmanအလုပ်ကို သိမ်ငယ်စရာ တစ်ခုလို မြင်နေတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ရေးခဲ့တာပါ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုသလိုပဲ ဒီအလုပ်ဟာ သိမ်ငယ်စရာကောင်းတဲ့ အလုပ်တစ်ခု မဟုတ်တာကို သိစေချင်ယုံ သက်သက်ပါ။ ဒါပေမယ့် ရောက်ရှိနေတဲ့ နေရာမှာ ရောင့်ရဲ တင်းတိမ်နေရမယ်လို့ ကျမမပြောခဲ့ပါဘူး။ ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ နည်းပညာရပ်တွေ အားလုံးဟာ လိုက်လေ ဝေးလေလို့ ပြောရမလောက် တစ်နေ့တစ်ခြား အံ့မခန်း တိုးတက်နေပါတယ်။ ရှိသမျှပညာရပ်တွေ အားလုံးကို တတ်မြောက်ဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ငှက်တွေက ပျံရင်းသေကြတယ်.. လူတွေက ကြံရင်းသေကြတယ်တဲ့။ ကိုယ်တတ်နိုင်တာလေးတွေ လက်လှမ်းမှီရာလေးတွေကို အစဉ်မပြတ် လေ့လာနေသင့်တာပေါ့နော်။ အဲဒီ့အခါ ကိုယ့်ရဲ့ Ability နှင့် ညီမျှတဲ့ လစာ အခွင့်အလမ်းတွေကလည်း သူ့အလိုလို ရောက်ရှိလာမှာပါ။ ဒီအခါ ရွေးချယ်မှု လမ်းကြောင်းတွေက ကိုယ့်အပေါ်မှာပဲ တည်မှီနေတယ်လို့ ကျွန်မထင်မြင်မိပါတယ်။
နောက်တစ်ခု တံဆိပ်ကပ်ခြင်းကတော့ AGTI, BE, ME နဲ့ RIT, YIT, YTU, GTC, GTI ဆိုတဲ့ကိစ္စတွေပါပဲ။ ဒါတွေ အကုန်လုံးကို အဆုံးအဖြတ်ပေးတာက တက္ကသိုလ် ၀င်ခွင့် စာမေးပွဲလို့ ခေါ်ကြတဲ့ ဆယ်တန်း အောင်ရမှတ်ပါ။ လူတစ်ယောက်ရဲ့ အရည်အချင်းကို ဒီအမှတ် စာရင်းလေးတစ်ခုနဲ့ ဆုံးဖြတ်မယ်ဆိုရင် မတရားဘူး ထင်တယ်နော်။ တစ်ခါတစ်လေ အရည်အချင်း ရှိတဲ့သူတွေလည်း ငွေကြေး အခက်အခဲကြောင့် တက္ကသိုလ် မတက်ခဲ့ရတာတွေ ရှိတာပဲလေ။ ကျမကတော့ အင်္ဂျင်နီယာဆိုတဲ့ ဘ၀ကို ငယ်စဉ်တည်းက အရူးအမူး လိုချင်ခဲ့တယ်။ ဆယ်တန်းအောင်တော့လည်း အမှတ်စာရင်းလေးကိုင်ပြီး ၀ိုင်အိုင်တီ တက်ခွင့်ရပြီ ဆိုပြီး ပျော်ခဲ့တယ်။ တကယ်လည်း တက္ကသိုလ် တက်ရမယ်လည်း ဆိုတော့ ကျမရဲ့ အပျော်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပါလေရော။ ဘာလို့လဲ ဆိုတော့ အဲဒီ့နှစ်ကစပြီး ၀ိုင်တီယူ ဆိုတာကြီး ဖျက်သိမ်းလိုက်တာကြောင့် ကျမလည်း ဂျီတီစီနဲ့ပဲ ဘီအီးဖြစ်ခဲ့ ရပါတယ်။ ဒါပေမယ့် အကြောင်း တိုက်ဆိုင်လို့များ အမေးခံရလို့ ဂျီတီစီက ဘီအီးဆိုရင် အထင်မကြီးတတ်ကြပါဘူး။ ကျမတို့ကို ဘီအီးဘွဲ့ရအောင် သင်ကြားပေးခဲ့တဲ့ တစ်ချို့သော ဆရာတွေဟာ ဂျီတီအိုင် ကျောင်းဆင်းတွေပါ။ ဒါတွေကို သုံးသပ်ကြည့်ရင် ကပ်ထားတဲ့ တံဆိပ်တွေက အရေးမကြီးပါဘူး။ အရည်အသွေး အရည်အချင်းတွေသာ အဓိက ကျမယ်လို့ ကျမထင်မြင်မိပါတယ်။ အောင်မြင်ခြင်း ဆိုသည်မှာ ပေးဆပ်ခြင်းပေါ် တည်မှီ၏ လို့ကျမ ခံယူပါတယ်။ ဒါကြောင့်လူတိုင်း လူတိုင်း မိမိရရှိထားတဲ့ အခွင့်အလမ်းတွေ အပေါ်မှာ ကြိုးပမ်းအားထုတ်မှု၊ ပေးဆပ်မှုတွေ ရှိနေမှာပါ။ ဘယ်အရာမှ အလကား ရလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့အားလုံး တံဆိပ်ကပ်ခြင်းတွေကို မေ့ဖျောက်ထားပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယိုင်းပင်းကူညီမှု တွေနဲ့သာ ဆောင်ရွက်ကြမယ် ဆိုရင် အရာရာ အားလုံးဟာ ဒီထက်ပိုပြီး သာယာလာမယ်လို့ ထင်မြင်မိပါတော့တယ်။ ( မည်သူ့ကိုမှ စော်ကားလိုခြင်း မရှိပဲ စိတ်ထဲက ခံစားမှုများကို ပုံဖေါ်ရေးသာခြင်း ဖြစ်ကြောင်း ရိုးသားစွာ ၀န်ခံပါတယ်။ နားလည်မှုတွေ လွဲမှားမယ် ဆိုရင်တော့ ကျမ၏ မြန်မာစာ အသုံးအနှုန်း ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါကြောင်း…….. )


ီDraftman တစ်ယောက်ရဲ့တာဝန်

AutoCAD 2009 Download Link

AutoCAD 2009 ကို လိုချင်တဲ့ သူတွေအတွက် လင့်တွေပေးလိုက်ပါတယ်။ မူရင်းလင့်တွေကိုတော့ ဒီဖိုရမ်မှာ သွားရှာယူလို့ ရပါတယ်။ Rapid Share Account တစ်ခုရှိရင်တော့ ပိုပြီး အဆင်ပြေတာပေါ့လေ :P
http://rapidshare.com/files/105118004/Jordan-2.0.0.9_abu137_.part01.rar
http://rapidshare.com/files/105126459/Jordan-2.0.0.9_abu137_.part02.rar
http://rapidshare.com/files/105134326/Jordan-2.0.0.9_abu137_.part03.rar
http://rapidshare.com/files/105224960/Jordan-2.0.0.9_abu137_.part04.rar
http://rapidshare.com/files/105226380/Jordan-2.0.0.9_abu137_.part05.rar
http://rapidshare.com/files/105227151/Jordan-2.0.0.9_abu137_.part06.rar
http://rapidshare.com/files/105228027/Jordan-2.0.0.9_abu137_.part07.rar
http://rapidshare.com/files/105230351/Jordan-2.0.0.9_abu137_.part08.rar
http://rapidshare.com/files/105231794/Jordan-2.0.0.9_abu137_.part09.rar
http://rapidshare.com/files/105232765/Jordan-2.0.0.9_abu137_.part10.rar
http://rapidshare.com/files/105234180/Jordan-2.0.0.9_abu137_.part11.rar
http://rapidshare.com/files/105234631/Jordan-2.0.0.9_abu137_.part12.rar
Menu Browser of AutoCAD2009


AutoCAD 2007, 2008 စတာတွေကိုတောင် သေသေချာချာ နှံနှံစပ်စပ် သုံးလို့မပြီးသေးခင်မှာ AutoCAD 2009ဆိုတာကြီးကို သုံးစွဲသူတွေ လက်ထဲကို ထည့်ပေးလိုက်ပါတယ်။ အစပထမတော့ စိတ်မ၀င်စားပါဘူး။ ဒါပေမယ့် လူပြောသူပြောများလာတော့ ကွန်ပြူတာမှာ အင်စတောလုပ်ပြီး သုံးကြည့်လိုက်ပါတယ်။ Application Window ကြီးကို စဖွင့်လိုက်တာနဲ့ အသွင်သစ်၊ အမြင်သစ်တွေနဲ့ တစ်မူထူးခြားစွာ ဖန်တီးထားတဲ့ AutoCAD 2009 ကို လှလှပပ တွေ့လိုက်ရပါတယ်။ Default Window မှာ ပါဝင်နေကြ Status Bar, Menu Bar, Toolbar စတာတွေကို ဒီဇိုင်းပုံစံအသစ်တွေနဲ့ ဖန်တီးထားသလို Info Center စတဲ့ ToolBar အသစ်တွေကိုပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Menu Bar ကိုအရင်ကလို Toolbar တွေရဲ့ အပေါ်မှာ အလွယ်တကူ မတွေ့နိုင်ပဲ ဘယ်ဘက်ထောင့်လေးမှာ Menu Browser Icon အနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။
အဲဒီ့အိုင်ကွန်လေးကို နှိပ်လိုက်ရင် မီနူးဘားမှာ ပါဝင်နေကြဖြစ်တဲ့ File, Edit, View အစရှိတာတွေကို Vertical list တစ်ခုအနေနဲ့ တွေ့ရမှာဖြစ်ပြီး၊ Menu List ကိုတော့ Horizontal List အနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။
မီနူးဘောက်စ်ရဲ့ အပေါ်လေးမှာ Search Menu Bar ကိုမြင်တွေ့ရမှာပါ။ Command တစ်ခုခုကို မေ့နေလျှင်၊ ဒါမှမဟုတ် Toolbar တစ်ခုခုကို အလွယ်တကူ ရှာမတွေ့လျှင်ဖြစ်စေ ထိုနေရာလေးတွင် ရှာဖွေနိုင်ပါတယ်။
Menu Brower ထဲမှာ Menu Toolbar တွေအပြင် Recent Documnets, Open Document, Recent Actions စတာတွေကိုပါ မြင်တွေ့ကြရမှာပါ။ Recent Document နဲ့ Open Document စတာတွေကို ပြန်ကြည့်တဲ့ နေရာမှာ Drawing တွေကို အကြီးအသေး နှစ်သက်သလို ပြောင်းလဲနိုင်သလို ပုံတွေကိုရက်စွဲအလိုက် အမျိုးအစားအလိုက် အစီအစဉ်တကျ စီစဉ်ထားနိုင်ပါတယ်။ ပုံ၏အပေါ်ကို မောက်စ်ဖြင့် ရွေးချယ်ထားချိန်တွင် ထိုပုံကို သိမ်းဆည်းထားသည့် နေရာ၊ နေ့ စသည်တို့ကို အလွယ်တကူ သိရှိနိုင်ပါသည်။




READ MORE....AUTOCAD
ဆက်ဖတ်ရန်>>>