Tuesday, June 8

MSB တစ်ခုတွင်ပါဝင်သောအဓိကအစိတ်အပိုင်းများ


Low voltage system , Main Switch Board တစ်ခုတွင် ပါဝင်သော အဓိကအစိတ် အပိုင်းများမှာ

၁။ ကိုယ်ထည် (Body, Frame)
၂။ ကေဘယ်အဝင်ပိုင်း (Main breaker)
၃။ Metering & Protection
၎။ Bus Bar
၅။ ပါဝါဖြန့်ဝေရာအပိုင်း(Outgoing breakers)
၆။ ကာပယ်စီတာဘဏ့် (Capacitor Bank)
တို့ဖြစ်ပါတယ်။

၁။ ကိုယ်ထည်ပိုင်း (Body, Frame)
ကိုယ်ထည်ပိုင်းကိုတော့၂မီလီမီတာအထူ sheet metal နဲ့ပြုလုပ်ထားပြီး ဆေးကတော့ Expoxy powder coding ပါ။ ပေါင်ဒါကို အခြောက်မှုတ်ပြီးမှ အပှုချိန် ၂၀၀ ဒီဂရီစင်တိဂရိတ်နဲ့ ၄၅ မိနစ် အလုံပိတ်အခန်း ထဲထည့်ပြီးပေါင်းရပါတယ်။ တစ်စစီ အစိတ်အပိုင်းများဖြုတ်တတ်၍ရသော modular type ဖြစ်ပါတယ်။




၂။ ကေဘယ်အဝင်ပိုင်း(Main Breaker)



Main Breaker ကိုနှစ်မျိုးသုံးပါတယ်။ အမ်ပီယာ ၁၂၀၀ ထိ MCCB (Moulded Case Circuit Breaker)ကို
သုံးပြီး အထက်ကိုတော့ ACB (Air Circuit Breaker)ကိုသုံးပါတယ်။ ကျွန်တော်တို့စက်ရုံကတော့ Low voltage
မှာ အမ်ပီယာ ၆၀၀၀ ထိပြုလုပ်ပါတယ်။ ဒီအပိုင်းကတော့ ထရန်စ်ဖော်မာ သို့မဟုတ် ဂျင်နရေတာ မှ ပါဝါ အဝင်
ကေဘယ်လက်ခံတဲ့ အပိုင်းပါ။

၃။ Metering & Protection



ပါဝါ ဆပလိုင်းရဲ့ အဝင် ဗို့တေ့ voltage ၊ဖရီကွမ်စီ Hz သုံးစွဲ အမ်ပီယာ Amp, ကီလိုဝပ်Kw,ကီလိုဝပ် ဟာဝါ
Kwh, ပါဝါဖက်တာ PF အစရှိသည်တို့အားသိရှိနိုင်ရန် အဆိုပါမီတာများကို တပ်ဆင်အသုံးပြုပါတယ် ။
Bus Bar protection relay များဖြစ်တဲ့ Over current နဲ့ Earth fault relay ကိုလဲဒီအပိုင်းမှာပဲ တပ်ဆင်ပါ တယ် ။ Current transformer များကိုတော့ အဝင် Main Breaker နဲ့ အထွက် Breakers များ ကြား Bus Bar မှာတပ်ဆင်ပါတယ်။



၎။Bus Bar
Bus Bar ကတော့ ကြေးနီဖြင့်ပြုလုပ်ထားပြီး Outgoing Breakers များသို့ ပါဝါ ဖြန့်ဖြူးပေးပါတယ်။ ကြေးညှိ
မတက်စေရန် နီကယ်ရည်စိမ်ထားပါတယ်။

၅။ပါဝါဖြန့်ဝေရာအပိုင်း(Outgoing Breakers)
Sub board ,MCC (motor control panel) ,DB (distribution board) တို့ကို ပါဝါ ဖြန့်ဝေ ပေးပါတယ်။

၆။ ကာပယ်စီတာဘဏ့် (Capacitor Bank)
ပါဝါ ဖက်တာ ကို မြှင့်တင်ရန် အသုံးပြုပါသည်။ ပါဝါဖက်တာအင်ပရုမန့်တွင်လေ့လာနိုင်ပါသည်။

No comments: