Monday, May 24

✅ Lion & Tiger အီဒီယံ အသုံးအနှုန်းများ

listen to voanews.com

ဲ့ အီဒီယံ အသုံးအနှုန်းများမှာ lion's share နဲ့ have a tiger by the tail တို့ ဖြစ်ပါတယ်။

တောရိုင်းတိရစာ္ဆန်တို့ရဲ့ ဘုရင်တစုလို့ ခလေးတွေ နှစ်သက်တဲ့ ရွှေသွေးပုံပြင်တွေထဲမှာ တင်စား ပြောဆိုထားတဲ့ ကေသရာဇာခြင်္သေ့ (lion) ကို အခြေခံတဲ့ lion's share ဆိုတဲ့ အီဒီယံအသုံးကို ပထမဦးဆုံး တင်ပြပေးပါမယ်။ Lion's = ခြင်္သေ၏ နဲ့ share = ဝေပုံစု ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခြင်္သေ၏ ဝေပုံစု ဖြစ်ပါတယ်။

သမိုင်းကြောင်း နောက်ခံကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ငါးရာ လောက်က ရှေးဟောင်း ဂရိ (Greek) ပုံပြင် ပြောပြသူ တဦးက စခဲ့တယ်လို့ ယူဆကြပါတယ်။ ခြင်္သေ့အနေနဲ့ အစားရှာဖွေဖို့ တခြား တောရိုင်း တိရစာ္ဆန် အုပ်စုထဲမှာ ပါဝင်ခဲ့ပါတယ်။ တချိန်မှာ သမင်တကောင်ကို သတ်ဖြတ် ပစ်နိုင်ပြီးနောက် ခြင်္သေ့ က သူ့ ဝေစုကို တောင်းတဲ့အခါ သမင် တကောင်လုံးကို လိုချင်နေပါတယ်။ ဟိတ်ဟန်ရှိတဲ့ ခြင်္သေ့က ဟိန်းဟောက်ပြီး ခြိမ်းခြောက် တောင်းဆိုတာကို တခြား တိရစာ္ဆန်တွေက ကန့်ကွက် ပြောဆိုခြင်း မရှိတာကြောင့် လောဘ ရမက်ကြီးတဲ့ ခြင်္သေ့က သမင် တကောင်လုံးကို ရသွားခဲ့ပါတယ်။ ဒီပုံပြင်ကို အခြေခံပြီး lion's share အသုံးက ဝေစုခွဲရာမှာ မတရားတာ မှန်ပေမယ့် ကိုယ့်အဖို့ အများဆုံး ကျန်အောင် ဝေပုံကျကို ခွဲယူခြင်းကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

အဖိုးကြီးတဦးက သူမသေခင်လေးမှာ ဘာမှမဟုတ်တဲ့ကိစ္စကြောင့် သူ့သားသမီးတွေနဲ့ စကားများပြီး အမွေစာချုပ်မှာ အပြောင်းအလဲလုပ်လိုက်တဲ့အကြောင်း George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ပါ။
"The angry old man changed his will. And, his family was shocked to discover he had left the lion's share of all his money to a distant cousin. Most of them have never heard of."

"အဖိုးကြီးလည်း ဒေါကန်ပြီး သူ့ အမွေစာချုပ်ကို ပြောင်းလဲပစ်ခဲ့တယ်။ ဒါကြောင့်လည်း သူ့ကျန်ရစ်သူ မိသားစုက သူတို့ တခါမှ မကြားဘူး၊ မသိတဲ့ ဆွေမျိုး နီးစပ်သူတဦးကို အမွေဝေပုံကျ အများစု ပေးခဲ့တယ်လို့ သိကြတဲ့အခါမှာတော့ အားလုံး ဒေါသထွက် တအံ့တသြ ဖြစ်ခဲ့ကြတယ်။"


ဒုတိယ အသုံးအနှုန်းက ကျားတိရစာ္ဆန် နဲ့ ဆက်နွယ်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ Have a tiger by the tail ဖြစ်ပါတယ်။ Have = ရှိပါသည်။ Tiger = ကျား နဲ့ Tail = အမြီး တို့ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကျားတကောင်ကို အမြီးကနေကိုင်ပါလို့ ပြန်ဆိုနိုင်ပါတယ်။

အီဒီယံ သဘောအရတော့ ကျားမြီးဆွဲတဲ့အခါ သိပ်ပြီး အားကောင်းဖို့ လိုသလို၊ သိပ်ပြီးတော့လည်း ကြောက်ဖို့လည်း ကောင်းပါတယ်။ မြန်မာ အသုံးအနှုန်း မှာလည်း ကျားမြီး ဆွဲရသလိုပဲ ဆိုတဲ့စကား ရှိပါတယ်။ ဒီစကား သဘောကတော့ မနိုင်တဲ့ ဇာတ်ကို က ရတဲ့သဘော၊ ကိုယ် မကျွမ်းကျင် အန္တရာယ်ရှိတဲ့ အလုပ်တခုခုနဲ့ သွားပတ်သက်မိရင် ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့ သဘော ဖြစ်ပါတယ်။

အောက်ပါတင်ပြထားတဲ့ have a tiger by the tail အီဒီယံက လူတယောက် တရားမဝင် မူးယစ်ဆေးဝါးသုံးစွဲခဲ့တာကို George Crows တင်ပြပေးထားတဲ့ ဥပမာ ဖြစ်ပါတယ်။

"Once you start using heroin, you have a tiger by the tail. If you get hooked, you'll need more. It'll cause you more money, and you might have to steal to support the habit."

"ဘိန်းဖြူကို စပြီး သုံးစွဲမိရင် ခင်ဗျား အနေနဲ့ ကျားမြီး ဆွဲမိတော့တာပဲ။ ဆေးစွဲသွားရင် ဆေးကို သုံးချင်စိတ် ပိုဖြစ်လာသလို ပိုပြီးတော့လည်း ငွေကြေး ကုန်ကျများ လာမယ်။ ပြီးတော့ ဆေးသုံးမဲ့ အကျင့်ကို မဖျောက်နိုင်လို့ ခိုးရတဲ့ အကျင့် ရှိလာလိမ့်မယ်။"

No comments: