Friday, June 19

✅ အရမ်းရှက်တတ်သော အပျိုကြီးညီမ



နယ်စပ်မြို့လေး တမြို့ရှိ အိမ်တအိမ်တွင် အရမ်းရှက်တတ်သော အပျိုကြီးညီမ
နှစ်ယောက်နေထိုင်သည်၊ အဲဒီ ညီမနှစ်ယောက်ဟာ ဘယ်လောက်ရှက်တတ်သလဲ ဆိုရင်
လူမှန်းသိတတ်ချိန်မှစပြီး သူစိမ်းတွေနဲ့လဲ ဆက်ဆံမှုနည်းပါပြီး
ယောကျာင်္းလေးများနဲ့လဲ အကျွမ်းတဝင်သိပ်မရှိပဲ အိမ်ထဲမှာတွင်သာ
အနေများကြလေသည်။ထို အပျိုကြီးများ၏မိဘနှစ်ပါးသည်
သူတို့အတွက်အစိုးရိမ်လွန်နေကြသည်။
အဘိုးကြီး။ ။မိန်းမရေ..ငါတို့သမီးနှစ်ယောက်အတွက် ဘယ်လိုလုပ်ကြမလဲ။ဒီလို
အရှက်အကြောက်ကြီးနေရင်တော့
ငါတို့ မရှိတော့ရင် သူတို့ဘယ်လိုနေထိုင်ကြမလဲ?
အဘွားကြီး။ ။ဟုတ်တယ်ရှင့် သူတို့အတွက် တခုခုတော့ ကျွန်မတို့
လုပ်ပေးသင့်နေပြီထင်တယ်။
တနေ့တော့ သူတို့မြို့မှာ ကာယအလှမယ် ပြိုင်ပွဲကျင်းပလေသည်။အဲဒီမှာ
အဘိုးကြီးက သူ့သမီးနှစ်ယောက်ကြည့်ရအောင် လက်မှတ်နှစ်စောင်
ဝယ်ခဲ့လေသည်။အိမ်ရောက်တော့ "သမီးတို့ရေ သမီးတို့ နှစ်ယောက်လဲ
အပြင်မထွက်တာကြာပြ။ီသမီးတို့အတွက်
ကာယအလှမယ်ပြိုင်ပွဲကြည့်ရအောင်လက်မှတ်ဝယ်ခဲ့တယ်။သမီးတို့
သွားကြည့်လ်ိုက်လိုက်ဦး" အဲဒီတော့ အပျိုကြီးညီအမ နှစ်ယောက်လဲ
သွားကြည့်ကြလေသည်။သိပ်မကြာမီ အပျိုကြီးညီမ နှစ်ယောက် သုတ်သုတ်
သုတ်သုတ်နဲ့ ပြန်ရောက်လာကြသည်။သူ၏ ဖခင်မှာ စိုးရိမ်ပြီး မေးမြန်းလေသည်။
အဘိုးကြီး။ ။ဘာဖြစ်လို့ မြန်မြန်ပြန်ခဲ့တာလဲ သမီးတို့! ဘာတွေဖြစ်လို့လဲ?
အပျိုကြီး။ ။သမီးတို့လဲ အဖေလက်မှတ်ဝယ်ပေးလို့ သွားကြည့်ပါတယ်။ပထမတော့
ကာယအလှမယ် ပြိုင်ပွဲတုန်းက အရမ်းကြည့်ကောင်းတယ်။ကာယ အလှမယ်လေးတွေက
ချောသလားမမေးနဲ့ အဖေရယ်။ကာယအလှမယ်ပြိုင်ပွဲ ပြီးတော့ ကာယဗလမောင်တွေ
ထွက်လာတယ် အဖေရယ်။ ကာယဗလမောင်တွေက အဝတ်အစားတွေလဲ မပါဘူး အဖေရယ်။ သမီးတို့
ရှက်လိုက်တာ မပြောပါနဲ့တော့။အဲဒါ သမီးတို့ ရှက်လွန်းလို့
ကာယမလမောင်တွေရဲ့ အဝတ်အစားရှိတဲ့ နေရာလေးကိုပဲ လက်ကလေးနဲ့ကွယ်ပြီး
တချိန်လုံးကြည့်ခဲ့တယ် အဖေရဲ့။
အဘိုးကြီး၊ ။တော်သေးတာပေါ့ ရှက်လွန်းလို့ အဝတ်အစားရှိတဲ့ နေရာလေးကိုပဲ
တချိန်လုံးကြည့်ခဲ့လို့ပေါ့။မရှက်များ မရှက်ရင်......
ကဲ စဉ်းစားသာကြည့်ပါတော့ ကာယဗလမောင်တွေရဲ့ အဝတ်အစားရှိတဲ့နေရာ?

ဆက္ဖတ္ရန္>>>

Wednesday, June 17

✅ “ နေအိမ် (သို့မဟုတ်) ဘုန်းကြီးကျောင်း တွင် ဆွမ်းကပ်ကြမည့် ဒကာဒကာမများအတွက် မှတ်သားဖွယ်”



၁။ အသားဟင်း ကပ်လျှင် အသားတုံးကို ဖဲ့စရာ မလိုသော တစ်ကိုက်စာ အရွယ်အစားများ တုံးတစ်၍ ချက်ပြုတ်သင့်သည်။ 

(ရဟန်းသည် အသားတုံးကို ပါးစပ်ဖြင့် ကိုက်ဖဲ့စားသောက်လျှင် အာပတ်သင့်သည်။ ဝက်ခြေထောက်၊ ဂဏန်းဟင်း စသော ဟင်းလျာများမှာ အများရှေ့တွင် ဘုဉ်းပေးရန် မသင့်လျော် ) 

၂။ ငရုတ်သီး၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စသည်တို့ကို အလုံးလောက်၊ အတောင့်လိုက် မကပ်ဘဲ ခွဲခြမ်းစိပ်ပိုင်း၍ ကပ်ရမယ်။ 

(ကြက်သွန်ဖြူ အလုံးလိုက်သည် အပင်ပြန်ပေါက်နိုင်သေးသောကြောင့် ဖြစ်သည်။)

၃။ တို့စရာအဖြစ် ဟင်းရွက် အစိမ်းများကို ဟင်းလျာအဖြစ် စီစဉ်ထားလျှင် ထိုဟင်းရွက်ကို (ဥပမာ - နံနံပင်) အပင်လိုက် ဟင်းပွဲမပြင်ဘဲ တတ်နိုင်သမျှ သေးအောင် ပိုင်းဖြတ်ထားသင့်သည်။ 

(တချို့ ဟင်းရွက်ပင်တို့ သည် အညွှန့်မှ / အကိုင်းမှ အပင်ပြန်ပေါက်နိုင်သေးသည်။ ရေနွေးစိမ်ထားလျှင် အကြောင်းမဟုတ်။)

၄။ အသီးအနှံကို အချိုပွဲအဖြစ်ကပ်ရာတွင် မည်သည့် အသီးကိုမဆို အလုံးလိုက် မထားဘဲ ခွဲစိတ်ထားသင့်သည်။ 

(စပျစ်သီး၊ စတော်ဘယ်ရီသီးပါ မကျန်) 

(ဝိနည်းလေးစားကြသော ဝိနယဂရုက ရဟန်းတော်များသည် သစ်သီးအစေ့ကို ဝါးမိ၊ စားမိလျှင် အာပတ်သင့်သည်ဟု ယူကြသည်။ ထိုကြောင့် တတ်နိုင်လျှင် အသီးများမှ အစေ့ထုတ်၍ ကပ်လှူသင့်သည်။ အစေ့ဖယ်မရသော စတော်ဘယ်ရီသီးကိုမူ ဝိနည်းကံ "ကပ္ပိယံ ကရောဟိ" ပြုရမည်။)

အထက်ပါ ၂ နှင့် ၃ ပါ အစာအစားများကို ကပ္ပိယမှ အပ်စပ်အောင် "ကပ္ပိယံ ကရောဟိ" ပြုပေးနိုင်လျှင် ပိုကောင်းမည်။ အမှတ် ၄ ပါ သစ်သီးမှာ သေးလွန်းလို့ ခွဲဖို့ အဆင်မပြေလျှင် "ကပ္ပိယံ ကရောဟိ" လုပ်သင့်သည်။

၅။ အသားဟင်းကပ်ရာတွင် တချို့အသားဟင်းမှာ အမဲသားလော၊ ဆိတ်သားလော စသဖြင့် ခွဲခြားရန် ခက်ခဲတတ်ပါသည်။ ထိုသို့ ရဟန်းက သံသယရှိလျှင် မည်သည့်အသားဖြစ်ကြောင်း လျှောက်ထားရမည်။ လိုအပ်လျှင် ဦးအောင် လျှောက်ထားပါ။ 

(ရဟန်းသည် အသားဟင်းကို မြင်လျှင် မည်သည့် အသားမှန်း မသိဘဲ၊ မစုံစမ်းဘဲ မစားအပ်။ အာပတ်သင့်မည်။ ရဟန်းတို့ မစားကောင်းသော အသား ၁၀ မျိုးကိုလည်း သိထားသင့်သည်။) 

၆။ ဖားအောက်တောရများနှင့် ယိုးဒယားရှမ်းကျောင်းများတွင် ဆွမ်း/ဟင်းများကို ရဟန်းအား ကပ်ပြီးပါက ထိုစားပွဲကို လူတို့အား ပေးမကိုင် ပေးမထိတော့ချေ။ ထိုသို့ မကြိုက်မှန်းသိလျှင် ဟင်းလိုက်ပွဲ ထည့်လိုပါက နီးစပ်ရာ ရဟန်းအား ဦးစွာ ခွင့်တောင်းသင့်သည်။ မိမိဆန္ဒအလျောက် ဟင်းခွက်ကို လှမ်းယူခြင်း မပြုသင့်။ 

(လူတို့တွင် ကပ်ပါနေသော ဖုန်မှုန့်များ အစားအစာထဲ ဝင်သွားလျှင် အကပ်ပျက်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။)

၇။ ဟင်းပွဲလိုက်သော (ဟင်းလိုက်ပွဲထည့်သော) သူများသည် ဟင်းပွဲထပ်ထည့်လိုလျှင် ရဟန်းများကို မေးမြန်းမနေဘဲ အလိုက်တသိ ထည့်ပေးရမည်။ 

(မေးမြန်း၍ အကယ်၍ ရဟန်းက ငြင်းဆိုမိလျှင် တခြားအစာအစားများ ထပ်တောင်းရန် မဖြစ်နိုင်ပေ။ ငြင်းပြီးနောက်မှ ထပ်ထည့်ခိုင်းသော အစာကို စားမျိုမိလျှင် အာပတ်သင့်၏) 

၈။ ဆွမ်းထမင်း လိုက်ပွဲကို ဒကာတစ်ယောက်မှ လိုက်ထည့်ပေးခြင်းထက် လိုက်ပွဲဇလုံအား ရဟန်း၏ အနားတွင် ချထားပေးခြင်းက ပိုသင့်လျော်မည်။ သူအလိုရှိလျှင် သူ့ဖာသာ ထည့်လိမ့်မည်။ သို့မဟုတ် ထည့်ပေးဖို့ တောင်းဆိုလိမ့်မယ်။

၉။ ဆွမ်း/ဟင်းပွဲလိုက်သူသည် ဆွမ်း/ဟင်း ထပ်ထည့်ရန် အတင်းတောင်းဆိုခြင်း မပြုသင့်။ ရဟန်း၏ အမူအရာကို ပါးနပ်စွာ အကဲခတ်တတ်ရမည်။ ရဟန်းတို့မှာ ဆွမ်းပွဲ၌ ထိုင်နေစဉ် မငြင်းမိအောင် သတိထားရသည်။ (အထက်ပါ အကြောင်းအရင်း) 

၁၀။ ဟင်းပွဲလိုက်သောသူသည် မိမိကိုင်ထားသော ဟင်းကို ရဟန်းတစ်ပါးပါးအား ကပ်ပြီး၊ မပြီး သတိပြုရမည်။ စားဖိုချောင်မှ အသစ်ယူလာသော ဟင်းဖြစ်ပါက နီးစပ်ရာ ရဟန်းတစ်ပါးပါးအား အမြန်ဆုံး ကပ်လိုက်ပါ။ လိုက်ပွဲထည့်ရာတွင်လည်း "ကပ်ပြီးသားပါဘုရား" ဟု သံသယကင်းရှင်းစေရန် အလိုက်တသိ လျှောက်ထားသင့်သည်။

၁၁။ မုန့်ဟင်းခါး၊ ခေါက်ဆွဲကြော်၊ အုန်းနို့ခေါက်ဆွဲ စသည့် အမျှင်ရှည်ပါသော ခေါက်ဆွဲဖက်များကို အရှည်အတိုင်း မထားဘဲ ခပ်တိုတို ညှပ်ပြီးမှ ဘုဉ်းပေးရန် ကပ်သင့်သည်။ 

(တစွတ်စွတ် တပျပ်ပျပ် အသံမြည်အောင် မစားအပ်။)

၁၂။ ဆွမ်းဘုဉ်းနေစဉ် ရဟန်းတို့၏ အရိုး၊ အမှိုက်၊ ဝါးဖတ် စသည့် အညစ်အကြေးများကို စွန့်ပစ်နိုင်ရန် သီးသန့် အရိုးပန်းကန်/ အမှိုက်ခြင်း ထားပေးရမည်။  

(ရဟန်းမှာ အရိုးများ၊ ဝါးဖတ်များကို မိမိစားသုံးသော ပန်းကန်ထဲ ထည့်လျှင် အာပတ်သင့်မည်။)

၁၃။ ဆွမ်းဟင်း အဆင်သင့်ပြင်ပြီး၍ ရဟန်းတို့အား ဆွမ်းကပ်ပြီးလျှင် ဝေယျာဝစ္စ ပြုလုပ်ပေးမည့် သူမှအပ ကျန်သူများ တခြားလွတ်လပ်သော တစ်နေရာတွင် သွားနေသင့်သည်။ 

မိမိလှူသောဆွမ်း ဘုဉ်းပေးနေသည်ကို ကြည်ညိုလိုလျှင်လည်း ခပ်လှမ်းလှမ်းမှသာ ကြည်ညိုသင့်သည်။ ရဟန်းတို့ လွတ်လွတ်လပ်လပ် ဘုဉ်းပေးပါစေ။

၁၄။ တချို့ ဒကာမများသည် မိမိချက်လာသော ဟင်းဖြစ်၍ အားရပါးရ အားပေးစေချင်ကြသည်။ ရဟန်းက မထိမတို့လျှင် အားမရဘဲ ဒကာမကိုယ်တိုင် ရဟန်း၏ ပန်းကန်းထဲသို့ အတင်း လိုက်ထည့်ပေးတတ်ကြ၏။ ရဟန်းမှာ ငြင်းမိလျှင်လည်း အာပတ်သင့်နိုင်စရာ အကြောင်းဖြစ်နေ၍ မိမိ မနှစ်မြို့သော်လည်း လက်ခံလိုက်ရသည်များ ရှိတတ်သည်။ ထိုကြောင့် ရဟန်း၏ ပန်းကန်ထဲသို့ အတင်းအဓမ္မ ထည့်ပေးခြင်းများ မပြုမိဖို့ ဆင်ခြင်သင့်သည်။ 

၁၅။ ဆွမ်းဓုတင် (၅) မျိုး ဆောင်သော ရဟန်းများ ရှိတတ်သောကြောင့် ဆွမ်းဓုတင် ငါးမျိုးအကြောင်းလည်း သိထားသင့်သည်။ မသိလျှင်လည်း မိမိဆန္ဒအလျောက် အတင်းအကြပ် တောင်းဆိုခြင်းမျိုး မပြုမိအောင် သတိပြုရမည်။ အကင်းပါးဖို့ လိုအပ်ပါသည်။

၁၆။ ဆွမ်းစားချိန် ကျရောက်၍ ဆွမ်းစားကျောင်းဝင်ရန် ရဟန်းအား ပင့်ဖိတ်သောအခါ "ထမင်းသွားစားရအောင်"၊ "ထမင်းစားကြွပါ" စသည့် လူဝတ်ကြောင်တို့အတွက် သုံးသော ဝေါဟာရဖြင့် ပင့်ဖိတ်ခြင်း မပြုရ။ "ဆွမ်းဘုဉ်းဖို့ ကြွပါ" စသည့် ရဟန်းအသုံးအနှုန်းဖြင့်သာ ပင့်ဖိတ်သင့်သည်။

၁၇။ ဆွမ်းခံစားသော ရဟန်းအိုများတွင် အများဆုံး တွေ့ရသော ရောဂါဝေဒနာများမှာ အသည်းအဆီဖုံးနှင့် အသည်းကင်ဆာတို့ ဖြစ်သည်။ မြန်မာတို့ ရိုးရာဓလေ့အရ ဟင်းချက်လျှင် ဆီရွှဲနေမှ၊ ဆီနစ်နေမှ ဟင်းကောင်းသည်ဟု ယုံကြည်ကြသည်။ ဟင်းမှာ ဆီမပါလျှင် မျက်နှာမလှဟု ယူဆကြသည်။ 

ထိုကြောင့် ဘာဟင်းချက်ချက် ဆီကို နင့်နေအောင် သုံးကြသည်။ အရည်သောက်ဟင်းရည်ပင်လျှင် ဆီတဝင်းဝင်းနှင့် ဖြစ်နေတတ်သည်။ သပိတ်ထဲ၊ ပန်းကန်ထဲ နစ်နေအောင် ရှိနေသော ထိုဆီများသည် ရဟန်းတို့အား တိတ်တိတ်ပုန်း သတ်ဖျက်နေသော လက်နက်များ ဖြစ်ပေသည်။ 

ထိုကြောင့် ဒကာမများ ဆွမ်းလောင်း၊ ဆွမ်းကပ်လျှင် ဟင်းထဲ ဆီကို တော်သင့်ရုံသာ အသုံးပြုသင့်သည်။ ဆွမ်းလောင်းမည်ဆိုလျှင် ဟင်းထဲမှ ဆီများ လုံးဝ ဖယ်ရှားပြီးမှ လောင်းသင့်သည်။ ထိုသို့မဟုတ်လျှင် သပိတ်၏ အောက်ခြေ သုံးပုံတစ်ပုံတွင် ဆီများ အိုင်ထွန်းနေတော့မည်။

၁၇။ မြတ်စွာဘုရား လက်ထက်တော်အခါက နေအိမ်၌ ဆွမ်းကပ်လျှင် ရဟန်းတစ်ပါး စားပွဲတစ်လုံးကျစီဖြင့် ဆွမ်းကပ်လှူကြောင်း မှတ်သားရသည်။ 

တချို့ နိုင်ငံခြားမှ ထေရဝါဒ ဘုန်းကြီးကျောင်းများတွင်လည်း ရဟန်းတစ်ပါးစီအတွက် ဟင်းခွက်တစ်စုံစီ သီးသန့် ကပ်လှူကြောင်း ကြုံကြိုက်ဖူးသည်။ 

သို့သော် မြန်မာနိုင်ငံ၌ ရဟန်းသံဃာ များပြား၍ အကြောင်းအမျိုးမျိုးကြောင့် ထိုသို့ မလုပ်နိုင်ကြတော့ပါ။ ဖြစ်နိုင်လျှင် အရည်သောက်ဟင်းကို တစ်ပါးတစ်ခွက် စီစဉ်ပေးနိုင်လျှင် ကောင်းမည်။ 

(စားခွက်တစ်ခွက်တည်း ရဟန်းတစ်ပါးနှင့်အထက် အတူတူ စားလျှင် အာပတ်သင့်သည်။)

အသစ်လာချသော အစားအစာကို ရဟန်းမှ "တော်ပြီ"၊ "မလိုဘူး"၊ "မထည့်နဲ့" စသဖြင့် တားမြစ်ပြီးလျှင် နောက်ထပ် လာချသော မည်သည့် အစားအစာကိုမျှ မသုံးဆောင်အပ်တော့ပေ။ 

မတားမြစ်ခင်က ရှိနှင့်ပြီးသော အစားအစာကိုမူ စားကောင်းသေး၏။ အကယ်၍ တားမြစ်ပြီး အသစ်ရောက်လာသောအစားအစာကို စားမျိုမိလျှင် အလုတ်တိုင်း အာပတ်သင့်၏။ ဝိနည်းအခေါ် ပဝါရိတ်သင့်သည်ဟု သုံးသည်။ 

ထိုကြောင့် ရဟန်းတို့မှာ တားမြစ်လိုလျှင် ပရိယာယ်တစ်မျိုးဖြင့် "ပြည့်စုံပြီ" ဟု ပြောလေ့ရှိကြသည်။

ပြည့်စုံပြီဟု ပြောလာလျှင် အလိုက်သိစွာဖြင့် အတင်းအဓမ္မ ထပ်ထည့်ရန် မတောင်းဆိုသင့်။

အသားဟင်းများကို ပါးစပ်ဖြင့် ကိုက်ဖဲ့စားသုံးမှသာ အာပတ်သင့်ပါသည်။ လက်ဖြင့် ဖဲ့ယူစားသုံးလျှင် အပြစ်မရှိပါ။ 

သို့သော် အချိန်ကြာခြင်း၊ လက်ဝင်ခြင်းများကြောင့် ဖဲ့ရခက်၊ နွှာရခက်သော အသားဟင်းမျိုး ရှောင်သင့်ပါသည်။ ငါးဟင်းကဲ့သို့ ဖဲ့ရလွယ်သော အသားများ ဖြစ်ပါက အတုံးကြီးလည်း ပြဿနာ မရှိပေ။

ဝိနည်းစည်းကမ်း သိပ်များတာ မှတ်ဖို့ မလွယ်ဘူးလို့ တွေးကြလိမ့်မည်။ အနှစ်ချုပ်ရလျှင် ဒကာဒကာမများအနေဖြင့် ဝိနည်းအကုန် သိဖို့မလို အလိုက်သိဖို့သာ အရေးကြီးပါကြောင်း ...

ဗုဒ္ဓသါသနံ စိရံ တိဋ္ဌတု ။


PS  Note 👉 "ကပ္ပိယံ ကရောဟိ" ကို မြန်မာလိုဆိုရင်—

"ဝိနည်းနှင့်အညီဖြစ်အောင် လုပ်ပေးပါ။" "ခွင့်ပြုနိုင်သည့်အခြေအနေဖြစ်အောင် ဆောင်ရွက်ပေးပါ။"လို့ အဓိပ္ပာယ်ရပါတယ်။


👉 https://vt.tiktok.com/ZSXV9HYdp/


ဆက္ဖတ္ရန္>>>

Thursday, May 28

✅ ဗူးထဲက အနမ်း

သုံးနှစ်အရွယ်
သမီးလေးတစ်ယောက် လူကြီးတွေကို အသိမပေးဘဲ လက်ဆောင်ပစ္စည်းထုပ်တဲ့ ငွေရောင်စက္ကူ
တစ်ချို့ကို ယူကစားမိတယ်။ အဖေက သိတော့ စိတ်ဆိုးပြီး ကလေးကို အပြစ်ပေးတယ်။
ငွေရောင်စက္ကူကို ဘာလုပ်ပစ်လဲလို့ လိုက်စစ်မေးတော့ ကလေးငယ်က ဘူးထုပ်ဖို့
ယူသုံးမိကြောင်း ပြောခဲ့တယ်။
နောက်တစ်နေ့မှာ ကလေးငယ်က ဘူးကိုယူပြီး အဖေ့အတွက် လက်ဆောင်ဆိုပြီး
သွားပေးလိုက်တယ်။ အကြောင်းမသိဘဲ ကလေးငယ်ကို အပြစ်ပေးမိတဲ့အတွက် အဖေက
စိတ်မကောင်းဖြစ်မိတယ်။ ဘူးကိုဖွင့်ကြည့်တော့ အထဲမှာ ဘာပစ္စည်းမှ မတွေ့တာနဲ့
သူ့ကိုနောက်တယ် အထင်နဲ့ ကလေးငယ်ကို ဟောက်လိုက်မိပြန်တယ်။ အငေါက်ခံလိုက်ရတဲ့
ကလေးငယ်က အဖေကို မျက်ရည်ဝဲလေးနဲ့ ပြန်ကြည့်ပြီး "ဖေဖေ.. ဘူးက အလွတ်မဟုတ်ဘူး။
ဘူးထဲမှာ သမီးရဲ့ အနမ်းလေးတွေ မှုတ်သွင်းထားပါတယ်။ အားလုံးဟာ ဖေဖေ့အတွက်ပါ" လို့
ပြန်ပြောလိုက်တော့ အဖေဟာ အရုပ်ကြိုးပြတ်သလို နေရာမှာတင် ခွေလဲကျသွားတော့တယ်။
နောက်တော့ အဲဒီဘူးလေးကို သူ့ကုတင်ခေါင်းရင်းမှာပဲ အမြဲတင်ထားတော့တယ်။ စိတ်ညစ်၊
စိတ်ပျက်စရာနဲ့ ကြုံတိုင်း၊ အားအင်တွေ ကုန်ခမ်းသွားတိုင်း ဘူးကို ဖွင့်ပြီး
အားရပါးရ သူ ရှုရှိုက်တတ်တယ်။ သူ့အပေါ်ထားတဲ့ သမီးရဲ့ မေတ္တာကို ဘူးထဲက အနမ်းနဲ့သတိရမိအောင်ပါ။
လူတိုင်းရဲ့ ရင်ထဲမှာ ဘူးတစ်ဘူး ကိုယ်စီရှိကြတယ်။ အဲဒီဘူးလေးထဲမှာ အဆုံးမရှိတဲ့
မေတ္တာနဲ့ စာနာမှုတွေ ထည့်ထားတယ်။ ဘူးလေးကို လိုအပ်နေတဲ့ လူတွေကို လက်ဆောင်ပေးလိုက်ပါ။ ဒီထက်အဖိုးတန်တဲ့ လက်ဆောင် ကမ္ဘာပေါ်မှာ မရှိနိုင်တော့ပါဘူး။
ငွေတွေကြေးတွေကုန်နေစရာ မလိုပါဘူး။ စစ်မှန်တဲ့ ဂရုစိုက်မှု တစ်ခုလေးနဲ့တင် ပြီးပြည့်စုံပါတယ်။

ဆက္ဖတ္ရန္>>>

Tuesday, May 19

✅ ဘုရား ရှိခိုး အနက် အဓိပ္ပါယ် ပါဠိ


ဩကာသ သြသကာ သြသကာသ
[ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ] (တနည်း - ကာယကံ၊
ဝစီကံ၊ မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို
ပြစ်မှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ] ပထမ, ဒုတိယ, တတိယ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ
ရတနာမြတ်သုံးပါး တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်
ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊
ကပ်သုံးပါ၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊
ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား,
ဖိုလ်တရား နိဗ္ဗာန်တရား တော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။

သြကာသ
ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟု ခေါ်သည်။
လေးနက် စေလိုသောကြောင့်လည်းကောင်း၊
ထင်ရှားပျံ့နှံ့စေလိုသောကြောင့် လည်းကောင်း၊
သြကာသ ကို သုံးကြိမ် ဆိုရပါသည်။

ကံသုံးပါး
ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊
နှုတ်ဖြင့်ပြောသောအမှုကို ဝစီကံ၊
စိတ်ဖြင့်ကြံသော အမှုကို မနောကံဟု ခေါ်သည်။

ရတနာ
နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်ပါသည်။

ဘုရား
တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။

တရား
အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့်
တရားဟု ခေါ်ပါသည်။

သံဃာ
အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု ခေါ်ပါသည်။

အရိုအသေ
ကိုယ်, နှုတ်, စိတ်သုံးပါးတို့ဖြင့် ညွတ်တွားကိုင်းရှိုင်းခြင်း။

အလေးအမြတ်
တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။

ရှိခိုး
ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊
စိတ်ဖြင့်ရှိခိုးခြင်းဟူ၍
သုံးမျိုးရှိသည်။

ကိုယ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ ဘိုးဘွား၊
ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါး (ခြေ,
လက်, နဖူး, တံတောင်, ဒူး)ဖြင့် ရှိခိုးခြင်းကိုခေါ်သည်။

နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို
နှုတ်ဖြင့်ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို
ခေါ်ပါသည်။

စိတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို
စိတ်ထဲမှ အဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။

ပူဇော်
ပစ္စည်းဖြင့် ပူဇော်ခြင်း၊ တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည်။

ဖူးမြော်
ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဉာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။

မာန်လျှော့
မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း (ရတနာသုံးပါးကို
မြင့်မြတ်ရာ၌ထားခြင်း)ကို မာန်လျှော့သည်ဟု ခေါ်ပါသည်။ မာန်လျှော့ခြင်းကို
နိ၀ါတမင်္ဂလာဟု မှတ်ပါ။

ကန်တော့
အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ဝန်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှိသည်။

(ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်၍ ကုသိုလ်ကို တော့,
ယူခြင်းကို ဆိုလိုသည်)

အပါယ်
ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို အပါယ်ဟု ခေါ်သည်။
(အပါယ = အပ + အယ၊ အယ = ချမ်းသာ + အပ = ကင်းခြင်း)

အပါယ်လေးပါးရှိသည်။ ၎င်းတို့မှာ -

(၁) ငရဲ = ချမ်းသာသုခ ဝေးကွာ၍၊ ဒုက္ခအတိပြီးသော ဘုံဌာန၊
(၂) တိရစ္ဆာန် = မဂ်, ဖိုလ်မကပ်၊ ထောင့်ဖြတ်ဖီလာ သွားတတ်သော သတ္တဝါ။
(၃) ပြိတ္တာ = ချမ်းသာအပေါင်းမှ ဝေးကွာသော သတ္တဝါ။
(၄) အသုရကာယ် = နတ်များကဲ့သို့ မရဲရင့် မတင့်တယ် မတောက်ပသော သတ္တဝါ။

- လောဘစိတ်နှင့်၊ သေခဲ့လျှင် ပြိတ္တာဘုံသို့ဝင်၊
- ဒေါသကြီးလျှင်၊ ပါယ်ငရဲ၊ ဖြစ်ရအမှန်ပဲ၊
- မောဟစိတ်နဲ့၊ သေခဲ့ပြန်၊ ဖြစ်ရတိရစ္ဆာန်၊
- ဆိုးသွမ်းလေဟန်၊ စိတ်သုံးမျိုး၊ စွန့်ခွာပယ်လို့ချိုး။

ကပ်
ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်းကို ကပ်ဟု ခေါ်သည်။
(ကပ္ပ = ပျက်စီးခြင်း)

ကပ်သုံးပါးရှိသည်။ ၎င်းတို့မှာ -
(၁)ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
(၂)သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
(၃)ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။


- လောဘကြီးက၊ ငတ်မွတ်ရ၊ ဒုက္ခကပ်ကြီးဆိုက်။
- ဒေါသကြီးက၊ သတ်ဖြတ်ကြ၊ သတ္ထကပ်ကြီးဆိုက်။
- မောဟကြီးက၊ ရောဂါထ၊ နာရကပ်ကြီးဆိုက်။

ရပ်ပြစ်
မဂ်, ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟု ခေါ်သည်။
အပြစ်ရှိသော အရပ်ကို မြန်မာတို့က [ရပ် - ပြစ်] ဟု ခေါ်ကြသည်။ အပြစ်ဆိုသော်လည်း
ထူးထူးခြားခြား ဆိုးဝါးသောအပြစ်မဟုတ်။ ထိုအရပ်သို့ရောက်နေလျှင် မဂ်,
ဖိုလ်ရောက်အောင် တရားအားထုတ်ခွင့် မရသောကြောင့် မဂ်ဖိုလ်ရခွင့်မရှိခြင်းကို
[ အပြစ် ]ဟု မိန့်တော်မူသည်။

ရပ်ပြစ်ရှစ်ပါးရှိသည်။ ၎င်းတို့မှာ -
(၁, ၂, ၃) ဘုရားဖြစ်ခါ, ပါယ်သုံးရွာနှင့်
ဘုရားပွင့်နေဆဲအခါ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ။
(အသူရကာယ်ကို ပြိတ္တာမျိုး၌ သွင်းယူ။)

(၄)ဒီဃာယုနတ်
အသက်ရှည်သော နတ်ဗြဟ္မာကို [ ဒီဃာယုနတ် ] ဟု ဆိုသည်။ ဘုရားပွင့်ဆဲအခါ
လွန်စွာအသက်ရှည်၍ ဘုရားရှင်ကို
မဖူးတွေ့နိုင်သော အသညသတ်ဗြဟ္မာများနှင့် အရူပဗြဟ္မာများတည်း။ (အသညတတ်ဗြဟ္မာ
များသည် ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများကား
စိတ်ဝိညာဉ်သာရှိ၍ ခန္ဓာကိုယ်မရှိ။ ထို့ကြောင့် ထိုဗြဟ္မာနှစ်မျိုးသည်
ဘုရားပွင့်သော်လည်း တရားမနာနိုင်ရှာကြပေ။)

(၅)ဖြစ်လတ်ပစ္စန်
ဘုရားရှင်နှင့် ရဟန်းတော်များမရောက်နိုင်ရာ အစွန်အဖျား တောတောင်အကြား
(ပစ္စန္တရာဇ်သား)
လူရိုင်းများကို ဆိုသည်။
(ယခုအခါ၌ကား မြန်မာနိုင်ငံသည် ပစ္စန္တရာဇ်မဟုတ်။)

(၆) မိစ္ဆာဉာဏ်ရှိ
ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိဉာဏ်ရှိသူများ။

(၇) ဉာဏ်မရှိသား
ဘုရားပွင့်ဆဲအခါ တရားကို နည်းလည်လောက်သော ဉာဏ်မရှိသူများ။

(ဤဆိုခဲ့သော ၇ မျိုးသည် ဘုရားပွင့်ဆဲအခါ၌ ဖြစ်သူများတည်း။)

(၈) ဉာဏ်ရှိငြားလည်း, ဘုရားမဖြစ်
တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါ လူဖြစ်သူများ။

ရန်သူ
ရန်သူမျိုးငါးပါးရှိသည်။ ၎င်းတို့မှာ -
(၁) ရေ၊
(၂) မီး၊
(၃) ခိုးသူ၊
(၄) အမွေခံ သားသမီးဆိုး၊
(၅) မင်းဆိုး

မချစ်အပ်သောသူကို ရန်သူမျိုးငါးပါး၌ သွင်းမှားကြ၏။ မိမိက မုန်းနေရုံဖြင့်
ရန်သူမဟုတ်နိုင်။ အမွေခံသားဆိုး
သမီးဆိုးသာလျှင် (မိဘကို မကြာခဏ ဒုက္ခပေးတတ်၊ စုဆောင်းထားသော ပစ္စည်းများကို
ဖြုန်းသုံးပစ်တတ် သောကြောင့် ရန်သူအစစ်သာ ဖြစ်သည်။)


- ရေ မီး သူခိုး, မွေခံဆိုးနှင့် မင်းဆိုးအပြား, ရန်မျိုးငါး, မှတ်သားလေကွဲ့
အမှန်တဲ့။

၀ိပတ္တိ
ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟု ခေါ်သည်။

၀ိပတ္တိတရား (၄)ပါးရှိသည်။ ၎င်းတို့မှာ -
(၁)ကာလဝိပတ္တိ - မင်းဆိုး၊မင်းယုတ် အုပ်စိုးသောအခါ။
(၂)ဂတိ၀ိပတ္တိ - အပါယ်လေးပါးတို့၌ ဖြစ်ရခြင်းကို၊ မကောင်းသော ဂတိ ဖြစ်၍
[ဂတိ၀ိပတ္တိ]ဟု ဆိုသည်။
(၃)ဥပဓိ၀ိပတ္တိ - ရုပ်အဆင်းအင်္ဂါကို [ဥပဓိ]ဟုခေါ်သည်။ အင်္ဂါချို့တဲ့ခြင်းကို
[ဥပဓိ၀ိပတ္တိ]ဟု
ဆိုသည်။
(၄)ပယောဂဝိပတ္တိ - ကိုယ်မှု နှုတ်မှုကို [ပယောဂ]ဟု ဆို၏။ အသိအလိမ္မာမရှိ၊ သတိ
ဝီရိယလည်းမရှိဘဲ ပြုမှု ပြောမှု ကြံစည်မှုကို
[ပယောဂဝိပတ္တိ]ဟု ဆိုသည်။


- ဖောက်ပြန်ချွတ်ယွင်း, ပျက်စီးခြင်း, ခေါ်လျှင်း ၀ိပတ္တိ။ ကာလ ဂတိ,
ဥပဓိမှ, ပယောဂ, လေးဝ မှတ်လေဘိ။

ဗျသနတရား
ပျက်စီးခြင်း၊ ဆုံးပါးခြင်းကို ပါဠိလို "ဗျသန"ဟု ခေါ်၏။

ဗျသနတရားငါးပါးရှိသည်။ ၎င်းတို့မှာ -
၁။ ဉာတိဗျာသန = ဆွေမျိုးများ ပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
၃။ ရောဂဗျသန = အနာရောဂါ ဖြစ်ခြင်း။
၄။ ဒိဋ္ဌိဗျသန = မိစ္ဆာအယူကို ယူခြင်း။
၅။ သီလဗျသန = သီလပျက်ခြင်း။


ဆုံးရှုံး ပျက်ပြား, ပြစ်မှုများ, ခေါ်ငြား ဗျသန။ ဘောဂ, ရောဂ-ဒိဋ္ဌိ, သီလထည့်, ငါးရှိ
သရုပ်ပြ။

အခါခပ်သိမ်း ... ရပါလို၏။
ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်း ဘဝတိုင်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ...
"သံသရာ၌ ကြာရှည်
မကျင်လည်ရဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါလို၏" ဟု ဆုတောင်းသည်

ဆက္ဖတ္ရန္>>>

Saturday, May 24

✅ Edge စကားဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

listen to voanews.com



English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ on the cutting edge, have an edge on နဲ့ on the ragged edge တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးက on the cutting edge ဖြစ်ပါတယ်။ On = အပေါ်မှာ။ Cutting = cut ဆိုတဲ့ လှီးသည်၊ ဖြတ်သည်၊ ညှပ်သည်။ ကိုက်သည် ဆိုတဲ့ အခြေခံဝေါဟာရက ဆင်းသက်လာပြီး cutting ဆိုတဲ့ဝေါဟာရက ဒီနေရာမှာ နာမဝိသေသန (adjective) အဖြစ် အသုံးပြုထားတာ ဖြစ်ပါတယ်။ Edge = အသွား၊ အစွန်၊ အနား တို့ဖြစ်ကြပါတယ်။ Cutting edge က ဖြတ်လို့ညှပ်လို့ရတဲ့ အစွန်၊ အဖျား၊ ချွန်းထက်ဆူးရှလှတဲ့ နှုတ်ခမ်းသွားလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ အီဒီယံအဓိပ္ပါယ်ကတော့ သိပ္ပံ၊ ယဉ်ကျေးမှု၊ စာပေကဏ္ဍတွေမှာ သူများထက်စာရင် ရှေ့ကပြေးနေတယ်၊ တဖက်ကမ်းခတ်အောင် တတ်တယ်၊ နားလည်းသဘောပေါက် တတ်ကျွမ်းတဲ့လူမျိုး။ ကျမတို့မြန်မာ ဘန်းစကားမှာတော့ အာစရိလို လူမျိုးမျိုး ဖြစ်ပါတယ်။

အောက်ပါ George Crows ပေးထားတဲ့ ဥပမာမှာတော့ ကမာ္ဘကြီးနဲ့ ပတ်သက်လာရင် အားလုံးထက်ပိုပြီး တဖက်ကမ်းခတ် တတ်မြောက်ပြီး အများက အသိအမှတ်ပြုတဲ့ လူတယောက်အကြောင်း ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်ဟာ အာဏာရှင် ဟစ်တလာ (Hitler) လက်ထက်တုန်းက ဂျာမဏီ (Germany) ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သိပ္ပံပညာသမိုင်းမှာ သူမတူအောင် စွမ်းဆောင်န်ိုင်ခဲ့တဲ့ ဂျူး (Jew) လူမျိုး သိပ္ပံပညာရှင် ဖြစ်ပါတယ်။ သူ့အကြောင်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
"Albert Einstein was on the cutting edge of physics. His idea drastically changed modern thoughts on space and time. And, his idea on atomic energy brought up to this nuclear age."

"Albert Einstein က ရူပဗေဒပညာရပ်မှာတော့ တဖက်ကမ်းခတ်အောင် တတ်သိတဲ့သူပါ။ အကွာအဝေး၊ အချိန်နဲ့ ပတ်သက်လို့ သူရဲ့ အတွေးအခေါ်တွေဟာ ခေတ်သစ်တွေးခေါ် မျှော်မြင်မှုအပိုင်းကို အပြောင်းလဲကြီးပြောင်းလဲ နိုင်စေခဲ့တယ်။ ဒါအပြင် အနုမြူစွမ်းအင်နဲ့ ပတ်သက်လို့လည်း သူရဲ့ အတွေးအခေါ်တွေဟာ ကျနော်တို့ ကမာ္ဘကြီးကို နျူကလီယားခေတ်ဆီကို အရောက်ပို့ပေးနိုင်ခဲ့တယ်။"


ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးက have an edge on ဖြစ်ပါတယ်။ Have = ရှိသည်၊ ရရှိထားသည်။ An = တခု။ Edge = အစွန်အဖျား၊ အနား နဲ့ On = အပေါ်မှာ တို့ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ လမ်းအဖျားပေါ်မှာ လို့ တိုက်ရိုက်ပြန်ဆိုန်ိုင်ပါတယ်။ ဒီနေရာမှာ have an edge on အစား have the edge on လို့ an အစား the ကို အစားထိုး သုံးစွဲနိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ပြိုင်ပွဲတွေ၊ ယှဉ်ပြိုင်မှုတွေမှာ တပန်းသာခြင်း၊ သူများထက် အသာစီးရနေတဲ့ သဘောဖြစ်ပါတယ်။ ဒီ အီဒီယံအသုံးကို စီးပွားရေး၊ နိုင်ငံရေး နဲ့ အားကစား လောကမှာ အသုံးများလေ့ ရှိပါတယ်။ ဥပမာ အမေရိကန်နိုင်ငံလုပ် ပစ္စည်းတွေဆိုရင် နိုင်ငံတကာ ဈေးကွက်မှာ မျက်နှာပန်း သာတာကတော့ quality control ကုန်စည်ရဲ့ အရည်အသွေး ပြည့်မှီမှုကို ထိန်းချုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် Made in USA ဆိုလိုရှိရင် ပိုပြီးတပန်းသာတာ အများအသိ ဖြစ်ပါတယ်။

အခုပေးမယ့် George Crows ဥပမာမှာ နိုင်ငံရေးသမားတဦးက သူ့ယှဉ်ပြိုင်ဖက်ပေါ် တပန်းသာတဲ့ အပြောအဆိုအသုံးအနှုန်း ဖြစ်ပါတယ်။

"I think Pete Smith has an edge on his rivals on the race for the US Senate seat for our state. He got experience and he has been a Govenor for ten years. He is sure to win in November."

"ကျနော်တို့ ပြည်နယ်အတွက် အထက်လွှတ်တော်အမတ် ယှဉ်ပြိုင်ရာမှာ Pete Smith ကတော့ သူ့ယှဉ်ပြိုင်ဘက်တွေထက် တပန်းသာတယ်လို့ ကျနော်ထင်တယ်။ သူက အတွေ့အကြုံလည်း ရှိတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှုး လုပ်လာတာလည်း ဆယ်နှစ် ရှိပြီ။ ဒါကြောင့် နိုဝင်ဘာလရောက်ရင်တော့ သူနိုင်ဖို့ သေချာပါတယ်။"


နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးကတော့ on the ragged edge ဖြစ်ပါတယ်။ On = အပေါ်မှာ။ Ragged = အစွန်းအစများ၊ အထစ်ထစ် ဖြစ်နေသော၊ မဖြောင့်တန်း ကြမ်းထော်သော။ Edge = အစွန်အဖျား တို့ ဖြစ်ကြပါတယ်။ မညီမညာ ထိုထိုထောင်ထောင် ထွက်နေတဲ့ တောင်စွန်း တောင်ဖျားတွေကိုလည်း တို့ကို ရည်းညွှန်ပြောလို့ ရပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မညီမညာ ဆူးရှနေတဲ့ တောင်စွန်းတောင်ဖျား လို့ ပြန်ဆိုနိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ဒီနေရာမှာ မညီမညာ ဆူးရှနေတဲ့ တောင်စွန်းတောင်ဖျားတွေပေါ်ရောက်ရင် လူဟာ ပြုတ်ကျဖို့ သေချာတဲ့အတွက်ကြောင့် အန္တရာယ် များတဲ့ သဘောမျိုးဖြစ်ပါတယ်။

အခု George Crows ပေးတဲ့ ဥပမာမှာ သူ့လုပ်ငန်းမှာ စီးပွားပျက်မယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့သဘော ဖြစ်ပါတယ်။

"Mary, I am getting scared of about our money situation in the firm. Our sale are down and our costs are way up. Unless we can get a quick loan, I'm afraid we will be on the ragged edge of going bankrupt."

"Mary ရေ တို့ကုမ္မဏီရဲ့ ငွေရေးကြေးရေး အခြေအနေက စိုးရိမ်စရာဖြစ်နေတယ်။ အရောင်းတွေကျပြီး ကုန်ကျစရိတ်များနေတော့ ကျနော်တို့ တနေရာရာကနေ ငွေမြန်မြန် မချေးနိုင်ရင်တော့ ကုမ္မဏီ ဒေဝါလီခံရမယ့် အခြေအနေရောက်နေပြီ။"

ဆက္ဖတ္ရန္>>>

Sunday, July 21

✅ CHANCES CAN NEVER GAIN TWICE.

Epiphyllum ပန်းက တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ပန်းပွင့်ချိန် ၄. ၅
နာရီသာ ပွင့်ရတဲ့ ပန်းမျိုးဖြစ်တယ်။မြန်မာက ညမွှေးပန်းနဲ့ သဘာဝ တူတယ်။တစ်သက်မှာတစ်ခါ သူ ဖူးပွင့်ရတယ်။ သူ့ သက်တမ်း အချိန် တိုတောင်းတယ်။ သူဂရုမစိုက်ခဲ့ဘူး။ ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲ သူထုတ်ပြခဲ့တယ်။
ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။
ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘဝတစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။
ကိုယ့်ဘဝကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘဝကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။
ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။
ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။
ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံး၀ကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။
ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။
ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။
ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘဝမှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။
တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘဝမှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။

ဆက္ဖတ္ရန္>>>

Friday, May 24

✅ အခက်အခဲ၊ အကြပ်အတည်ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

voanews.com နားဆင်ရန်

English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ in a pretty pickle, in the dog house နဲ့ between a rock and a hard place တို့ ဖြစ်ကြပါတယ်။
ဘဝမှာ တခါတရံ ဝေခွဲမရတဲ့ လမ်းဆုံလမ်းခွရောက်တတ်ကြပါတယ်။ ဘယ်လမ်းကို လိုက်ရမလည်းဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရတယ်အခါတွေလို့ ဆိုရပါမယ်။ အခုလို ဆုံးဖြတ်ရမှာ တခါတရံလည်း လမ်းမှားကို လိုက်တတ်ပါတယ်။ အဲဒီလို အဖြစ်မျိုးနဲ့ ကြုံခဲ့ရင် ဒီနေ့တင်ပြပေးမယ့် အီဒီယံတွေက အသုံးတည့်လိမ့်မယ်လို့ ဆိုနိုင်ပါတယ်။

ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးကတော့ in a pretty pickle ဖြစ်ပါတယ်။ In = အထဲမှာ၊ A = တခု၊ Pretty = လှပသော၊ ချောသော အဓိပ္ပါယ်ဆောင်ပေမယ့် ဒီနေရာမှာတော့ ကျမတို့မြန်မာစကားမှာလို သိပ်ဒုက္ခရောက်နေတယ်ဆိုရင် ဒုက္ခလှလှကြီး တွေ့တယ်လို့ လွန်ကဲမှုကို လှလှဆိုတဲ့အသုံးနဲ့ ရည်ညွှန်းသုံတတ်ပါတယ်။ ဒီနေရာမှာ pretty က ဒီသဘောဖြစ်ပါတယ်။ Pickle ကတော့ သာမန်အားဖြင့် ဆားရေစိမ်၊ ရှာလကာရည်စိမ်ထားတဲ့ ချဉ်ဖတ် (သို့) သေနပ် ကိုခေါ်ပါတယ်။ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က အတော်လေး အခြေအနေဆိုးတဲ့ ချဉ်ဖတ်ကြီးထဲကို ရောက်နေတယ် ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ အခြေအနေ မလှတာ၊ မျက်နှာပူ ရှက်ဖွယ်ရာ၊ မကောင်းလှတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။

အခုလို နားခေါင်းရှုံစရာ အခြေအနေနဲ့ ပတ်သက်လို့ Pauline Gary ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“My brother Joe is in a pretty pickle. He got mixed up and asked two different girls to the same party Saturday night.”

“ကျမရဲ့မောင်လေး Joe တယောက်တော့ ဒုက္ခလှလှကြီး တွေ့နေပြီ။ ယောင်မှားပြီးတော့ စနေနေ့ညအတွက် ပါတီတခုတည်းသွားဖို့ ကောင်မလေးနှစ်ယောက်ကို သူသွားပြီးဖိတ်လိုက်ခဲ့တယ်။”

ဒါကြောင့် Joe က သူမှားပြီးဖိတ်မိတယ့် ကောင်မလေးနှစ်ယောက်အနက် တယောက်ယောက်ကို ရွေးရမှာဖြစ်ပါတယ်။ ကျန်တယောက်နဲ့ Joe ဇာတ်လမ်းကတော့ ဒီမှာတင် တခန်းရပ်ဖို့ အခြေအနေရှိမှာတော့ ဧကန်မလွဲပါဘူး။ ကောင်မလေး နှစ်ယောက်ထဲက တယောက်က မကြည်တော့တဲ့ အခြေအနေမျိုးမှာ နောက်ကျန်တဲ့ တယောက်က Joe ကို စိတ်ဆိုးမယ်ဆိုလည်း ဆိုးစရာပါ။ ဒါကြောင့်မို့ Joe နဲ့ ကျန်ကောင်မလေး နှစ်ဦးရဲ့ ဆက်ဆံရေးအခြေအနေကို တင်စားပြောဆိုရမှာ နောက်ထပ်တင်ပြပေးမယ့် အီဒီယံနဲ့ လိုက်ဖက်ပါတယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံက in the dog house ဖြစ်ပါတယ်။ In = အထဲမှာ၊ Dog = ခွေး နဲ့ House = အိမ် တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခွေးနေတဲ့ အိမ်ထဲမှာ ဖြစ်ပါတယ်။ တနည်းတော့ သိပ်စိတ်ဆိုးလွန်လို့ အိမ်ထဲအဝင်မခံဘဲ အိမ်မှာမွေးထားတဲ့ ခွေးနေတဲ့အိမ်မှာပဲ သွားနေ၊ အဲဒီနေရာနဲ့ပဲ တန်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ဆက်ဆံတာ ဖြစ်ပါတယ်။ မြန်မာဆန်ဆန် ပြောရရင်တော့ အခုလို နှစ်ပေါက်တပေါက် ရိုက်တဲ့အတွက် ခွေးကတက်နဲ့ပဲ တန်တယ်လို့ တဖက်သားကို ဆက်ဆံတာမျိုး ဖြစ်ပါတယ်။ တပါးသူရဲ့ ညိုညင်မှုကို ဒီ အီဒီယံအသုံးအနှုန်းနဲ့ ရည်ညွှန်းပြောဆိုနိုင်ပါတယ်။

ကျောင်းသူတဦးရဲ့ ဖွင့်ဟချက်နဲ့ ပတ်သက်လို့ Pauline Gary ပေးတဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“I have been in a dog house with my mother and dad ever since they saw my grades from the ast semester. I admit that I failed math, barely passed English. These are tough courses.”

“ပြီးခဲ့တဲ့ စာသင်နှစ်မှာ ကျမရတဲ့ အမှတ်စာရင်းကို မြင်ပြီးကတည်းက အမေနဲ့ အဖေက ကျမအပေါ်မှာ သိပ်စိတ်ဆိုးနေကြတယ်။ ကျမဝန်ခံပါတယ် သင်္ချာလည်းကျတယ်၊ အင်္ဂလိပ်စာကလည်း ကပ်ပြီးအောင်ခဲ့တယ်။ ဒါပေမဲ့ သင်ရိုးတွေကလည်း ခက်သလားမပြောပါနဲ့တော့။”

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းကတော့ between a rock and a hard place ဖြစ်ပါတယ်။ Between = နှစ်ခုကြားမှာ၊ A = တခု၊ Rock = ကျောက်ဆောင်၊ Hard = မာကျောသော၊ Place =နေရာ တို့ ဖြစ်ကြပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တဘက်မှာ ကျောက်ဆောင် နဲ့ မာကျောနဲ့ နေရာကြားရောက်နေတဲ့ သဘော ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ရှေ့နံမည်ကျော် စာရေးဆရာကြီး Homer ရဲ့ Odyssey ဆိုတဲ့ ဝတ္ထုမှာ Odyssey သင်္ဘောဟာ တဘက်မှာ ကျောက်ဆောင်ကြီး၊ တဘက်မှာ ပင်လယ်ဝဲကြီး ဖြစ်နေတော့ ကျဉ်းမြောင်းလာတဲ့လမ်းကြောင်းမှာ သဘောင်္ဟာ သတိထား ဖြတ်မောင်းရတဲ့အခြေအနေမှာ ဒီလိုတင်စားပြောဆိုခဲ့ရမှာ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အီဒီယံသဘောအရတော့ မလူးသာမလွန်သာတဲ့ အခြေအနေ၊ အန္တရာယ်တွေ ပတ်ခြားဝိုင်းနေတဲ့ ဘေးကြပ်နံကြပ် ဖြစ်နေတဲ့ အခြေအနေ၊ ရွေးစရာ နှစ်လမ်းရှိရာမှာ ဘယ်လမ်းကမှ ကိုယ့်အတွက် အခြေအနေမလှတဲ့ ဘယ်ဘက်ကိုကြည့်ကြည့် မသက်သာတဲ့ ရွေးလမ်းတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ အကောင်းဆုံးက ခေါင်းအေးအေးထားပြီး စဉ်းစားဆုံးဖြတ်ပြီးတော့ လာမယ့်ဘေး ပြေးတွေ့ရုံကလွှဲလို့ တခြားဘာမှ မရှိတာကို ဆိုလိုပါတယ်။

အခု Pauline Gary ပေးမယ့် ဥပမာမှာတော့ စီးပွားရေး အကြပ်အတည်ကြီးကို ရင်ဆိုင်နေရလို့ ခေါင်းခဲနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

“We lost so much that we are between a rock and a hard place. I can’t decide whether to try to borrow money and pay higher interests than we can afford or else sell out. And, probably lose a half of our investment.”

“ကျမတို့ သိပ်ကို အရှုံးပေါ်နေပြီ။ ဘယ်လိုပဲလုပ်လုပ် ဘယ်ဘက်ကမှ သက်သာပုံမပေါ်ဘူး။ ကျမတို့အနေနဲ့ တတ်နိုင်တာထက် ပိုပေးပြီး အတိုးနှုန်းမြင့်မြင့်နဲ့ ငွေဘဲချေးမလား၊ ဒါမှမဟုတ် ဆိုင်ကို ရောင်းပစ်မလား။ အဲဒီလို လုပ်ရင်လည်း ကျမတို့ ရင်နှီးထားတဲ့ ငွေတဝက်လောက်တော့ အရှုံးပေါ်မှာ ဖြစ်တဲ့အတွက် ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်လို့ မရတော့ဘူး။”

ဆက္ဖတ္ရန္>>>

Tuesday, May 23

✅ ဘယ်အချိန်မှာ မျှော်လင့်ကြသလဲ

ရာသီဥတုတွေ ပြောင်းလဲနေသလိုပါပဲ။ လူ့ဘဝဆိုတာလည်း ဟောင်းလိုက် သစ်လိုက်။
Phone Contactကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့
ဖုန်းနံပါတ်တွေ..ဘယ် ဖုန်းနံပါတ်ကိုများ စိတ်အားထက်သန်ပြီး
ရေးမှတ်ခဲ့မိလဲ... ဒီနေ့ထိ ဘယ်ဖုန်းနံပါတ်နဲ့များ အဆက်အသွယ်
အမြဲရှိခဲ့သလဲ... ကိုယ့်ကိုယ်ပြန် ဆန်းစစ်ကြည့်မိတယ်။
လူ့ဘဝဆိုတာ ရထားတစ်စီးလိုပဲ... သွားတဲ့ ခရီးတစ်လျောက်မှာ လူတွေက
တက်လာကြတယ်။ ဆင်းသွားကြတယ်။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ်၊ ယာသစ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။ မိတ်ဆွေသစ်ဖွဲ့ဖို့အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... မိတ်ဆွေဟောင်းတွေနဲ့ ဆက်သွယ်ဖို့ အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... အချိန်တွေရဲ့အပြောင်းအလဲကြားမှာ ရှိရင်းစွဲ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဟာ တဖြေးဖြေးကျဲလာခဲ့တယ်။
ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ
ရှိနေသလိုပဲ.. တကယ်တမ်းတော့ ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်း
ဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း မိတ်ဆွေတွေကအများကြီးပဲ။ ဒါပေမဲ့ စိတ်တူကိုယ်တူ ပေါင်းဖက်ကြတဲ့ သူငယ်ချင်း မိတ်ဆွေဘယ်နှစ်ယောက်ရှိလဲ... ဘယ်နှစ်ယောက်နဲ့များ အဆက်အသွယ် အမြဲရှိလဲ...နှစ်တွေကြာလာမှ အဆက်အသွယ် နည်းခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေ လူလောကကနေ တဖြေးဖြေး ထွက်ခွာ သွားမှန်းသတိပြုမိတယ်။
လူတွေဟာ
အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။
အသက်(၂၅)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။
အသက်(၃၅)မှာ အောင်မြင်မှုကို မျှော်လင့်ကြတယ်။
အသက်(၄၅)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။
အသက်(၅၅)မှာ ပြည့်စုံဖို့ကို မျှော်လင့်ကြတယ်။
အသက်(၆၅)မှာ ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။
အသက်(၇၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။
သူငယ်ချင်း မိတ်ဆွေတွေကို ဘယ်အချိန်မှာ မျှော်လင့်ကြသလဲ... အကူအညီ
လိုအပ်မှ မျှော်လင့်တတ်ကြတယ်။
သူငယ်ချင်းတဲ့ ဘယ်နေ့တွေမှာ ပြန်လည်တွေ့ဆုံဖြစ်ကြမယ်မသိပါဘူး ဒါပေမဲ့ သူငယ်ချင်း........... မင်းတို့နဲ့ ငါ နောင်တစ်ချိန်မှာ ပြန်ဆုံဖြစ်ကြရင်
အဲ့ ဒီအချိန်ကြရင် ငါတို့ ....စကားတွေ အများကြီးပြောမယ်လို့ ပြောဖြစ်ခဲ့ပါတယ် အနာဂတ်ဟာ လက်တွေ့လောက် မသေချာပါဘူး ဒါကြောင့် မသေချာမှုကို တော့ မတွေးထားချင်ခဲ့ ဘူး အရာရာတိုင်းသာ ကိုယ်ထင်သလိုသာဖြစ်လာခဲ့မယ်ဆိုရင်
လောကကြီး က ရသ စုံမှာ မဟုတ်တော့ပါဘူး .လို့ပဲ ခံယူထားပါတယ်။
လောကကြီး ကို ရသတွေ စုံနေအောင်လို့ ဒါတွေကို ဖြစ်ခွင့်ပေးလိုက်တယ်လို့ပဲ မှတ်ထားပါတယ်။ အနားမှာ မရှိပေမဲ့ ဒို့လက်တွေ ချိန်တွဲထားတယ်လို့ ယူဆပါရစေ.။


ဆက္ဖတ္ရန္>>>

Tuesday, May 24

✅ Skin ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ

listen to voanews.com


skin (အရေပြား) နဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းများမှာ skin game, jumping-out of the skin, skinflint နဲ့ all skin and bones တို့ ဖြစ်ပါတယ်။

Skin စကားလုံးဝေါဟာရ အဓိပ္ပါယ်ကို အင်္ဂလိပ် အဘိဓာန်ထဲမှာ ရှင်းလင်းချက် အမျိုးမျိုးပေးထားပေမယ့် skin ဆိုတာ လူ့ခန္ဓာကိုယ်ကို ဖုံးလွမ်းနေတဲ့ အရေပြားလို့ အများသိထားကြပါတယ်။ ကြိယာအနေနဲ့ အသုံးပြုရင် skin ရဲ့ အဓိပ္ပါယ်ဟာ ပြောင်းလဲသွားပြီး တဦးတယောက်အပေါ်မှာ ငွေလိမ်ယူတာ ဖြစ်ပါတယ်၊ ဘမ်းစကားအားဖြင့် နွှာယူတဲ့ သဘောဖြစ်ပါတယ်။ skin ဝေါဟာရကို အသုံးပြုလာတာ နှစ်ပေါင်း နှစ်ရာကျော် ရှိခဲ့ပြီလို့ မှတ်တမ်းများမှာ တွေ့ရှိရပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးကတော့ skin game ဖြစ်ပါတယ်။ Skin က အရေပြား၊ Game က ကစားနည်းဖြစ်ပါတယ်။ စကားစုကို တိုက်ရိုက်ပြန်ဆိုရင် အရေပြား ကစားပွဲ လို့ ဆိုနိုင်ပေမယ့် အီဒီယံဘမ်းစကားမှာတော့ မတရားတဲ့ လောင်ကစားပွဲ (ဖဲဝိုင်း) ကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
"In a bar in Chicago last week, these three guys invited me to a friendly poker game. They let me win the first couple of hands and then up the stage. Do you know I lost five thousand bucks by the time I realized I have been caught in a skin game?"

"ပြီးခဲ့တဲ့ သတင်းပတ်တုန်းက ရှိကာကို အရက်ဆိုင်တဆိုင်မှာ လူသုံးယောက်က ကျနော့်ကို မိတ်ဖွဲ့လာပြီး ဖဲကစားဖို့ ဖိတ်ခေါ်ခဲ့ကြတယ်။ ဝိုင်းအစမှာတော့ ကျနော့်ကို သူတို့ အနိုင်ပေးခဲ့ပြီး လောင်းကြေးကို မြှင့်ခဲ့ကြတယ်။ သူတို့ပေါင်းပြီး ကျနော်ကို ဝိုင်းနွှာကြတယ်ဆိုတာကို ကျနော်သိတဲ့အချိန်မှာတော့ ဒေါ်လာ ငါးထောင် ရှုံးနေတဲ့အခြေအနေ ရောက်နေပါပြီ။"


ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးကတော့ jumping-out of the skin (with surprise) ဖြစ်ပါတယ်။ Jumping-out က ခုန်ထွက်လာသည်၊ skin က အရေပြား နဲ့ with surprise က ရုတ်တရက် အံ့အားသင့်ခြင်း ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ အဓိပ္ပါယ်ကတော့ ရုတ်တရက် မမျှော်လင့်တာနဲ့ တွေ့ကြုံရတဲ့ လူတဦးဟာ လိပ်ပြာလန့်မတက် ဖြစ်သွားတဲ့ သဘောကို ဆိုလိုပါတယ်။ အရေပြားနဲ့ ခန္ဓာကိုယ် ကွာမတက် လန့်တဲ့သဘောပေါ့၊ မြန်မာတွေ ပြောကြတဲ့ သဲထိုက်ရင်ဖို မျက်ကလဲ ဆန်ပြာ ဖြစ်ရတဲ့ သဘောမျိုး၊ ကြောက်စရာ လန့်စရာ ကြုံတွေ့ရရင် အန္တရာယ်က မိုးကြိုးသွား ပစ်သလို ဒိုင်းကနဲ့ ရှေ့တည့်တည့်ရောက်လာခဲ့ရင် လူ့ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုကို Jumping-out of the skin နဲ့ ရည်ညွှန်းအသုံးပြုလို့ ရပါတယ်။ တခါတရံ မမျှော်လင့်ဘဲ ဝမ်းသာလုံးစို့တဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ရရင်လည်း ဒီအသုံးအနှုန်းကို အသုံးပြုပြောဆိုနိုင်ပါတယ်။

ဝမ်းသာစရာအဓိပ္ပါယ်နဲ့ ပတ်သက်ပြီး George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"When the door opened, I almost jumped-out of my skin. There was my brother arms loaded with Christmas presents. He lives all the way out in California, but he decided to surprise me by flying to Washington for Christmas."

"တခါးဖွင့်လိုက်တော့ ကျနော် တအံ့တသြ လှိုက်မောဝမ်းသာဖြစ်သွားခဲ့တယ်။ ကျနော့်ရှေ့မှာ ကျနော့်ညီငယ်ဟာ ခရစ်စမတ်လက်ဆောင်တွေ တပွေ့တပိုက်ကြီးနဲ့ ရောက်နေလို့ပဲ။ သူဟာ ဟို ကယ်လီဖိုးနီးယားပြည်နယ်မှာ နေတာဖြစ်ပြီး ခရစ်စမတ်အတွက် ကျနော်တို့ကို ရုတ်တရက် ဝမ်းသာရအောင် ဝါရှင်တန်ကို လေယာဉ်နဲ့လာခဲ့ခြင်းဖြစ်တယ်။"


နောက်ထပ် အီဒီယံအသုံးကတော့ skinflint ဖြစ်ပါတယ်။ ဒီနေရာမှာ skin စကားလုံးကို flint ဆိုတဲ့ စကားလုံးနဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ flint အဓိပ္ပါယ်မှာ မီးမွှေးရာမှာ အသုံးပြုတဲ့ မီးခတ်ကျောက်ကို ခေါ်ခြင်းဖြစ်ပါတယ်။ နာမဝိသေသန ဖြစ်တဲ့ flinty ကတော့ မာကြောခက်ထန်တဲ့ သဘောရပါတယ်။ ပေါင်းစုတွဲ စကားလုံး skinflint အဓိပ္ပါယ်ကတော့ သူဖို့ကလွဲရင် ဘယ်သူအတွက်မှာ မသိတက်တဲ့ လူ့ ကပ်စီးနည်း ကော်တရာကြီး လို့ အဓိပ္ပါယ် ရပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။

"Oh, there's Mr. Grey. I bet he has a million dollar in a bank, but he is such a skinflint that's his wife and daughter dress like baggers. And, never get to go out."

"ဟိုမှာ လာနေတာ မစ္စတာ Grey တယောက်ပေါ့။ ကျနော် လောင်းရဲတယ်ဗျာ သူရဲ့ ဘဏ်ထဲမှာ အနည်းဆုံး ဒေါ်လာတစ်သန်းလောက် ရှိတယ်။ ဒါပေမယ့် သူက ဘယ်လောက် ကပ်စီးနည်း ကော်တရာ ဖြစ်လည်းဆိုရင် သူ့ဇနီး နဲ့ သမီးတို့ဟာ အဝတ်အစားဝတ်တာ စုတ်စုတ်ပြတ်ပြတ်ဖြစ်ပြီး အပြင်ကိုလည်း ဘယ်မှပေးမသွားဘူး။"


နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးကတော့ all skin and bones ဖြစ်ပါတယ်။ all က အားလုံး၊ skin က အရေပြား နဲ့ bones ကတော့ အရိုးများ ဖြစ်ပါတယ်။ အရိုး နဲ့ အရေပြားတွေဘဲ လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ ဒီအသုံးနဲ့ ဆင်တူယိုးမား ကျမတို့ မြန်မာစကားမှာလည်း အရိုးပေါ်အရေတင် အသုံးအနှုန်း ရှိပါတယ်။

ဒီအသုံးနဲ့ ပတ်သက်တဲ့ George Crows ပေးထားတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။

"Have you seen Henry lately? For two months, he has been on this special diet to lose weight. Well, he is taking off forty pounds, and now he is all skin and bones."

“Henry တယောက်ကို အခုတလော တွေ့မိသေးလား။ သူဟာ ကိုယ်အလေးချိန်လျှော့ဖို့ အစားလျှော့နေတာ နှစ်လလောက်ရှိသွားပြီ။ အခု သူ ပေါင်လေးဆယ်လျှော့သွားလို့ အရိုးပေါ်အရေတင် ဖြစ်နေပြီ။

ဆက္ဖတ္ရန္>>>

Thursday, May 20

✅ အသစ်တော့ အသစ်ပဲ

ခေတ်ဆန်သော၊ အလှအပ ကြိုက်တတ်သော၊ ရဲတင်း ပွင့်လင်းသော မိန်းမပျို တဦးသည် လေယာဉ် ခရီးစဉ် တခုတွင် ဘုန်းတော်ကြီး တဦးနှင့် ဘေးချင်း ယှဉ်လျှက် လိုက်ပါလာ၏။
သူမသည် ရင်ခွင်ထဲမှ ခရီးဆောင် လက်ပွေ့အိတ်ကို ဖွင့်ရင်း အထဲမှာ ပါလာသော ပစ္စည်းတခုကို မကြာခဏ ထုတ် ထုတ်ကြည့် နေမိ လေ၏။ သူ၏ မျက်နှာ ပေါ်တွင်လည်း ထိတ်လန့်ခြင်း၊ စိုးရိမ် သောက ဖြစ်ခြင်း၊ ကြံရာ မရ ဖြစ်ခြင်းက ဖုံးမရ ဖိမရ အထင်းသား ပေါ်လွင်လျှက်ရှိသည်။
ထိုသို့ဖြင့် လိုက်ပါလာရင်း မကြာမီတွင် ရုတ်တရက် အကြံတခုရကာ နံဘေးမှ ပုတီးစိပ်၍ လိုက်ပါလာသော ဘုန်းတော်ကြီး ဘက်သို့ လှည့်၍...
“တပည့်တော်ကို တခုလောက် ကူညီနိုင်မလား ဘုရား” ဟု ပြောလိုက်လေသည်။
ဆိုင်းမဆင့် ဗုံမဆင့် ဆိုလိုက်သော သူမ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသော ဘုန်းတော်ကြီးသည် စိပ်လက်စ ပုတီးကို ပေါင်ပေါ်တင်ရင်း...,
“ပြောလေ ဒကာမလေး။ ကိုယ်တော် ကူညီနိုင်တာရှိရင် ကူညီတာပေါ့”
“ဟုတ်ကဲ့။ သမီး ဒီကနေ့ပဲ စူပါမားကက်ကနေ အမျိုးအစား ကောင်းတဲ့ နှုတ်ခမ်းနီတောင့် တတောင့်ကို ဈေးကြီးပေးပြီး ဝယ်လာခဲ့မိ လို့ပါရှင့်။ အသစ် စက်စက်မို့ လေဆိပ်က အကောက်ခွန်မှာ အခွန်တွေ အများကြီး ဆောင်ရမှာ ကြောက်လို့... အဲဒါ ဦးဇင်းရဲ့ ဝတ်ရုံသင်္ကန်း အောက်ထဲမှာ ဖွက်ပြီး ယူသွားပေးဖို့ အကူအညီ တောင်းကြည့် တာပါ ရှင့်။”
“အင်း... ဒါလောက်တော့ လုပ်ပေးနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းက လိမ်ပြောလို့ မရဘူးကွဲ့။ လေဆိပ်ရောက်လို့ အခွန်ဆောင်စရာ ပါသလား မေးရင် ဘုန်းဘုန်းက အမှန်အတိုင်း ဖြေရမှာ... ဒါလိုဆိုရင်ကော ဖြစ်ပါ့မလား သမီးရဲ့...”
“မှန်ပါ့” အမျိုးသမီးမှာ တချက် စဉ်းစားရင်း...
“ဟုတ်တော့ ဟုတ်တယ် ဘုန်းဘုန်းရဲ့။ ဒါပေမယ့် ဒီလိုလုပ်ရင် မဖြစ်နိုင်ဘူးလား” ဟုဆိုကာ ဘုန်းတော်ကြီးနား နားသို့ တိုးတိုးကပ်ပြော လိုက်သည်။
ထို့နောက် “အဆင်ပြေသွားမှာပါ ဘုရား” ..ဟုဆိုရင်း သူ၏ နှုတ်ခမ်းနီတောင့်ကို အိတ်ထဲမှ ထုတ်၍ ဘုန်းတော်ကြီးအား ပေးလိုက်လေ၏။
... ... ...
လေဆိပ်သို့ ရောက်သောအခါဝယ် တာဝန်ရှိသူ အကောက်အခွန် အရာရှိမှ ဘုန်းတော်ကြီးအား အခွန်ဆောင်ရန် ပစ္စည်းပါလျှင် ထုတ်ပြရန် တောင်းပန်လေ၏။ ထိုအခါ ဘုန်းတော်ကြီးက အမျိုးသမီးငယ် နှင့် တိုင်ပင် ထားသည့်အတိုင်း...

“ဦးခေါင်းကနေ ခါးအထက်အထိတော့ ဘာမှ မပါပါဘူး ဒကာကြီးရဲ့” ဟု ဖြေလိုက်လေသည်။

ဘုန်းကြီး ဖြေလိုက်သော အဖြေကြောင့် ဇဝေဇဝါဖြစ်သွားသော အရာရှိက မကျေနပ်သေးဘဲ...

“ဒါဆို ခါးအောက်ပိုင်းမှာတော့ ပါလာတယ်လား ဘုရာ့” ဟု ပြန်၍ မေးပြန်လေ၏။
“အေးကွဲ့... ခါးအောက်ပိုင်းမှာတော့... ဘုန်းဘုန်းမှာ... အမျိုးသမီးတွေ အတွက် ဟို.. ဟိုဒင်း... ပစ္စည်းတခုတော့ ပါတယ်ကွဲ့... ဒါ.. ဒါပေမယ့် ဘုန်းဘုန်းဘဝမှာ တခါမှတော့ သုံးမကြည့် ဖူးသေးဘူး။ မောင်ရင် ကြည့်ချင်ရင်တော့ ကိုယ်တော် ထုတ်ပြမယ်လေ...”
ထိုသို့ ဖြေလိုက်သော အခါမှာတော့ အကောက်အခွန် အရာရှိ လူငယ်သည် အားရပါးရ ရယ်မောရင်း ဘာမှဆက်၍ မေးမြန်း မနေတော့ဘဲ ဘုန်းတော်ကြီးကို ဆက်လက် ထွက်ခွာခွင့် ပြုလိုက် လေတော့သတည်း။

ဆက္ဖတ္ရန္>>>

Sunday, May 24

✅ Pinch စကားလုံး အီဒီယံအသုံးအနှုန်းများ

listen to voanews.com


အီဒီယံ အသုံးအနှုန်းများမှာ pinch pennies, in a pinch နဲ့ pinch hit တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက pinch pennies ဖြစ်ပါတယ်။ Pinch ကတော့ ဝါကျအသုံးပေါ်မှာ မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုး ရှိပါတယ်။ ဆိတ်တာ၊ လိမ်ဆွဲတာ၊ ညှပ်ဆွဲတာ စသည်တို့ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ငွေအသုံးနဲ့ ပတ်သက်လို့ စေ့စေ့စပ်စပ် ရှိတာကို ဆိုလိုပါတယ်။ Pennies ကတော့ ပြားစေ့ ဖြစ်ပါတယ်။ ဒါကြောင့် pinch pennies ရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပြားစေ့တွေနဲ့ ပတ်သက်လာရင် စေ့စေ့စပ်စပ် ရှိတာကို ဆိုလိုပါတယ်။ Penny ပြားစေ့ကတော့ အမေရိကန်သုံးငွေ အကြွေးတန်းဖိုး တပြား ကို ဆိုလိုပါတယ်။ တဒေါ်လာမှာ ပြားတရာ ရှိပါတယ်။ ဒါကြောင့် လူတဦးက ပြားစေ့တွေအသုံးမှာ စေ့စေ့စပ်စပ် ရှိလာရင် ကျမတို့ မြန်မာစကားမှာ ပြောသလို တပြား၊ နှစ်ပြားကအစ သိတတ်တယ်၊ တပြား၊ နှစ်ပြား ခွာသုံးခြင်း ကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာမှာတော့ Joe ဆိုတဲ့ အိမ်နီးချင်းက ပစ္စည်းဥစ္စာ ပြည့်စုံပေးမယ့် သိပ်ကို ကပ်စေးနဲတဲ့အကြောင်း ပြောဆိုထားတာကို လေ့လာကြည့်ရအောင်ပါ။
"Joe and his wife certainly like to pinch pennies. They both have good jobs, but they drive an old car, buy cheapest clothes they can find, never go out to eat or see a movie, but one thing assure they have plenty of money when they retire."

"Joe နဲ့ သူ့ဇနီးကတော့ တကယ့်ကို တပြားနှစ်ပြားခွာသူတွေပါ။ နှစ်ဦးစလုံး အလုပ်အကိုင်တွေ ကောင်းကြပေမယ့် မော်တော်ကားအဟောင်းကြီးကိုပဲ စီးကြတယ်။ အဝတ်ဆိုလည်း ဈေးပေါတာကို ရှာဝယ်ကြတယ်။ အပြင်မှာလည်း ဝယ်မစား၊ ရုပ်ရှင်လည်း ထွက်မကြည့်။ ဒါပေမဲ့ တခုတော့ သေချာတာကတော့ သူတို့ ပင်စာစားကြတဲ့အခါကြရင် ငွေတွေ အများကြီး ရှိကြလိမ့်မယ်။"


ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးကတော့ in a pinch ဖြစ်ပါတယ်။ In အထဲမှာ၊ အချိန်အတောအတွင်း။ Pinch က ဒီနေရာမှာ အရေးပေါ် အခြေအနေ၊ အရေးကြီးတဲ့ အခြေအနေ၊ အကြပ်အတည်း တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အရေးကြီးတဲ့အချိန်၊ အရေးပေါ်အချိန်၊ အကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့အချိန် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဘေးကျပ်နံကျပ်နဲ့ ကြုံလာချိန်၊ အရေးပေါ်အချိန်မှာ ဖြတ်ထိုးဉာဏ်သုံးပြီး အလုပ်ဖြစ်အောင်၊ မဖြစ်ဖြစ်အောင် လုပ်န်ိုင်တဲ့သဘောမျိုး ဖြစ်ပါတယ်။ ဥပမာ ဒဏ်ရာရလို့ ပတ်တီးစီးရဖို့ ရှိတဲ့အခါမှာ ပတ်တီးမရှိတဲ့အခါမှာ အဝတ်စနဲ့ အစားထိုးစီးလိုက်ရတဲ့ သဘောဖြစ်ပါတယ်။ အခက်အခဲနဲ့ ကြုံတွေ့ရတဲ့အခါ အဆင်ပြေအောင် ပြုလုပ်နိုင်တဲ့သဘောမျိုး ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာမှာတော့ သူ့ကားမှာ တပ်ထားတဲ့ တာယာတွေက ဂတုံးနီးပါးဖြစ်နေ ကားအပိုဘီးလည်း မကောင်းတဲ့ အခြေအနေမျိုးမှာ ဖြစ်ပါတယ်။

"I'm afraid anyone of my tires will go flat any time. My spare tire is bald and leak air, but I hope in a pinch it lasts long enough to let me get to a nearest gas station where I can get some help."

"ကျနော့် ကားတာယာတွေဟာ ဘယ်အလုံးမှာ လုံးလုံးစိတ်မချရဘူး။ အချိန်မရွေး ပေါက်သွားနိုင်လို့ စိုရိမ်နေမိတယ်။ အပိုတာယာကလည်း ဂတုံးဖြစ်နေပြီး လေကလည်း စိမ့်ထွက်နေတယ်။ ဒါပေမဲ့ ဒီအခြေအနေမှာတော့ အကူအညီ ရနိုင်တဲ့ ဓါတ်ဆီဆိုင်အထိတော့ ဒီအပို ကားတာယာက ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"


နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးကတော့ pinch hit ဖြစ်ပါတယ်။ Pinch ကတော့ အထက်ပါ တင်ပြခဲ့တဲ့ အဓိပ္ပါယ်များအတိုင်း ဖြစ်ပါတယ်။ Hit ကတော့ ရိုက်နှက်သည် ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းက အမေရိကန် ဘေ့စ်ဘော (baseball) ကစားနည်းက လာတာဖြစ်ပါတယ်။ ဘေ့စ်ဘောကစားသမားက တဖက်အသင်းကပေးတဲ့ ဘောလုံးကို ရိုက်ဖို့ ရိုက်တံကို လွှဲပြီးချိန်ရွယ်ထားပြီး ဘောလုံးကို အားနဲ့ရိုက်လိုက်လို့ ဘောလုံးက အဝေးကြီးရောက်သွားရင် သူ့အနေနဲ့ ကွင်းကို ပတ်ပြေးနိုင်ပြီး အသင်းအတွက် အမှတ်ရယူနိုင်တာ ဖြစ်ပါတယ်။ အဲဒါကတော့ Hit ဖြစ်ပါတယ်။ Pinch hit ကတော့ အဲဒီလို ရိုက်တဲ့ ပုံမှန်အားကစားသမားက ဒဏ်ရာရလို့ဖြစ်စေ၊ တခုခုဖြစ်လို့ဖြစ်စေ ဆက်မကစားနိုင်တော့ရင် သူ့နေရာကို အစားထိုးတဲ့လူ၊ သို့မဟုတ် နဂိုလူထက် ပိုရိုက်ချက်ကောင်းအောင် ကစားနိုင်တဲ့လူကို အစားထိုးရိုက်တာကို ခေါ်ဆိုပါတယ်။ နေ့စဉ်အသုံးမှာတော့ လုပ်ငန်းတခုခုမှာ အရေးပေါ် အခြေအနေကြောင့် အစားထိုးခံရတဲ့လူကို pinch hit လို့ ခေါ်ပါတယ်။

အခုပေးမယ့် ဥပမာမှာတော့ Mr. Warran ရဲ့ မန်နေဂျာက နှလုံးရောဂါ အတွက် အရေးပေါ် ခွဲစိတ်ခံယူရမယ့် အခြေအနေကြောင့် ဖြစ်ပါတယ်။ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။


"Mr. Warran was out two months recovering from his operation. His assistant Katie Lee was asked to pinch hit for it. She is very young, of course. But, she did such a great job we thought she takes over his office when he retires next year."

"Mr. Warran အနေနဲ့ ခွဲစိတ်ကုသမှု ခံယူပြီး နှစ်လအကြာ အနားယူရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ထောက် Katie Lee ကို အရေးပေါ် သူ့အစား တာဝန်ယူဖို့ ပြောထားတယ်။ တကယ်တော့ သူက ငယ်ရွယ်ပေမယ့် အလုပ်မှာ သိပ်ကိုတော်လို့ နောက်နှစ် သူ့ဆရာ အနားယူရင်တော့ ဒီအလုပ်ကို သူမဆက်ပြီး တာဝန်ယူရလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။"

ဆက္ဖတ္ရန္>>>

Thursday, May 23

Andre- Marie Ampere

Born 20 January 1775
Parish of St. Nizier, Lyon,France
Died 10 June 1836 (aged 61)
Marseille, France
Residence France
Nationality French
Fields Physics
Institutions Bourg-en-Bresse
École Polytechnique
Known for Ampere's Law
အင်ဒရီး မယ်ရီ အမ်ပီယာ(၁၇၇၅-၁၈၃၆) ဆိုတာကတော့ ၁၉ရာစုရဲ့ ပြင်သစ် သိပ္ပံ ပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို လိုင်ယွန်မြို့ရဲ့ အနီးအနားက Polemieux မှာ မွေးဖွားခဲ့ပါတယ်။ Ampere ဆိုတာကတော့ electric current ရဲ့ ယူနစ် တစ်ခုဖြစ်ပါတယ်။ သူ့ကို ဂုဏ်ပြုပြီးတော့ ခေါ်ဆို ထားတာ ဖြစ်ပါတယ်။ အင်ဒရီး မယ်ရီ အမ်ပီယာ ကတော့ လျှပ်စစ် နဲ့ သံလိုက် တို့ရဲ့ ကြားမှာရှိတဲ့ ဆက်သွယ် ချက်ကို စူးစမ်းရှာဖွေခဲ့တဲ့ ပြင်သစ်သိပ္ပံ ပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ သူကတော့ ၁၈၂၀ ခုနှစ် မှာ principle of electromagnetic reaction (magnetic field တစ်ခုforce သက်ရောက်လိုက် တာနဲ့ electrical current ဖြတ်သန်းစီးဆင်း) ကို တွေ့ရှိခဲ့ပါတယ်။ သူကတော့ electrodynamic theory နဲ့ လျှပ်စစ် နဲ့ သံလိုက် တို့ရဲ့ဆက်သွယ်ချက် ကို (Collection of Observations on Electrodynamics, 1822) နဲ့ (Theory of Electrodynamics Phenomena ,1826) စာအုပ် တွေမှာ ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။
အမ်ပီယာကို ၁၇၇၅ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ လိုင်ယွန် မြို့မှာမွေးဖွားခဲ့ပါတယ်။ ၁၈၃၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ အမ်ပီယာရဲ့ ကလေးဘ၀ နဲ့ ဆယ်ကျော်သက် အရွယ်အထိ သူ့ရဲ့ မိသားစုနဲ့ အတူ လိုင်ယွန်မြို့ရဲ့ အနီးအနားက Poleymieux-au- Mont-d'Or မှာနေထိုင် ခဲ့ ပါတယ်။ သူ့အဖေက သူကို လက်တင် ဘာသာကို စတင် သင်ကြား ပေးခဲ့ပါတယ်။ သူ့ရဲ့တိထွင်မှုတွေ မစတင်ခင်ထိတော့ သူရဲ့ အထုံပါရမီနဲ့ စိတ်ဝင်စားတဲ့ သင်္ချာဘာသာ ဖြစ်ပါတယ်။ သို့သော်လည်းဘဲ အမ်ပီယာက သူ့ရဲ့ လက်တင်ဘာသာ ကို ပြန်လည် စတင်ခဲ့ပါတယ်။သူ့ရဲ့ ဆရာတွေကတော့ ဆွီဇာလန် သိပ္ပံပညာရှင် နှစ်ယောက် ဖြစ်တဲ့ Euler နဲ့ Bernoulli ဖြစ်လာပါတယ်။
နောက်ပိုင်းမှာတော့ အမ်ပီယာ ၁၈နှစ်မှာ mathematics နဲ့ science ကို ကျွမ်းကျင်ပိုင်နိုင် လာပါတယ်။ သို့သော် နောက်မှာတော့ သူက history, travels, poetry, philosophy နဲ့ natural sciences တွေကို လေ့လာခဲ့ပါတယ်။ ပြင်သစ် တော်လှန်ရေး ကာလမှာ တော့ အမ်ပီယာရဲ့ အဖေက သူ့ကို လိုင်ယွန်က စိတ်ချရတဲ့အတွက် ပြောင်းနေဖို့ ပြောလာပါတယ်။သို့သော်ငြားလည်း သူ့အဖေ ကတော့ ပြင်သစ် တော်လှန်ရေး အပြီးမှာတော့ ဖမ်းဆီး ကွပ်မျက် ခံခဲ့ရပါတယ်။ ဒါနဲ့ပါတ်သက် ပြီးတော့ အမ်ပီယာ စိတ်ထိခိုက် ခဲ့ရပါတယ်။
၁၇၉၆မှာ Julie Carron နဲ့တွေ့ခဲ့ပြီးတော့ ၁၇၉၉ မှာလက်ထပ်ခဲ့ပါတယ်။၁၇၉၆ ခန့်မှာ သူက လိုင်ယွန်ရဲ့ mathematics, chemisty နဲ့ languages ဌာနတွေမှာ လုပ်ကိုင်ခဲ့ ပါတယ်။ ၁၈၀၁ မှာ သူ physics နဲ့chemistry ဌာန ရဲ့ professor အဖြစ် ဘ်ိုဒေါ့ ကိုပြောင်းလာခဲ့ပါတယ်။၁၈၀၃ ခုနှစ်မှာ သူ့မိန်းမဆုံးသွားလို အမ်ပီယာ ဒုက္ခ ရောက်ခဲ့ ရပါတယ်။သူအနားယူခဲ့တယ်။သို့သော် သူ လိုင်ယွန် တက္ကသိုလ်မှာ အကြံပေး အဖြစ် ၁၈၀၄ ခုနှစ်မှာ လုပ်ခဲ့ပါတယ်။
Jean Baptiste Joseph Delambre'sရဲ့ ထောက်ခံချက်အရ လိုင်ယွန်မှာ ခန့်အပ်ခံရပါတယ်။ ၁၈၀၅ နောက်မှာ ပဲရစ်ရဲ့ polytechnic ကျောင်းမှာ အရေးသိပ်မပါတဲ့ နေရာတစ် ခုကိုရခဲ့တယ်။ ၁၈၀၉ခုနှစ် မှာ သင်္ချာဌာနရဲ့ professor ဖြစ်လာခဲ့ပါတယ်။အဲမှာ သူက scientific research တွေကို မလျော့သော ဇွဲ၊လုံ့လ ၊ ဝိရီယ တွေနဲ့ လေ့လာလိုက်စားခဲ့တယ်။ ၁၈၁၄ ခုနှစ်မှာတော့ တက္ကသိုလ် ရဲ့ အဖွဲ့ဝင် အဖြစ်ခန့်အပ်ခံရပါတယ်။
Electromagnetic လို့ခေါ်တဲ့ electricity နဲ့ magnetism ကြားမှာရှိတဲ့ ဆက်သွယ်ချက် ကိုပြသခဲ့ပါတယ်။၁၈၂၀ စက်တင်ဘာလ ၁၁ရက်နေ့မှာ H. C. Ørsted's ရှာဖွေတွေ့ရှိခဲ့တဲ့ voltic current ကြောင့် action ဖြစ်စေတဲ့ magnetic needle အကြောင်းကိုကြားခဲ့ရပါတယ်။တစ်ပါတ် အကြာ စက်တင်ဘာလ ၁၈ရက်နေ့မှာတော့ ထူးခြားတဲ့အဘောတရားတွေ နဲ့ ပြီးပြည့်စုံ တဲ့ စာတမ်းတစ်စောင်ကို တင်သွင်းခဲ့ပါတယ်။ အဲဒီ့ နေ့မှာဘဲ parallel ဖြစ်နေတဲ့ conductors နှစ်ချောင်းမှာ လျှပ်စစ်ဖြတ်သန်းစီးဆင်း သွားတဲ့အခါမှာတော့ direction တူနေမယ်ဆိုရင်တော့ သူတို့ဟာ တစ်ခုနဲ့ တစ်ခု ဆွဲငင် ကြပြီးတော့ direction မတူတဲ့ အခါမှာတော့ တစ်ခုနဲ့တစ်ခုဟာ တွန်းကန်ကြတယ်ဆိုတာ ကို ပြသခဲ့ပါတယ်။
Electromagnetism နယ်ပယ်ဟာ အမ်ပီယာကြောင့် ပြန့်ပွား လာခဲ့ပါတယ်။mathematical theory တွေဟာတိုးတက်လာခဲ့တယ်။ဒါတွေသာမက သူလေ့လာထားတဲ့ electromagnetic phenomena နဲ့ နောက်ထပ်ဖြစ်ပေါ်လာမယ့် အသစ်တွေကိုလည်း ဟောကိန်း ထုတ်ခဲ့တယ်။ ၁၈၂၈ ခုနှစ် မှာတော့ ဆွီဒင် သိပ္ပံအကယ်ဒမီ ရဲ့ နိုင်ငံခြားသား အဖွဲ့ဝင်အဖြစ် ရွေးကောက် ခြင်းကိုခံခဲ့ရတယ်။
၁၈၃၆ခုနှစ်မှာ အမ်ပီယာ က မာဆေး မှာသေဆုံးခဲ့ပါတယ်။ သူ့ကို ပဲရစ်ရဲ့ Cimetière de Montmartre မှာ မြေမြုလ် သင်္ဂြိုဟ် ခဲ့ပါတယ်။သူ့ကို ဂျာနယ် တွေက သူဟာ ရိုးသားတယ်၊အပြစ်ကင်းစင်တယ်၊ သနားကြင်နာတတ်တယ်လို့ ရေးသားဖော်ပြကြပါတယ်။

ဆက္ဖတ္ရန္>>>

Friday, May 18

✅ 'ဆောရီး"ကို အလွယ်တကူ မပြောပါနဲ့

ကောင်လေးနဲ့ကောင်မလေးက ငယ်ငယ်လေးတည်းက အတူကြီးပြင်းလာကြသူတွေ ဖြစ်တယ်။ ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး ရွာပြင်ဖက်က ချောင်းစပ်မှာ ငါးသွားဖမ်းလေ့ရှိတယ်။ ငါးဖမ်းပြန်တိုင်း ကောင်လေးရဲ့ပလိုင်းထဲမှာ ငါးတွေကအပြည့်... ကောင်မလေးမှာတော့ လက်ဗလာနဲ့ ပြန်ခဲ့ရတာချည်းပဲ။ ငါးမရခဲ့တဲ့ ကောင်မလေးက မျက်ရည်အဝဲသားနဲ့ အိမ်ပြန်ရောက်တဲ့အထိ မပျော်ရွှင်ခဲ့ဘူး။
ညစာစားခါနီး အိမ်ရှေ့တံခါးခေါက်သံကြားတော့ ကောင်မလေးက တံခါးဖွင့်ကြည့်တယ်။ တံခါးရှေ့မှာရပ်နေတဲ့ ကောင်လေးကိုတွေ့တော့ နုတ်ခမ်းစူပြီး လှည့်ထွက်မယ်လုပ်တော့ ကောင်လေးက ကပျာကယာရှေ့တက်ပြီး "နင့်ငါးတွေ ငါဖမ်းပစ်လိုက်တာ ဆောရီးနော်. ရော့ ဒါနင့်အတွက်" လို့ တောင်းပန်ပြီး ငါးတွေထည့်ထားတဲ့ ဖန်ငါးကန်လေးကို လှမ်းပေးတယ်။ စူနေတဲ့ကောင်မလေးရဲ့ နုတ်ခမ်းလေးပြေလျော့သွားပြီး အပြုံးပန်းတစ်ပွင့် ဖူးပွင့်လာခဲ့တယ်။ ရိုးသားဖြူစင်တဲ့ ကလေးဘဝကို အဲဒီလို အပြစ်ကင်းကင်း သူတို့ဖြတ်သန်းရင်း တဖြေးဖြေး ကြီးပြင်းလာခဲ့ကြတယ်။

အဲဒီ "ဆောရီး" က ရိုးသားဖြူစင်တဲ့ဆောရီးဖြစ်ပါတယ်။

ကောင်လေးက ကောင်မလေးကို အမြဲစနောက်တတ်တယ်။ ကောင်မလေးငိုတဲ့အထိ သူအစသန်ခဲ့သလို ကောင်မလေးရယ်တဲ့အထိ သူချော့တတ်ခဲ့တယ်။ ကောင်လေးက ကောင်မလေးရဲ့စက်ဘီးကို အမြဲလေခိုးလျော့ပြီး တစ်နေရာမှာ ပုန်းနေတတ်တယ်။ ခြေမကိုင်၊ လက်မကိုင်မီဖြစ်နေတဲ့ ကောင်မလေးကို ချောင်းကြည့်ရင်း သူ့ဆီဆက်လာမယ့် ကောင်မလေးရဲ့ဖုန်းကို သူစောင့်နေခဲ့တယ်။ ပြီးတော့ ကောင်မလေးဆီက လေခိုးလျော့တဲ့သူခိုးကို ဆူပူကြိမ်းမောင်းသံတွေ နားထောင်ပြီး သူသဘောကျနေတတ်တယ်။ ဘာကြောင့်မှန်းမသိ ကောင်မလေးရဲ့ အဲဒီလိုအပြုအမှုကို သူအရမ်းနှစ်ခြိုက်ခဲ့တယ်။
ချောင်းကြည့်ရာကနေ ကောင်လေးထွက်လာပြီး အဝေးကအခုမှ ရောက်လာဟန်နဲ့ လေမရှိတဲ့စက်ဘီးကို ကူတွန်းပေးတတ်တယ်။ ဘေးက ပွစိပွစိရေရွတ်နေတဲ့ ကောင်မလေးကိုကြည့်ပြီး သူခိုးရယ်နေတတ်တယ်။ ပြီးမှ စိတ်မကောင်းဟန်နဲ့ "ဆောရီး.... ငါမှားသွားတယ်" လို့ တောင်းပန်တတ်တယ်။ ကျိန်ဆဲနေတဲ့ ကောင်မလေးနုတ်ခမ်းတွေ ပျော့ပျောင်းသွားပြီ နောက်တစ်ကြိမ်ဒီလိုမလုပ်ဖို့ ကောင်လေးကို ဆုံးမတတ်တယ်။ ကောင်မလေးရဲ့ အဆုံးအမအောက်မှာ ကောင်လေးက ခေါင်းငုံ့လို့..... နေ့ရက်တွေကို ရယ်မောခြင်းနဲ့ သူတို့အဆုံးသတ်ခဲ့ကြတယ်။

အဲဒီ "ဆောရီး" က ပျော်ရွှင်တဲ့ဆောရီးဖြစ်ပါတယ်။

ဒီလိုနဲ့ ကျောင်းပြီးတော့ ကောင်လေးနဲ့ကောင်မလေး ကိုယ်စီအလုပ်ဝင်ကြတယ်။ ကောင်လေးကအလုပ်များပြီး နားရက်တွေ သိပ်မရှိခဲ့ဘူး။ ကောင်မလေးက သူ့ကိုဂရုမစိုက်ဘူးဆိုပြီး ကောင်လေးကို အပြစ်တင်တယ်။ နောက်တော့ ပထမဆုံးအကြိမ် သူတို့ရန်ဖြစ်ခဲ့ကြတယ်။ ကောင်မလေးငိုတော့ ကောင်လေးက "ဒါ ငါ့အလုပ်အတွက်" လို့ ဖြေရှင်းတယ်။
ဒီလိုသွေးအေးစစ်ပွဲက ရက်တော်တော်ကြာသွားတယ်။ နောက်တော့လည်း ကောင်မလေးက မနေနိုင်ပါဘူး။ ကောင်လေးကို ပြန်ခေါ်ပြီး စစ်ပြေငြိမ်းကြောင်း လက်နက်ချတယ်။ နောက်ပိုင်းမှာ သူတို့မကြာခဏ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက် လုပ်ခဲ့ကြတယ်။ ရန်ဖြစ်တိုင်းလည်း ကောင်မလေးဖက်ကစပြီး ပြေငြိမ်းတာချည်းပဲ။
အဲဒီနှစ်က ကောင်မလေးရဲ့မွေးနေ့မှာ ရိုမန်တစ်ဆန်ဆန် မွေးနေ့ပွဲလုပ်ပေးမယ်လို့ ကောင်လေးက ကောင်မလေးကို ဂတိပေးတယ်။ မွေးနေ့မှာ ကောင်လေးအလာကို ကောင်မလေးစောင့်နေခဲ့တယ်။ ညနက်သန်းခေါင်အထိ၊ မိုးလင်းတဲ့အထိ စောင့်နေခဲ့တယ်။ မနက်နိုးလာတဲ့ ကောင်မလေးရဲ့ပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်းရာတွေ စွန်ထင်းလို့.... ကောင်လေးရောက်လာတော့ ကောင်မလေးရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း "ဆောရီးနော်... နင့်ကို ငါလက်ထပ်ပါရစေ" ဆိုပြီး လက်စွပ်တစ်ကွင်းထုတ်ပေးတယ်။

အဲဒီ "ဆောရီး" က တစ်ဘဝစာကို တာဝန်ယူရဲတဲ့ဆောရီးဖြစ်ပါတယ်။

မင်္ဂလာဆောင် အတူနေပြီးတဲ့နောက် ကောင်လေးရဲ့အလုပ်အကိုင်တွေ ပိုတိုးတက်အောင်မြင်ခဲ့တယ်။ ကောင်မလေးက ကောင်လေးအတွက် နေ့တိုင်းချက်ပြုပ်၊ လျှော်ဖွပ်နဲ့ ကျွမ်းကျင်တဲ့ အိမ်ထောင်ရှင်မတစ်ဦးဖြစ်ခဲ့တယ်။ ကောင်မလေးက ဈေးသွားတိုင်း ငါးလေးတွေဝယ်လာပြီး ကန်လေးထဲမှာ မွေးထားတတ်တယ်။ "ဘာကြောင့်လဲ" လို့ ကောင်လေးမေးခဲ့ရင် ဘာမှပြန်မဖြေဘဲ သူပြုံးနေခဲ့တတ်တယ်။
တဖြေးဖြေး ကောင်လေးအိမ်ပြန်နောက်ကျလာတယ်။ ပြန်လာတိုင်းလည်း ရေမွှေးနံ့တစ်မျိုးမျိုးက ကောင်လေးကိုယ်မှာ ကပ်ငြိလာတတ်တယ်။ ဒါကို ကောင်မလေး မမေးခင် အကြောင်းအမျိုးမျိုးပြပြီး ကောင်လေးဖြေရှင်းတတ်တယ်။ အဲဒီကစ ကောင်မလေး စကားသိပ်မပြောတော့ဘူး။ အရင်ကလိုလည်း မသွက်လက်တော့ဘူး။ ဘယ်မှလည်း သိပ်မသွားတော့ဘဲ မရွှင်မပျနဲ့ အိမ်ထဲမှာပဲ အောင်းနေတတ်ခဲ့တယ်။ ခံစားချက်များတဲ့ ကိုရီးယားကားတွေကြည့်ပြီး ကောင်မလေးငိုနေတတ်တယ်။
နောက်ပိုင်း ကောင်လေးနောက်ကျပြန်လာတိုင်း သူ့ကိုယ်ပေါ်မှာ ရေမွှေးနံ့တစ်မျိုးပဲ ရတတ်တော့တယ်။ ကောင်မလေးဘာမှ မမေးခဲ့ပါဘူး။ ဒါကိုကောင်လေးက မလုံသလိုနဲ့ "ဆောရီး... ဒီနေ့ အလုပ်မှာ စားပွဲသောက်ပွဲရှိပြန်တယ်" လို့ ပြောတတ်တယ်။

အဲဒီ "ဆောရီး" က လိမ်ညာခြင်းအစရဲ့ဆောရီးဖြစ်ပါတယ်။

တဖြေးဖြေး အလုပ်အကြောင်းပြပြီး ကောင်လေး အိမ်မပြန်လာခဲ့တော့ဘူး။ အလုပ်အကိုင်ကောင်းလေ၊ ဘေးက မြှောက်ပင့်တဲ့လူများလေနဲ့ ကောင်လေးရဲ့နေ့ရက်တွေက မြှောက်ပင့်သံတွေကြားထဲမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကုန်ဆုံးခဲ့တယ်။ ကောင်မလေးကတော့ အိမ်ထဲအိမ်ပြင်တောင် အထွက်နည်းခဲ့တယ်။ ကိုယ့်ကိုယ်ကို အိမ်ထဲမှာ ပိတ်လှောင်ပြီးနေခဲ့တယ်။ အရင်တုန်းက ကောင်လေးနဲ့ပြောမကုန်နိုင်တဲ့ တီတီတာတာစကားလေးတွေ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ ကောင်မလေးက တစ်ယောက်ထဲ အဖော်မဲ့လို့ အထီးကျန်နေခဲ့ရတယ်။
ကောင်လေးကို "ဘယ်အချိန် ပြန်လာမလဲ?" လို့ မေးတိုင်း ကောင်လေးက အစာသီးနင်သွားတဲ့အသံနဲ့ "ဆောရီး... ငါအလုပ်များနေတယ်" လို့ ပြန်ဖြေတတ်တယ်။ ဖုန်းခွက်ကို မသာမယာချရင်း ကောင်မလေး စိတ်မကောင်းဖြစ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကောင်လေးဘယ်အချိန် အိမ်ပြန်လာမလဲဆိုတာကို သူမမေးခဲ့တော့ဘူး။

အဲဒီ "ဆောရီး"က ဝတ်ကျေတမ်းကျေပြောတဲ့ ဆောရီးဖြစ်ပါတယ်။

ရုပ်ရှင်တွေထဲကလိုမျိုး ကောင်မလေးက သူ့ကိုယ်သူ အလှစပြင်ခဲ့တယ်။ ကောင်လေးအိမ်မပြန်တာဟာ တစ်နေ့တစ်နေ့အိုစာသွားတဲ့ သူ့ရုပ်ရည်ကြောင့်ဖြစ်မယ်ဆိုပြီး အလှတွေ သူစပြင်ခဲ့တယ်။ ကိုယ်ရဲ့ပျော်ရွှင်ခြင်းကို ကိုယ်ကိုယ်တိုင် လုပ်ဆောင်မှရနိုင်မယ်၊ တွန့်ဆုတ်နေလို့ မဖြစ်မှန်း သူသိခဲ့တယ်။
အဲဒီနေ့က ကောင်မလေးအလှတွေပြင်ပြီး ကောင်လေးဆီကို သွားခဲ့တယ်။ ဒါဟာ ကောင်လေးရဲ့အလုပ်ဆီ ပထမဆုံးအကြိမ် သူသွားခဲ့တာဖြစ်သလို နောက်ဆုံးအကြိမ်လဲဟုတ်ခဲ့တယ်။ ဓာတ်လှေကားခလုတ်ကို နှိပ်ပြီး ကောင်လေးအမြဲပြောတဲ့ "အလုပ်များတယ်" ဆိုတဲ့နေရာကို သူရောက်လာခဲ့တယ်။ ခမ်းခမ်းနားနားပြင်ထားတဲ့ ကုမ္ပဏီထောင့်တိုင်းကို သူလိုက်ကြည့်ခဲ့တယ်။ နေရာတိုင်းက လှပလို့နေတယ်။ ဝရန်တာကိုဖြတ်ပြီး ကောင်လေးရဲ့ရုံးခန်းဆီ သူရောက်လာခဲ့တယ်။ ရုံးခန်းတံခါးကို သူသာသာလေး တွန်းဖွင့်ကြည့်လိုက်တဲ့ တခဏ သူအံ့သြမင်သက်သွားမိတယ်။
သူ့မျက်စိရှေ့မှာ တွေ့ရတဲ့သူက သူ့ခင်ပွန်းမဟုတ်ခဲ့ဘူး...
သူ့စက်ဘီးကို လေအမြဲခိုးလျော့တဲ့ နောက်တောက်တောက် ကောင်လေးမဟုတ်ခဲ့ဘူး...
ငါးတွေဖမ်းပြီး ကန်ထဲထည့်ခဲ့တဲ့ ကောင်လေးလည်း မဟုတ်ခဲ့ဘူး....

တစ်ခြားမိန်းမတစ်ယောက်နဲ့ အကြည်ဆိုက်နေတဲ့ ယောက်ျား၊ သွေးသားတွေ ဆာလောင်နေတဲ့ အရိုင်းတိရစ္ဆာန်ဖြစ်နေခဲ့တယ်။
ကောင်မလေးကိုတွေ့တော့ ကောင်လေးက ကပျာကယာ ဖြေရှင်းဖို့လုပ်တယ်။ နေရာကနေ ကောင်မလေး ချက်ချင်းလှည့်ထွက်တော့ နောက်ကနေ ကောင်လေးအပြေးလိုက်တယ်။ အဲဒီညက မိုးတွေသည်းသည်းမည်းမည်း ရွာသွန်းလို့.........
ကောင်လေးရဲ့အော်သံတွေကို ကောင်မလေး ဂရုမစိုက်ခဲ့တော့ဘူး။ "ဆောရီးပဲ.... နင့်ကိုပဲ ငါချစ်ပါတယ်ကွာ... နင့်ကိုပဲ ငါတကယ်ချစ်တာပါ" တဲ့။ ကောင်လေးရဲ့အော်သံတွေ မိုးသံနဲ့အတူ ရောထွေးလို့ ကောင်မလေးမကြားခဲ့ပါဘူး။

အဲဒီ "ဆောရီး" က လူကိုထိခိုက်နာကျင်စေတဲ့ဆောရီး ဖြစ်ပါတယ်။

ကောင်မလေးကို ကောင်လေးရှာမတွေ့ခဲ့တော့ဘူး။ ကောင်မလေးပျောက်နေခဲ့တယ်။ ကောင်မလေးမရှိတော့ ကောင်လေးရဲ့ကမ္ဘာက မှောင်မည်းလို့... အလုပ်လုပ်ချင်စိတ်လဲ မရှိတော့ဘူး။ နေ့ရက်တွေကို အရက်နဲ့ဖြတ်သန်းခဲ့တယ်။ ကောင်မလေးကို လိုက်ရှာချင်ပေမယ့် သူငယ်ချင်းမရှိတဲ့ ကောင်မလေးကို ဘယ်သွားရှာရမှန်း မသိခဲ့ဘူး။ ကောင်မလေးရဲ့တစ်ဦးတည်းသော သူငယ်ချင်းက သူပဲရှိခဲ့တာမို့ ဖုန်းအလာကို စောင့်နေဖို့ပဲ ကောင်လေးတတ်နိုင်ခဲ့တယ်။ ကောင်မလေးရဲ့ ဖုန်းတွေလွတ်သွားမှာစိုးလို့ ဖုန်းကို (၂၄)နာရီလုံး ဖွင့်ပြီးစောင့်နေခဲ့တယ်။

ကောင်လေးရဲ့ ဒီလိုစောင့်မျှော်ခြင်းက နှစ်ဝက်အထိကြာသွားခဲ့တယ်။ တစ်နေ့မှာ စာတိုက်ကနေ ဗူးလေးတစ်လုံး ရောက်လာခဲ့တယ်။ ဗူးထဲမှာ ချောင်းငါးလေးတွေရဲ့ နမူနာရုပ်ကြွလေးတွေပါတယ်။ ငါးတချို့က သစ်ရွက်လေးဘေးမှာ၊ တချို့က မြက်တွေကြားထဲမှာ ပုံစံအမျိုးအမျိုးနဲ့ ရှိနေခဲ့တယ်။ ဗူးထဲမှာ စာတစ်စောင်လည်းပါပြီး စာထဲမှာ ဒီလိုရေးထားပါတယ်။
"နင့်ကိုတွေ့ဖို့ ငါ့မှာ သတ္တိမရှိခဲ့ဘူး။ ငါပျော့ညံ့လွန်းလို့ဖြစ်မယ် ဒါမှမဟုတ် နင့်ကိုငါ လုံးဝမတွေ့ချင်လို့လည်းဖြစ်မယ်။ ငါ နေကောင်းတယ်။ နင့်ကိုခွဲပြီး ဘယ်လိုရှင်သန်ရမယ်ဆိုတာကို ငါသိခဲ့တယ်။ ငါ့ကိုယ်ငါ ဂရုစိုက်ကျွေးမွေးနိုင်ခဲ့တယ်။ နင့်အပြန်ကို ငါနေ့တိုင်း စောင့်စရာမလိုတော့ဘူး။ ဟင်းတွေ ပူပူနွေးနွေးချက်ပြီး အေးစက်သွားတဲ့အထိ ငါစောင့်စရာ မလိုခဲ့တော့ဘူး။ ဖုန်းလည်း ငါမသုံးတော့ဘူး။ နင့်အတွက်နဲ့ (၂၄)နာရီလုံး ဖုန်းကို ငါဖွင့်ထားစရာလဲ မလိုတော့ဘူး။
ငါ့ကိုယ်ငါ ဘယ်လိုကြင်နာရမယ်ဆိုတာကို ငါနားလည်သွားပြီ။ လှပတဲ့နေ့ရက်တွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာကို ငါသိသွားပြီ။ နင့်ကို ဘယ်လိုချစ်ရမယ်ဆိုတာကို ငါမေ့လိုက်နိုင်ခဲ့ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ငါ့အချစ်တွေကို အနာတရဖြစ်အောင် နင်ဆော့ကစားခဲ့လို့ဖြစ်တယ်။ ကွာရှင်းစာချုပ်ကို ငါးကန်အောက်မှာ ငါဖိထားခဲ့တယ်။ နင်လက်မှတ်ထိုးပြီးရင် ဒီလိပ်စာအတိုင်း ငါ့ကိုပို့ပေးခဲ့ပါ။ ဆောရီးပဲ... ငါစိတ်တွေ ပင်ပန်းနွမ်းနယ်သွားခဲ့ပါပြီ"
လိပ်စာအတိုင်း ကောင်မလေးကို ကောင်လေးသွားရှာခဲ့တယ်။ ရင်ထဲမှာ မျှော်လင့်ချက်အပြည့်နဲ့ ကောင်မလေးဆီက ခွင့်လွတ်ခြင်းတွေယူပြီး ကောင်မလေးမရှိရင် သူ့ဘဝ မရှင်သန်ရဲတဲ့အကြောင်းပြောဖို့ ကောင်လေးလိုက်သွားခဲ့တယ်။ ဒါပေမယ့် အိမ်တံခါးဖွင့်ပေးတဲ့သူက ကောင်မလေးကိုယ်တိုင် မဟုတ်ခဲ့ဘူး။ ကောင်လေးဆီက စာရေးပြီးတဲ့နောက် သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်လို့ ကောင်မလေးအဖေက စိတ်မကောင်းစွာပြောတယ်။ ကောင်လေးအသိတွေ ချာချာလည်ကုန်တယ်။ နောင်တတွေက တပွေ့တပိုက်နဲ့ သူ့တစ်သက်စာတောင် ထမ်းပိုးလို့ မနိုင်ခဲ့ပါဘူး။

တချို့ "ဆောရီး" က အဲဒီလိုနည်းနဲ့ အဆုံးသတ်ခဲ့ကြတယ်။

ဘဝတစ်လျှောက်မှာ ကိုယ့်ကို တစ်သက်တာ တန်ဖိုးထားမြတ်နိုးသူတစ်ယောက်ကိုတော့ လူတိုင်းကြုံကြရမှာပဲ။ အဲဒီလို ကိုယ့်ကိုယ်တန်ဖိုးထားသူကို မြတ်နိုးတတ်ပါစေ။ "ဆောရီး"ဆိုတဲ့ တောင်းပန်မှုတိုင်းက "ကိစ္စမရှိပါဘူး"ဆိုတဲ့စကားနဲ့ လဲလှယ်လို့မရနိုင်ခဲ့ပါဘူး။ ကိုယ်ချစ်တဲ့သူကို မမြင်နိုင်တဲ့ အနာတရနဲ့ဒဏ်ရာတွေ မပေးမိပါစေနဲ့။ ဒါဟာ နှစ်ဦးနှစ်ဖက်လုံးကို ထိခိုက်နာကျင်စေပါတယ်။

"အချစ်"ဆိုတာကို ခံစားစေပြီး "ဆောရီး"ကို အလွယ်တကူ မပြောမိဖို့ သူတို့နားလည်တတ်ပါစေ...

ဆက္ဖတ္ရန္>>>

Wednesday, May 18

✅ ဆွေရယ် မျိုးရယ် ချစ်ကြိုး သွယ်သွယ် နှောင်ဖွဲ့ချီတယ်...

ဒီရွာမှာ မွေး။ ဒီရွာမှာ ကြီးခဲ့တဲ့ ကိုစံလွင်ဟာ ပညာလေး စုံကတည်းက အလုပ်မျိုးစုံ လုပ်ခဲ့ပါတယ်။ သူများ လယ်ယာမှာ သူရင်းငှား မလုပ်ဖူးရုံ တစ်မည်ပါပဲ။ အဲသလောက်တော့ အခြေအနေ မမဲ့ခဲ့ဘူးပေါ့လေ။ ဒါပေမယ့် လုပ်ခဲ့သမျှ အလုပ်တွေက မအောင်မြင်လှပါဘူး။ ကုန်ကုန်ပြောရရင် တတ်တဲ့ ပညာလေးနဲ့ ကျောင်းဆရာ ဝင်လုပ်တာတောင် နောက်ပိုင်း တကယ့် ပညာတတ် တစ်ယောက် ရောက်လာတော့ နုတ်ထွက်ပေးခဲ့ ရတာပါ။ ဒီလိုနဲ့ တစ်ရွာသူ မစောနဲ့ အိမ်ထောင်ကျခဲ့ပါရော။ ဟော .... မစောနဲ့လည်း အိမ်ထောင်ကျရော လုပ်တတ်၊ ကိုင်တတ်၊ မြင်တတ်၊ တွေးတတ်တဲ့ မစောရဲ့ ကျေးဇူးကြောင့် အိမ်နဲ့ အိုးနဲ့ မကွာ လက်ဖက်ရည်ဆိုင်လေး ဖွင့်ရာက "စောစံ" လက်ဖက်ရည် ဆိုပြီး ရွာမှာ နာမည် ရခဲ့ရာက စီးပွား ဖြစ်ခဲ့ပါတော့တယ်။ ခုဆို ဗီဒီယို ရုံကလေးတောင် အိမ်ဘေးမှာ အဆွယ်ပွား နိုင်ခဲ့ပါပေါ့။

ဒါလေး နိဒါန်း သွယ်ရတာက ကိုစံလွင်၊ မစောတို့ လင်မယားဟာ ရွာမှာ မျက်နှာဖုံးတွေ မဟုတ်တောင်မှ လူသိများတာ၊ နှံ့စပ်တာလေး ပြောချင်လို့ပါ။ အဲသလို နှံ့နှံ့ စပ်စပ် ရှိလို့လည်း လူချစ် လူခင် ပေါသလို တစ်ဖက်က လူချဉ် လူတွင် ရှိလာတာ ဓမ္မတာပါပဲ။ နော့ပေတဲ့ ပြောရရင် ချစ်ခင်တဲ့ လူက ပိုပြီး များတာကတော့ သေချာပါတယ်။ အဓိကကတော့ သူတို့ လင်မယားရဲ့ ရိုးသားမှုကြောင့်ပဲ ဆိုရမှာပေါ့လေ။ လူတိုင်းနဲ့ တည့်အောင် ပေါင်းရမယ့် လက်ဖက်ရည်ဆိုင်လို၊ ဗီဒီယို တို့လို အလုပ်မျိုးကလည်း လုပ်မိနေမှကိုး။

ဒီလိုနဲ့ တစ်နေ့တော့ ရွာအရှေ့ပိုင်းက ဦးသာဖြိုးရဲ့ သား "ကိုသာစိန်" ပြဿနာ ပေါ်ရာက "ကိုစံလွင်"ဟာ ဇာတ်ရှုပ်ထဲ ပါလာရပါလေရော။ ကိုသာစိန်နဲ့ ကိုစံလွင်ဟာ ငယ်ပေါင်းကြီးဖော် မဟုတ်ကြပေမယ့် ဦးသာဖြိုးရဲ့ ကျေးဇူးက ကိုစံလွင့်ပေါ် မှာ ရှိနေလေတော့ ကိုသာစိန် ပြဿနာ ပေါ်ပြီ ဆိုတာနဲ့ ကိုစံလွင် မနေသာ တော့ပါဘူး။ ဦးသာဖြိုးကလည်း သူတတ်နိုင်တဲ့ ဘက်က လိုက်ခဲ့ပြီးပေမယ့် မအောင်မြင်လို့ ကိုစံလွင်ဆီ အပူ လုပ်ခဲ့ပါပြီ။ ဒီတော့ "မစွမ်းရင်းက လည်းရှိ ကန်စွန်းခင်းကလည်း ငြိ" ဆိုတာလို ကိုစံလွင် တစ်ယောက် ကိုသာစိန် ကိစ္စကို ကိုယ့် ယောက္ခမ ကိစ္စလို သဘောထားပြီး ကူညီရတော့တာပေါ့လေ။
အဖြစ်က ဒီလိုပါ။

ဒီရွာကြီးဟာ ရှေးရှေး ဘိုးစဉ်ဘောင်ဆက် ကတည်းက အစဉ်အလာနဲ့ နေခဲ့ကြတာ ဆိုတော့ တစ်ရွာလုံး လိုလို ဆွေမျိုးတွေလို ဖြစ်ခဲ့ကြတာပေါ့။ ဒီတော့လည်း ထုံးစံ အတိုင်း မြန်မာဆန်ဆန် နှစ်အိမ့်တစ်အိမ်၊ နှစ်ဝိုင်းတစ်ဝိုင်း နေခဲ့ကြတော့ သူ့ စည်းရိုး၊ ကိုယ့်ခြံဝင်းရယ်လို့ သိပ်မရှိကြဘူး။ ကာချင်သလိုကာ၊ ခတ်ချင် သလို ခတ်နေကြတာပါ။ ပြဿနာလည်း ကြီးကြီးကျယ်ကျယ် မရှိပါဘူး။ တောဆိုတော့ မြေကလည်း ပေါတာကိုး။ မြေယာနဲ့ ပတ်သက်လို့လည်း မက်မက် စက်စက် သိပ်မရှိလှဘူး။ ဒီနည်းတူ လယ်ယာမြေနဲ့ ပတ်သက်လို့လည်း သိပ်ပြီး လောဘ သက္ကာယတွေ မရှိလှဘူး။ နဂိုကမှ ဆွေရိပ် မျိုးရိပ်ကလည်း မကင်းကြပေတော့ ပိုနေမြဲ ကျားနေမြဲပေါ့လေ။ ဒီလိုနဲ့ ဒီဘက်ခေတ် ရောက်လာတော့ ကျေးရွာ ကော်မတီတွေ ဘာတွေပေါ်လာ။ မြေယာအဖွဲ့တွေနဲ့ စည်းကမ်းတွေ ဘာတွေလည်း ချမှတ်လာလို့ မြေယာတွေ ခြံခတ်၊ လယ်ယာတွေ သတ်မှတ် လုပ်ကြရပါတယ်။


ဒီမှာ ဖြစ်ချင်တော့ ဦးသာဖြိုးရဲ့ မြေယာနဲ့ ခြံနီးချင်း ဦးစိန်ခို မြေယာ၊ ဦးသာဖြိုးရဲ့လယ်ယာနဲ့ယာနီးချင်း ဒေါ်ဘုမရဲ့ ယာမြေ အငြိအစွန်းလေးတွေ ရှိခဲ့ပါတော့တယ်။ အဲဒီအခါမှာ ထုံးစံအတိုင်း ပြဿနာ ဖြေရှင်းဖို့ လယ်ယာ ကော်မတီဆီ ရောက်ပါတယ်။ ကျေးလက်တောရွာ ဆိုတော့ မြေပုံ ရာဇဝင်ရယ်၊ ဘာရယ် တိတိ ပပတော့ မရှိဘူးပေါ့လေ။ ဘိုးဘွားစဉ်ဆက် မျက်မြင် သက်သေနဲ့ အထောက် အထား တချို့နဲ့ပဲ ဆုံးဖြတ် ကြရတာပေါ့။ သက်ဆိုင်ရာ ကျေးရွာလူကြီးတွေနဲ့ မြေယာ ကော်မတီကလည်း မျှမျှ တတ သဘောနဲ့ပဲ လုပ်ကိုင် ဆောင်ရွက် ပေးကြပါတယ်။ နော့ပေတဲ့ ဒီကိစ္စမျိုး ဆိုတာက မြို့ပေါ်မှာတောင် မြေယာ ရာဇဝင်တွေ၊ စည်ပင် သာယာ မြေယာပုံစံတွေ၊ ဂရန်တွေ တိတိကျကျနဲ့တောင် မနည်း ရှင်းယူကြရတာမို့ တောမှာ ဆိုတော့ ဘယ်တိကျ နိုင်ပါ့မလဲ။ ပြောရရင်တော့ ခြံဝင်းကိစ္စမှာရော၊ လယ်ယာကိစ္စမှာပါ ဦးသာဖြိုး ဘက်က နစ်နာတယ် ဖြစ်ပါလေရော။ ပတ်ဝန်းကျင်ကလည်း ဦးသာဖြိုးဘက်က အမှန်လို့ ယူဆကြလေတော့ မီးလောင်ရာ လေပင့်ဆိုသလို ဖြစ်တော့တာပါပဲ။ တကယ်တော့ အသက်အရွယ် ထောက်လာပြီ ဖြစ်တဲ့ ဦးသာဖြိုးက တော်တော်ရယ်ပါ။ သူ့သား ကိုသာစိန်က ဆတ်ဆတ်ထိ မခံဖြစ်တာပါ။ နဂိုကမှ ဒေါသကြီးရတဲ့ အထဲ အချိန်တန် ထန်းရည် မူးတတ်တဲ့ ကိုသာစိန်ဟာ အဲဒီကိစ္စလည်း ပေါ်ရော ယမ်းပုံမီးကျ ဖြစ် တော့တာပါပဲ။ ထုံးစံအတိုင်း ထန်းရည်မူးတော့ ရမ်းတော့တာပေါ့။ ရမ်းတာမှ မြေယာ ကော်မတီဥက္ကဋ္ဌ အိမ်ရှေ့ ညကြီးသန်းခေါင် သွားဆဲတော့တာ။

ပြဿနာက ဒါပါပဲ။ နော့ပေတဲ့ မီးခဲကို ဓာတ်ဆီ လောင်းသလို ဖြစ်တော့တာကိုး။ ဒီကိစ္စက ကိုယ့်ဆွေမျိုး ကိုယ်ဆဲတဲ့ ကိစ္စ မဟုတ်တော့ဘူး။ တာဝန်ရှိတဲ့ သူကို ဖရုသဝါစာတိုင်းထွာတာ၊ ဝတ္တရား နှောင့်ယှက်တာ ဥပဒေအရ အရေး ယူရမယ့် ကိစ္စဖြစ်သွားပြီ။ တစ်ဖက်က ကြည့်ပြန် တော့လည်း ဆွေရိပ် မျိုးရိပ် မကင်းတဲ့သူတွေ။ ဒါပေမယ့် ခက်တာက အဆဲခံရတဲ့ ပုဂ္ဂိုလ်က တာဝန်ရှိတဲ့သူ ဖြစ်နေတဲ့ အပြင် ဘုရားလူကြီး။ အရက် သေစာ ဆိုလို့ အလွန်ကင်းတဲ့ သူ။ ဒီမှာတင် ပြဿနာက ဘူးလေးရာ ဖရုံဆင့် ဖြစ်တော့တာကိုး။ ပထမတော့ ဖခင် ဖြစ်သူ ဦးသာဖြိုးက ကျေးရွာကော်မတီ အပူကပ်ပြီး ပြေရာပြေကြောင်းသွား ပြောလို့ အဆင်ပြေ မလိုလို ဖြစ်ပါသေးရဲ့။ ဒါပေမယ့် ကိုသာစိန်က ထန်းရည်မူးမူး၊ တစ်ဖက်ဆွေမျိုး အားကိုးနဲ့ (ဟိုဘက်ကလည်း ဆွေမျိုးတွေမို့ ဒါလောက် ပြဿနာ ကြီးမယ် မထင်ဘူး ထင်ပါရဲ့) ကျေးရွာ ကော်မတီကိုပါ "ဟေ့ မဆိုင်ရင် ဝင်မပါနဲ့ ဓားစာမိမယ်"ဆိုပြီး ကြိမ်းမောင်း ပြန်တော့ ပြဿနာက ပိုရှုပ် ကုန်တာပေါ့။

နောက်ဆုံးတော့ ကျေးရွာ ရုံးမှာ ကိုသာစိန်ကို ယာယီ ဖမ်းချုပ်ပါတော့တယ်။ တစ်ရက်နှစ်ရက်နေတော့ ရွာနဲ့ မလှမ်းမကမ်းက ရဲကင်းဆီ ပို့ပါလေရော။ သဘောကတော့ နောက်တစ်ရက် နှစ်ရက်ဆို မြို့ရဲစခန်း အပ်မယ်ပေါ့။ ဒါဆို အချုပ်ရမန် ယူမှာပဲ။ ပြီးရင် လိုအပ်ရင် တရားစွဲရုံပေါ့။ အချုပ်နဲ့ ပြီးမလား။ ဒဏ်ငွေလား၊ ထောင်ကျမလား ဘယ်သူမှ မပြောနိုင်ဘူး။ လောလောဆယ် ဖြေမဆည် နိုင်တာကတော့ သူ့ အမေ (ဦးသာဖြိုးမိန်းမ) ဒေါ်ဆယ်ပါပဲ။ အဘွားကြီးက မီးယပ် ရောဂါသည်။ ကိုစံလွင်နဲ့လည်း ဆွေမျိုး တော်တယ်။ ဒီလိုနဲ့ ကိုသာစိန် ကိစ္စက ကိုစံလွင့်ခေါင်း ပေါ်ကျလာရော ဆိုပါစို့။
ကိုစံလွင်ကတော့ ဆွေရိပ် မျိုးရိပ် မကင်းတာကြောင့် ချက်ချင်း ခေါင်းညိတ်ခဲ့ပေမယ့် "မစော"က ကိုသာစိန် အကြောင်းသိမို့ ခပ်အင်အင် ပါပဲ။ ဟုတ်တယ်၊ ကိုသာစိန်က လူတစ်မျိုး။ မူးရင် ရမ်းတယ်။ မဟုတ်မခံ။ မဟုတ်မခံဆိုတာလည်း သူ့ စိတ်ထဲ မဟုတ်ရင် မခံတာ ပြောတာ။ ယုံရတာ မဟုတ်ဘူး။ တော်ကြာ "ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ" ဆိုပြီး အသားလွတ် ကိုစံလွင့်ပါ လှည့်ရမ်းရင်ဒုက္ခ။ နော့ပေတဲ့ တစ်ရွာသူဖြစ်နေတော့ မစောခမျာလည်း မပြောသာဘူး။


ဒီလိုနဲ့ မြေယာ ဥက္ကဋ္ဌဆီ သွားဖို့နေ့ ရောက်ခဲ့ပါတယ်။ "ကိုစံလွင်"အဖို့တော့ တထိတ်ထိတ်ပေါ့။ ဖြစ်ကြတာကလည်း ဟိုဘက် သည်ဘက် အမျိုးတွေဟုတ် လား။ ကိုယ့်ချင်း ကိုယ့်ချင်း ရှင်းကြရမှာ။ ခုတော့ အမျိုးချင်း ဖြစ်ပေမယ့် ကြားက လက်ဖက်ရည်သမားက ဝင်ရှင်းရမှာ ဆိုတော့ တစ်မျိုးကြီးပေါ့။ အဲ တစ်ခုတော့ ရှိတယ်။ အဲဒီတစ်ခုကလည်း အရေးကြီးတဲ့ တစ်ခု ဖြစ်နေ ပါတယ်။ ဘာလဲဆိုတော့ "မစော"ပါပဲ။ တစ်ရွာသူ ဖြစ်နေတဲ့ "မစော"ဟာ ကတ်သီး ကတ်သတ် ဆိုသလို ရှားရှား ပါးပါး။ ဒီရွာက တစ်ယောက်တည်းသော လယ်ယာ ကော်မတီ ဥက္ကဋ္ဌရဲ့ ဆွေမျိုးသားချင်း ဖြစ်နေတာပါပဲ။ နော့ဖြင့် "မစော ကိုယ်တိုင်" သူ့ဦးကြီးဆီ သွားပါတော့လားတဲ့။ ဒါတော့ မစောက လည်တယ်။ "သိပ် မျက်နှာပြောင် တိုက်လွန်းတော့လည်း လူတွေက ပေါ့တန်သွားမှာ စိုးရတယ်" တဲ့။ ဟုတ်တော့လည်း ဟုတ်ပေ သားပေါ့။ ပြီးတော့ ဒီကိစ္စ သူ့ယောက်ျား လုပ်ပေးတာ ဆိုပြီးတော့လည်း ဂုဏ်ယူချင် သေးတာကိုး။ မစောတို့ အကွက်စေ့ ပုံကတော့ ပြောမနေနဲ့တော့။ ကိုစံလွင် သွားခါနီးတော့ ဘယ်အချိန်က လုပ်ထားမှန်း မသိတဲ့ နွားနို့ခဲ တစ်ထုပ် ပေးလိုက်သေးရဲ့။ "ကျုပ် ဦးကြီးက နွားနို့ခဲ အသေ ကြိုက်တာတော့" တဲ့။ လာဘ်ထိုးတာပဲ ဆိုဆို စေ့စပ် သေချာတာကတော့ သေချာတာ အမှန်ပါပဲ။

ကိုစံလွင်ပဲ အပြော ကောင်းတာလား။ မစောရဲ့ ဆွေမျိုးရိပ်ကပဲ အေးချမ်းတာလား။ နွားနို့ခဲ ကျေးဇူးလားတော့ မသိပါဘူး။ နေ့လယ်ပိုင်းလည်း ကျရော ကိုစံလွင်နဲ့ ဥက္ကဋ္ဌကြီးတို့ နွားလှည်း တစ်စီးနဲ့ ရွာက ထွက်သွားကြတာတွေ့လိုက်ကြရပါတယ်။ ဟုတ်ပါ့။ ညနေစောင်းတော့ လှည်းနောက်မှာ ငုတ်တုတ် ကလေး ယို့ယို့ ထိုင်လို့ ခေါင်းငိုက်စိုက်နဲ့ ပါလာတဲ့ ကိုသာစိန်ကို တစ်ရွာလုံး မြင်လိုက် ကြရတော့တာပါပဲ။ အများကတော့ ကိုစံလွင့်ကျေးဇူးကြီး ပါပေါ့။ မစောကလည်း သူ့ ယောက်ျား အတွက် ဂုဏ်ယူလို့ သူ့ကိုယ်သူ ဖုံးဖုံးဖိဖိ နေပေး ရှာပါတယ်။

နောက်နေ့ မနက်လင်းတော့ စောစံ လက်ဖက်ရည်ဆိုင်မှာ ထုံးစံထက် နည်းနည်းစောပြီး လူစည်ကားနေပါရော။ ဟိုဝိုင်း သည်ဝိုင်း လှမ်းလှမ်းပြီး ပြောနေကြ တာကလည်း ကိုသာစိန် လွတ်လာပြီ ဆိုတဲ့ ကိစ္စပါပဲ။ ကိုစံလွင့် ကျေးဇူးကိုလည်း ပြောကြလေရဲ့။ မစော ကျေးဇူး မကင်းဘူး ဆိုတာလည်း အတွင်းသိတွေက တိုးတိုး တစ်မျိုး၊ ကျယ်ကျယ် တစ်ဖုံ ပေါ့လေ။ ဘာပဲဖြစ်ဖြစ် ရိုးရိုး အေးအေး နေတတ်တဲ့ ကိုစံလွင်က မျက်နှာ မထားတတ်သလို၊ မဝင့်ကြွားတတ်တဲ့ မစောက လည်း သူ့ယောက်ျား အတွက် နည်းနည်းလေး ဖြစ်ဖြစ်တော့ ဂုဏ်ယူနေမိပါတယ်။

အဲဒီအချိန်မှာပဲ ခပ်ကုပ်ကုပ် ဝင်လာတဲ့ ကိုသာစိန်ကို တွေ့လိုက်ကြရပါတယ်။ အားလုံးကလည်း ကိုသာစိန်ကို အကဲခတ်နေကြပါတယ်။ ထင်ကြတာကတော့ ကိုသာစိန်ဟာ ကိုစံလွင်၊ မစောကို ကျေးဇူးတင် စကားပြောတယ် မှတ်တာပေါ့လေ။ ဒါပေမယ့် သူ့ထုံးစံ အတိုင်း ကိုသာစိန် က ဘယ်သူ့မှ သိပ်အရေး မလုပ်ဘဲ ထောင့်ကွေးက ခုံမှာ ထိုင်ပါတယ်။ ကိုစံလွင် ကလည်း သူကြိုက်တတ်တဲ့ လက်ဖက်ရည် ချိုပျစ်ပျစ် တစ်ခွက် သွားချပေးပါတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲ ကိုစံလွင်ရယ် လောက်တော့ ပြောလိမ့်မယ် ထင်မိတာပေါ့လေ။ ဒါပေမယ့် ကိုသာစိန်ကတော့ မတုန်မလှုပ်ပါပဲ။ သူ့စိတ်ထဲက ကျေးဇူးတွေ တင်နေမ လားတော့ မသိနိုင်ဘူးပေါ့။ ဒါမှမဟုတ် ဒီကိစ္စဟာ ဆွေရေးမျိုးရေးမို့ ကျေးဇူးတင် စရာ မလိုဘူးလည်း ထင်ချင် ထင်မှာပေါ့လေ။ သူ့ နဂိုပုံစံကိုက ဒီလိုပဲ မပွင့်တပွင့် ဟာကို။ အဲ ထန်းရည် မမူးသေးခင် ပြောပါတယ်။ မူးရင်တော့ အော်ဆဲချင်ဆဲ၊ ဒါမှ မဟုတ် ထိုင်ရှိခိုးမှာ သေချာပါတယ်။

ဒီအချိန်မှာပဲ ဆိုင်ထဲကို ဆူဆူပူပူ အော်ဟစ်ရင်းနဲ့ လူတစ်စု ဝင်လာပါတယ်။ ကိုသာစိန်ရဲ့ ထန်းရည် သောက်ဖက် ဖိုးမောင်တို့ အုပ်စုပါပဲ။ ဆဲဖော်ဆဲဖက် တွေဆိုလည်း ဟုတ်ပါ့ပေါ့။

"ဟေး ဘော်ဒါကြီး"

"ဟေး ဆူပါမင်း"

"ဟေး သူရဲကောင်းကြီး"

စသဖြင့် ချီးကျူး အော်ဟစ်လာကြပါတယ်။ ဟုတ်ပါ့ ကိုသာစိန်ကို ပေါ့လေ။ သူတို့ အရက် စောစော သောက်လာကြပုံ ရပါတယ်။ ကိုသာစိန့် စားပွဲမှာ ဝိုင်းထိုင် လိုက်ကြပါတယ်။

"ညနေ ထန်းတောမှာ သူရဲကောင်းကြီးကို ဂုဏ်ပြုပွဲ လုပ်ရမယ်" သံသေး သံကြောင်တွေနဲ့ အော်ဟစ်ကြပါတယ်။ ကိုသာစိန်က "ကျုပ် မနေ့ကမှ အချုပ်က လွတ်တာ သောက်ဆံ မရှိဘူး"ဆိုတော့ "ဟာ ငါတို့က ဂုဏ်ပြုရမှာပါကွာ"တဲ့။ ဒီကြားထဲ "ရွှေမျိုး မျက်နှာမို့ လွတ်တာပါကွာ။ ဘယ်သူ့မှ ကျေးဇူးတင် စရာ မလိုဘူး" ဆိုတဲ့ စကားတစ်ခွန်းကလည်း ဘယ်သူ့ဆီကမှန်းမသိ ထွက်လာပါတယ်။

ဆိုင်ထဲ ရှိနေကြတဲ့ သူ တွေက တအံ့တသြ ဖြစ်ကုန် ကြတယ်။ ဒီအချိန် ဒီအခါ ဒီဆိုင်ထဲမှာ ဒီစကားမျိုး ကျယ်ကျယ် လောင်လောင် မပြောသင့်ဘူး ဟုတ်လား။ တစ်ဆိုင်လုံး တိတ်သွားပြီး ကိုသာစိန် ဘာပြောမလဲ စောင့်နားထောင် နေကြတယ်။ အဲဒီ တဒင်္ဂမှာပဲ ဘယ်လိုမှ မထင်မှတ်တဲ့ ထောင့်ကနေ အသံတစ်သံ ထွက်လာ ပါတယ်။

ဘယ်လိုမှ မထင်မှတ်တဲ့ တစ်ရွာသူ မစောဆီက ဖြစ်နေတာမို့လည်း ပိုအံ့ သြရတာပါ။ ဘယ်တုန်းကမှ ဆွေမျိုးအုပ်စု တောင့်တဲ့ ဒီရွာမှာ စကား မဟဘူးတဲ့
မစော...။

"ဒီမယ် ကိုဖိုးမောင် ရှင်တို့ တယ်လည်း သတ္တိကောင်းပါလား။ ဘာသူရဲကောင်းလဲ၊ ဘာဂုဏ်ပြုမှာလဲ။ ဟင် ဟော့ဒီ ကိုသာစိန် အချုပ်ကျနေတုန်းက ရှင်တို့ သူ့ အိမ်သွားပြီး ဘကြီးဦးသာဖြိုးကို အကူအညီ ပေးဖူးသလား။

သူ့အမေ ရောဂါသည် ဒေါ်လေးဆယ်ကို အားပေးဖူးလား။ ကုန်ကုန် ပြောမယ်။ အမှုပတ်မှာ စိုးလို့ ကျုပ်တို့ လက်ဖက်ရည်ဆိုင်တောင် လာမထိုင်ရဲဘူး မှတ်လား။ ကိုင်း အားတော့ နာပါရဲ့၊ ရှင်တို့ အုပ်စု ခုချက်ချင်း ကျုပ် ဆိုင်ထဲက ထွက်တော်မူကြပါ၊ ကန်တော့ပါသေးရဲ့"

တကယ်တော့ ကိုသာစိန်ရော ကိုဖိုးမောင်တို့ အုပ်စုပါ ဆိုင်ထဲက ထွက်မသွား ကြပါဘူး။ ကိုစံလွင်ကလည်း သူ့မယား မစောကို ဖျောင်းဖျ ပါတယ်။ မိတ်ပျက်မှာ စိုးလို့ မဟုတ်ပါဘူး။ ကိုယ့်ဆွေမျိုးတွေ မဟုတ်လား။ အမြဲတွေ့ နေရမယ့် မျက်နှာတွေ မဟုတ်လား။ ပြီးတော့ ဆွေမျိုးတွေရယ်လို့ မျက်နှာစုံညီ တွေ့ကြ ရတာ ဆိုလို့ မနက်ပိုင်း ဒီ လက်ဖက်ရည်ဆိုင်နဲ့ ညနေပိုင်း ထန်းတောရယ်ပဲ ရှိတာဟုတ်လား။

ဟုတ်ပါရဲ့။ မနက်ပိုင်း စောစံ လက်ဖက်ရည်ဆိုင်မှာ လူစည်ခဲ့သလို ညနေပိုင်းမှာလည်း ထန်းတောမှာ ကိုသာစိန် ဂုဏ်ပြုပွဲဆိုပြီး လူစည်ခဲ့ပါလေရဲ့။
ကူညီခဲ့သူတွေရော၊ အမှုပတ်မှာ ကြောက်လို့ ရှောင်နေတဲ့ သူတွေရော၊ တရားလို ဘက်ကရော၊ တရားခံဘက်ကရော စုံလို့ပါပဲ။
သြော် ဆွေမျိုးတွေ ဆိုတော့။


သုမောင်

ဆက္ဖတ္ရန္>>>

Thursday, May 28

✅ ဆရာတော်ကြီးများဧ။် တန်ဖိုးရှိသောစကားများ

ဘဝဟာအင်မတန်မှ တိုတောင်းပါတယ် သူများမကောင်းကြောင်း
ထိုင်တွေးနေဖို့အချိန်မရှိပါဘူး။
ဖြစ်လာမှာမဟုတ်ဘူးလို့ တွေးကြောက်ပြီး ဘာမှမလုပ်တဲ့သူဟာ
ဘာမှဖြစ်လာမှာမဟုတ်ဘူး။
မလုပ်တတ်ကြောင်းများများပြောလေ မလုပ်တတ်လေဘဲ။
လူ့ဘဝဟာစွန့်စားမှုနဲ့ challenge နဲနဲရှိ မှကောင်းတယ်၊ မဟုတ်ရင်
ဘဝဟာပျင်းစရာကောင်းတယ်။
အခက်အခဲဟာအရည်အချင်းကို ထွက် စေနိုင်တယ်။
ဘာကိုကြောက်လို့ လိမ်နေတာလဲ။
ခရီးရောက်ချင်ရင် ရပ်မနေဖို့ဘဲလိုပါတယ် နှေးနေတာက အရေးမကြီးပါဘူး။
အမှားမရှိပါဘူး အားလုံးကသင်ခန်းစာတွေချည်းပါဘဲ။
အခုသက်သာရင် ရေရှည်မှာမသက်သာဘူး။
စိတ်ရဲ့ငြိမ်းချမ်းမှုဟာ အပျော်အပါးထက် ကျေနပ်စရာကောင်းတယ်။

(ဆရာတော်ဦးဇောတိက)

မင်းမရှိလဲဖြစ်တယ် သူမရှိလဲဖြစ်တယ် ငါမရှိလဲဖြစ်တယ်
ဘာမှမရှိလဲဖြစ်တယ်။
အရွဲ့မတိုက်နဲ့ ကိုယ်ဘဲရွဲ့သွားမယ်။
မသင့်တော်တဲ့နေရာ ၇ောက်ရင်တောင်မှ သင့်တော်တဲ့အကျင့်တွေကို
မဖျောက်ဖျက်ပစ်ပါနဲ့။
ငါမရှိရင်သိကြလိမ့်မယ်တဲ့ အဲဒီငါကကောဘာတွေများ ရေရေရာရာ
သိထားပြီးပြီလဲ။
ပညာဆိုတာကောင်းပါတယ် ပညာရှိချင်တာလား ပညာပြချင်တာလား။
မက်နေသမျှ မောနေရမယ်။။

(ဆရာတော် အရှင်ဆေကိန္ဒ)

ကိုယ့်ကိုယ်ကိုယ် ပါးတယ်လည်တယ်လို့ မထင်ကြနဲ့ အပါးလည်တော့
အပါယ်လားလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ်ကြွားချင်ဝါချင်စိတ် မရှိကြနဲ့
အဝါစိတ်တော့အဝိဇ္ဖာဘဲ။

(စွန်းလွန်း)

မာနဆိုတာနတဲ့ သူတွေမာတာ ။
မာနဆိုတာ မာနေတဲ့ အရာက နသွားတယ်
သူက အရင်ပြုတ်တာ အဟဲ . စဉ်းစားကြည့်ပါ့လား
သွားနဲ့ လျှာမှာ ဘယ်ဟာက မာလဲလို့
မာတဲ့ သွားက အရင် နတာနော် .


(အရှင်ဆန္ဒာဓိက)

ဆက္ဖတ္ရန္>>>

Thursday, May 29

✅ ကူရှာပေးလိုက်ပါဦး

Our neighbour, Marie has lost her puppy and is desperate to find him.
Yesterday, she was sitting on the couch watching TV and realized he was gone. She called out to him and he never responded.
She then noticed the back door was open. She has been putting up signs everywhere in an effort to have him returned.
Thanks for your help.
ဆက္ဖတ္ရန္>>>

Monday, June 17

✅ သမ္မတအိုဘားမား မိန့်ခွန်းထဲမှ အီဒီယံ အသုံးအနှုန်းများ

listen to voanews.com

ဇန်နဝါရီလ (၂၇) ရက်နေ့က အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီး ဘာရက် အိုဘားမား (Barack Obama) က သူရဲ့ သမ္မတသက်တမ်းအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံနဲ့ လွှတ်တော်နှစ်ရပ် (Senate and Congress) တို့ကို နိုင်ငံတော်အခြေပြ မိန့်ခွန်း (State of Union Address) ပြောကြားခဲ့ပါတယ်။ အဲဒီ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ အီဒီယံအသုံးပေါင်း (၂၀) ကျော် ထည့်သွင်းပြောဆိုသွားတာကို တွေ့ရှိရပါတယ်။ အဲဒီ အီဒီယံအသုံးအနှုန်းများထဲမှ ဒီတပတ်တင်ပြပေးချင်တဲ့ အီဒီယံအသုံးအနှုန်းများမှာ horse-trading, tightening (the) belt နဲ့ cash-strapped တို့ ဖြစ်ပါတယ်။


ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးကတော့ Horse-trading ဖြစ်ပါတယ်။ Horse က မြင်း၊ Trading က Trade ဆိုတဲ့ အရောင်းအဝယ် အဓိပ္ပါယ်ရတဲ့ ဝေါဟာရက ဆင်းသက်လာတာပါ။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မြင်းအရောင်းအဝယ် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာက မြင်းအရောင်းအဝယ်က ဖြစ်တယ်ဆိုတာကတော့ ရှင်းပါတယ်။ မြင်းကုန်သည်တွေဟာ ကိုယ့်မြင်းအရောင်း ထွက်ရလေအောင်၊ အရောင်းစွံရလေအောင် ညာလုံး၊ လိမ့်လုံးတွေနဲ့ ရောင်းချတဲ့ဓလေ့ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ အရောင်းအဝယ် အပေးအယူ စတာတွေကို ပြုလုပ်ရာမှာ တဖက်က ဈေးဆစ်တာကို ဈေးတည့်အောင် ပါးပါးနှပ်နှပ်နဲ့ ညစ်ယူပြီးတော့ ရောင်းချတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။


နောက်ပိုင်းမှာ မြင်းအရောင်းအဝယ် horse-trade ဆိုတဲ့စကားလုံးဟာ နိုင်ငံရေးလောကမှာ အသုံးပြုလာတဲ့အခါမှာတော့ အပေးအယူညှိနှိုင်းမှုတွေ ပြုလုပ်ရာမှာ ကိုယ်ကလည်း ကိုယ်ဘက်သာအောင် သူကလည်း သူဘက်သာအောင် အကြိတ်အနယ် ညှိနှိုင်းပြောဆိုကြတာတွေကို ရည်ညွှန်းပြောဆိုလာကြပါတယ်။ ဒါကြောင့် horse-trading အီဒီယံအသုံး အဓိပ္ပါယ်ကတော့ အပေးအယူပြုလုပ်ရာမှာ တဘက်နဲ့တဘက် အကြိတ်အနယ် ကိုယ်ဘက်သူဘက် အသာရအောင် ပြုလုပ်တာမျိုးကို ဆိုလိုပါတယ်။


ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမား သူရဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းမှာ ပြောကြားခဲ့တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။


“I know that with all the lobbying and horse-trading, the process left most Americans wondering, "What's in it for me?”


“ဒီအစီအစဉ်တွေနဲ့ ပတ်သက်ပြီး လိုက်လံစည်းရုံးမှုတွေ အပေးအယူ ညှိနှိုင်းမှုတွေကို အကြိတ်အနယ် သူနိုင်ကိုယ်နိုင် အပေးအယူပြုလုပ်ခဲ့ကြတာတွေကို မြင်တွေ့ခဲ့ကြရပြီးနောက် အမေရိကန်နိုင်ငံသားတွေအနေနဲ့ သူတို့အတွက် ဘာကျန်ပါသေးလဲလို့ မေးခွန်းထုတ်ကြမှာ ဖြစ်တယ်ဆိုတာကို ကျနော်သိပါတယ်။”



နောက်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းကတော့ tightening (the) belt ဖြစ်ပါတယ်။ Tightening က tight အခြေခံဝေါဟာရက ဆင်းသက်လာပြီး အဓိပ္ပါယ်ကတော့ ကြပ် (တင်း) တာ ဖြစ်ပါတယ်။ Tightening က ကြိယာဖြစ်ပြီး ကြပ်အောင်ပြုလုပ်သည် ဖြစ်ပါတယ်။ Belt က ခါးပတ် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခါးပတ်ကို ကြပ်အောင်ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ခါးပတ်ကိုကြပ်အောင် ပြုလုပ်တယ်ဆိုတော့ ဘယ်လိုအနေအထားမျိုးမှာ ခါးပတ်က ချောင်လာသလဲလို့ မေးစရာရှိပါတယ်။ ကျမတို့ မြန်မာမှာ တဝမ်းတခါးဆိုတဲ့ စကားသဘောလို ဝမ်းချောင်ရင် ခါးကလည်း လိုက်ချောင်တယ်။ ခါးချောင်ရင် ခါးပတ်ကလည်း လိုက်ချောင်တယ်။ ခါးကဘယ်အချိန်မှာ ချောင်သလဲဆိုတော့ စီးပွားရေးကြပ်တည်း၊ စားဝတ်နေရေး မပြေလည်တဲ့အချိန်အခါမှာ လူကပိန်သွားတယ်။ စီးပွားရေး မပြေလည်ဘူးဆိုရင် လူက အသုံးစရိတ် လျှော့ကြရတာ ဓမ္မတာဖြစ်တာမို့ ဒီနေရာမှာ tightening the belt က လျှော့သုံးလျှော့စား၊ အသုံးစရိတ်ကို ခြိုးခြံချွေတာခြင်းကို ဆိုလိုပါတယ်။


ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမား မိန့်ခွန်းထဲက ဥပမာကို လေ့လာကြည့်ရအောင်ပါ။


“But families across the country are tightening their belts and making tough decisions.”


“နိုင်ငံတဝှမ်းမှာ မိသားစုတွေဟာ အသုံးစရိတ်တွေကို ခြိုးခြံချွေတာနေကြရတယ်၊ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချနေရတယ်။”



နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းကတော့ cash-strapped ဖြစ်ပါတယ်။ cash က ငွေကြေး၊ strapped က strap ဝေါဟာရက ဆင်းသက်လာပြီး နာမ်စားအဖြစ်သုံးရင် သားရေကြိုး၊ သားရေပြားငယ် ဖြစ်ပြီး၊ ကြိယာအဖြစ်သုံးရင်တော့ သားရေကြိုး၊ သားရေပြား တို့နဲ့ ပတ်ထားတာကို ဆိုလိုပါတယ်။ ဒါကြောင့် cash-strapped ရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ငွေကြပ်နေတဲ့ သဘောဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ငွေရေးကြေးရေး ကြပ်တည်းတာ၊ ငွေမချောင်မလည် ဖြစ်တာကို ဆိုလိုပါတယ်။


ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမား သူ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားတာကို လေ့လာကြည့်ရအောင်ပါ။


“Like any cash-strapped family, we will work within a budget to invest in what we need”


“ငွေရေးကြေးရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ မိသားစုတွေနည်းတူ ကျနော်တို့ကလည်း ဖြစ်နိုင်တဲ့ ဘတ်ဂျက်အသုံးစရိတ် အတိုင်းအတာအတွင်းမှာဘဲ လိုအပ်တဲ့အပေါ်မှာ ရင်းနှီမြုပ်နှံသွားပါမယ်။”


ဆက္ဖတ္ရန္>>>

Friday, May 17

✅ BIRD FUNERAL

Just finished cutting my grass. I cut most of it Tuesday, but had to stop because of lack of sunlight. Couldn't cut it yesterday, because of rain...So today was the day to finish the job.

While cutting the grass today, I found bird that had died in my yard. Surprisingly, other animals or weather terrain didn't break him apart. He laid still, intact. At peace. His end had came and his new beginning had just started.

I'd like to think that this guy is in bird heaven. He probably wasn't a bad bird. He was just living and breathing as a bird. Soaring to heights that us humans can only dream about.

Well now he is soaring to new heights. Nothing will bother him now. He is in a better place. Meeting other birds that have been dealt the same fate. Navena...I will be there too some day. Just not the bird version. The human one.

I buried the bird in my backyard and played a song while I dug a hole and covered him up. I thought Kate Bush tunes would be a nice touch. It was. It was peaceful. The sun was setting and I just stood there over his grave and said a little prayer for him. I said a prayer for all animals.

မြက်ပင်တွေ ရိတ်တာ ပြီးသွားပြီ။ အများစုကိုတော့ အင်္ဂါနေ့ကတည်းက ရိတ်ခဲ့တာပါ။ ဒါပေမဲ့ နေဝင်သွားလို့ ခဏရပ်လိုက်ရတယ်။ မနေ့ကကျတော့လည်း မိုးရွာနေတာနဲ့ မရိတ်ဖြစ်ခဲ့ဘူး... ဒါကြောင့် ဒီနေ့မှပဲ ကျန်တဲ့အလုပ်ကို အပြီးဖြတ်လိုက်ရတယ်။
ဒီနေ့ မြက်ရိတ်နေတုန်း ငါ့ခြံထဲမှာ သေနေတဲ့ ငှက်ကလေးတစ်ကောင် တွေ့တယ်။ ဆန်းတာက တခြားတိရစ္ဆာန်တွေ ကိုက်ဖြတ်ထားတာမျိုး ဒါမှမဟုတ် ရာသီဥတုကြောင့် ပုပ်ပွပျက်စီးသွားတာမျိုး မရှိဘဲ ငြိမ်ငြိမ်လေး၊ အကောင်းအတိုင်းလေး ရှိနေတာပါ။ အေးချမ်းစွာနဲ့ပေါ့။ သူ့ရဲ့နိဂုံးက ရောက်လာခဲ့ပြီဖြစ်သလို သူ့ရဲ့ စတင်ခြင်းသစ်တစ်ခုကလည်း ခုမှစလိုက်ပြီ။
ဒီကောင်လေး ငှက်တွေရဲ့ ပရမတ်ဘုံ (ငှက်ကောင်းကင်ဘုံ) ကို ရောက်သွားပြီလို့ပဲ တွေးချင်ပါတယ်။ သူဟာ မကောင်းတဲ့ငှက်တစ်ကောင်တော့ ဟုတ်မှာမဟုတ်ပါဘူး။ ငှက်တစ်ကောင်အနေနဲ့ ရှင်သန်နေထိုင်ခဲ့ရုံပါပဲ။ ငါတို့ လူသားတွေ အိမ်မက်ပဲ မက်နိုင်တဲ့ အမြင့်တန်းတွေထိ ပျံသန်းခဲ့ဖူးတဲ့သူပေါ့။
ကဲ... ခုတော့ သူဟာ အမြင့်သစ်တွေဆီ ပျံသန်းသွားခဲ့ပြီ။ ဘာယ်အရာကမှ သူ့ကို ဒုက္ခပေးတော့မှာ မဟုတ်ပါဘူး။ သူ ပိုကောင်းတဲ့နေရာတစ်ခုကို ရောက်သွားခဲ့ပါပြီ။ သူ့လိုပဲ တူညီတဲ့ကံကြမ္မာနဲ့ ကြုံတွေ့ခဲ့ရတဲ့ တခြားငှက်တွေနဲ့ ဆုံတွေ့နေလောက်ပြီ။ Navena  တစ်နေ့ကျရင် ငါလည်း အဲဒီကို ရောက်လာမှာပါ။ ငှက်ပုံစံနဲ့တော့ မဟုတ်ဘူးပေါ့၊ လူပုံစံနဲ့ပါ။
ငါ့ရဲ့ နောက်ဘေးခြံထဲမှာပဲ အဲဒီငှက်ကလေးကို မြှုပ်ပေးခဲ့တယ်။ ကျင်းတူးပြီး မြေဖို့ပေးနေတုန်း သီချင်းတစ်ပုဒ် ဖွင့်ထားခဲ့တယ်။ Kate Bush ရဲ့ သီချင်းတွေဆိုရင် ပိုလိုက်ဖက်မယ်လို့ တွေးခဲ့တာ၊ တကယ်လည်း လိုက်ဖက်ပါတယ်။ အင်မတန် အေးချမ်းခဲ့တာပါ။ နေဝင်ချိန်လည်းဖြစ်တော့ ငါဟာ သူ့ဂူပေါ်မှာ ခဏရပ်ပြီး သူ့အတွက် ဆုတောင်းပေးခဲ့တယ်။ တိရစ္ဆာန်တွေ အားလုံးအတွက်လည်း ဆုတောင်းပေးခဲ့ပါတယ်။

ဆက္ဖတ္ရန္>>>

Sunday, June 17

✅ ကိုယ်ချစ်တဲ့သူကို ဒီလိုကြင်နာပေးနိုင်မလား............



ဘတ်စ်ကားပေါ်က ခရီးသည်တွေက ဒုတ်ကောက် အဖြူရောင်လေးနဲ့ သတိထားပြီး ကားပေါ်ကို တက်လာတဲ့ ဆူဆန့်ကို
စာနာ သနားတဲ့ အကြည့်နဲ့ ကြည့်နေကြတယ်…
ဆူဆန်ဟာ အသက် ၃၅ နှစ်အရွယ် ရှိပြီး ချောမောလှပ ဆွဲဆောင်မှုကောင်းတဲ့ မိန်းခလေးတစ်ယောက်ပါ..
သူမက ကားမောင်းတဲ့ လူကို ပိုက်ဆံ လှမ်းပေးလိုက်ပြီး သူ့လက်တွေနဲ့ လိုက်စမ်းရင်း ခုံနေရာလွတ်ကို ရှာဖွေပါတယ်.
လူမရှိတဲ့ ထိုင်ခုံလွတ် တစ်ခုမှာ ထိုင်ချ လိုက်ပြီး
ကိုင်လာတဲ့လက်ဆွဲအိတ်ကို ပေါင်ပေါ် တင်လိုက်ပြီး ဒုတ်ကောက်လေး ကိုတော့ ဘေးနားမှာ ထောင်ထား လိုက်ပါတယ်..
တကယ်တမ်းတော့ ဆူဆန်ဟာ မျက်စိ မမြင်ရှာသူ တစ်ယောက်ပါ…
လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီးမှားယွင်းတဲ့ ဆေးကုသမှုတစ်ခုကြောင့် မျက်စိ ၂ဘက်လုံး ကွယ်သွားတဲ့ ဘဝကို ရောက်သွားခဲ့ရရှာပါတယ်..
အဲဒီချိန်က စလို့ သူ့ဘဝဟာ မဲမှောင် အေးခဲနေတဲ့ ကမ္ဘာကြီးထဲကို ပစ်ချခံလိုက်ရသလို ဖြစ်သွားခဲ့ရပြီး
ဒေါသတွေ၊ ကိုယ့်ဘဝကို နာကျည်းမှုတွေ၊မုန်းတီးအားငယ်မှုတွေ၊ ကိုယ့်ကိုယ်ကို ယူကြုံးမရ သနားမိတဲ့စိတ်တွေနဲ့ပူလောင် နေခဲ့ရပါတယ်..
နောက်ဆုံးတော့ သူ့ဘဝ၊ သူ့အနာဂတ် တစ်ခုလုံးကို ယောင်္ကျား ဖြစ်တဲ့ မတ်ခ် ကိုသာ လုံးလုံး မှီခိုအားကိုးဖို့သာရှိပါတော့တယ်…

မတ်ခ်ဟာ လေတပ် အရာရှိတစ်ယောက် ဖြစ်ပြီး ဆူဆန့်ကိုလဲ အလွန်အမင်း ချစ်ခင်မြတ်နိုးပါတယ်…
ဆူဆန် အမြင် အာရုံ ပျောက်ကွယ်သွားတော့ မတ်ခ် က
ချစ်ဇနီး ဆူဆန့်ကို စိတ်ဓာတ်အင်အား ပြန်လည် ကောင်းမွန် လာအောင်၊
ဆူဆန်အားမငယ်အောင်၊ အမှီအခို ကင်းကင်းနဲ့ ကိုယ့်ကိုယ်ကို ပြန်လည် ရပ်တည်လာနိုင်အောင်၊
ဂရုတစိုက်နဲ့ အစွမ်းကုန် ကူညီ ဖေးမ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..
ဆူဆန်ရဲ့ အရင်လုပ်နေကျ အလုပ်ဟောင်းမှာ သူမ ပြန်လည်ကျန်းမာ သန်စွမ်းလာပါက
သူမနဲ့ သင့်လျှော်မဲ့ အလုပ်တစ်ခုခုကို အဆင်သင့်ထားရှိပေးဖို့ သွားရောက် တောင်းဆို ပေးထားခဲ့ပါတယ်..
မတ်ခ်ရဲ့ ဂရုစိုက် ပြုစုယုယမှုတို့ကြောင့် နောက်တော့ ဆူဆန်ဟာ အလုပ်ပြန်လုပ်ဖို့ အထိ စိတ်ရော ကိုယ်ပါ ကြံ့ခိုင် လာပါပြီ..
ဒါပေမဲ့ အလုပ်ကို ဘယ်လိုသွားမလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါပြီ..
အရင်ကတော့ သူမဟာ အလုပ်ကို ဘတ်စ်ကားနဲ့ အမြဲသွားခဲ့ပါတယ်..
ခုချိန်မှာတော့ ဘတ်စ်ကားစီးဖို့ဆိုတာ သူမ တစ်ယောက်တည်း အတွက်တော့ အတော့်ကို ထိတ်လန့်စိုးရိမ်စရာပါ…
ဒါပေမဲ့ မတ်ခ်က သူ့ရဲ့ အလုပ်ရှိတဲ့ နေရာဟာ ဆူဆန်အလုပ်သွားရမဲ့ နေရာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပေမဲ့
နေ့တိုင်း နေ့တိုင်း ဆူဆန့်အလုပ်ကို ကားမောင်းပြီး လိုက်ပို့ပါတယ်.. ညနေတိုင်းလဲပြန်လာကြိုပါတယ်..
ဆူဆန်က မတ်ခ်ရဲ့ ဂရုစိုက်မှု၊ အကာအကွယ် ပေးမှု၊စောင့်ရှောက် ပေးမှုတွေ အတွက် ကျေနပ် ဝမ်း မြောက်ခြင်း ပီတိတွေနဲ့ပါ…

နောက် မကြာခင်မှာတော့ မတ်ခ်က ဆူဆန့်ကို ဘတ်စ်ကားနဲ့ဘဲ အလုပ်ကိုသွားဖို့ တိုက်တွန်း ပါတယ်..
မတ်ခ်ရဲ့ စကားကို ကြားတော့ ဆူဆန်က ဒေါသဖြစ်မိတယ်..
သူမက မမြင်မကန်းနဲ့ ဘယ်လိုများ အပြင်ကို တစ်ယောက်တည်းသွားနိုင်မှာတဲ့လဲ…
ဒါကြောင့်လဲ ဆူဆန်က မတ်ခ်ကို ခါးခါးသီးသီးနဲ့ပြင်းထန်စွာ ပြောမိပါတယ်..
“ကျွန်မက အကန်း.. အကန်းတစ်ယောက်က ဘယ်နေရာကို ဘယ်လို သွားရမယ်ဆိုတာဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ..
ရှင်က ကျွန်မကို အခုလို လုပ်ပေးရတာ တာဝန်ယူရတာ ငြီးငွေ့ပြီလား… ကျွန်မ ထင်တယ်.. ရှင် ကျွန်မကိုစွန့်ပစ်ချင်နေပြီ မဟုတ်လား ”
ဆူဆန့်စကားကို မတ်ခ် ကြားလိုက်ရတော့ စိတ်ထိခိုက် ကြေကွဲမိတယ်.. ဒါပေမဲ့ဘာမှမတုံ့ပြန်ပါဘူး…
သူ့အနေနဲ့ ဘာလုပ်ရမယ် ဆိုတာ သူသိပြီးသားပါ..
သူက မနက်ခင်းတိုင်း ဆူဆန်နဲ့ အတူတူ ဘတ်စ်ကား လိုက်စီးမဲ့အကြောင်းနဲ့၊
ညနေဆို သူ့ကားနဲ့ ပြန်လာကြိုမဲ့ အကြောင်း ကတိ ပေးပါတယ်..
ပြီးတော့လဲ ဆူဆန် တစ်ယောက်တည်း ဘတ်စ်ကား မစီးနိုင် မချင်း ဘယ်လောက်ကြာကြာ သူလိုက်ပို့ပါ့မယ် ဆိုတာပါ ဆူဆန့်ကို ကတိပေးပါတယ်..
တကယ်လဲ မတ်ခ်ဟာ သူ့လေတပ် ယူနီဖောင်းဝတ်ပြီး မနက်ခင်းတိုင်း ဆူဆန်နဲ့အတူတူ ဘတ်စ်ကား လိုက်စီးပေးပါတယ်….
မျက်စိမမြင်ရပေမဲ့ ကိုယ့်ပါတ်ဝန်းကျင်ကို ဘယ်လို အာရုံစူးစိုက်ရမယ် မှတ်သားရမယ် ဆိုတာ ဆူဆန့်ကို သင်ပြပေးပါတယ်..
အထူးသဖြင့် အကြား အာရုံကို အသုံးချတတ်ဖို့ ပြောပြပါတယ်..
အသံကို နားထောင်ပြီး သူမ ဘယ်နေရာကို ရောက်နေပြီ..
ဘယ်လို ပါတ်ဝန်းကျင်မှာ ရှိနေပြီဆိုတာကို မှန်းဆတတ်အောင် ဆုံးဖြတ်တတ်အောင် ဂရုတစိုက် ရှင်းလင်း ပြောပြပါတယ်..
ဘတ်စ်ကားစီးတဲ့ အခါမှာလည်း မတ်ခ်ဟာ ဆူဆန့်အတွက် ထိုင်စရာနေရာကို ရှာပေးပြီး
လမ်းတစ်လျှောက်လုံး ကားမောင်းသူ အနောက်နားကနေ ဆူဆန့်ကို စောင့်ကြည့်နေပါတယ်..
အဲဒီလိုနဲ့ နောက်ဆုံးတော့ သူမတစ်ယောက်တည်း ဘတ်စ်ကားစစီးဖို့ ဆူဆန် ဆုံးဖြတ်လိုက်ပါတယ်..
တင်္နလာနေ့ မနက်ခင်းရောက်တော့ ဆူဆန်က သူမရဲ့ ယာယီ ဘတ်စ်ကား စီးဖော်၊ သူမရဲ့ ချစ်လှစွာသော ယောင်္ကျား၊သူမရဲ့ အကောင်းဆုံး ၊
အရင်းနှီးဆုံး မိတ်ဆွေလဲဖြစ်တဲ့ မတ်ခ်ကို သိုင်းဖက်လိုက်ပြီး အိမ်မှထွက်ခင် နုတ်ဆက်စကားကို ပထမဆုံး အနေနဲ့ ပြောလိုက်ပါတယ်..
ဆူဆန့်ရဲ့ မျက်လုံးထဲမှာတော့ သူမအပေါ် ထားတဲ့ မတ်ခ်ရဲ့ သစ္စာရှိခြင်း၊ စိတ်ရှည်သီးခံခြင်း၊
ချစ်ခင်မြတ်နိုးခြင်း တို့ကြောင့် ကျေးဇူးတင် ဝမ်းမြောက်တဲ့ မျက်ရည်တွေနဲ့ ပြည့်လို့…
အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး…. နေ့တိုင်းနေ့တိုင်း ဆူဆန်အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်ခဲ့တယ်..
ဆူဆန့်ရင်ထဲမှာလည်း ခါးသီးစိတ်၊ ဝမ်းနည်းစိတ်တွေလဲ မဖြစ်မိတော့ဘူး..
သူမ ကိုယ့်အား ကိုယ်ကိုးနိုင်ခဲ့ပြီ.. အလုပ်ကို သူမဖာသာ သွားနိုင်ခဲ့ပြီ…
တနင်္လာနေ့ရဲ့ မနက်ခင်း တစ်ခုမှာ ခါတိုင်းလို ဘတ်စ်ကားစီးပြီး အလုပ်ကို ထွက်လာခဲ့တယ်..
ရုံးနားက သူမ ဆင်းနေကျ နေရာ ရောက်တော့ ကားမောင်းသူ ဦးလေးကြီးကို ပိုက်ဆံ လှမ်းပေးလိုက်ပြီး
ကားပေါ်က ဆင်းဖို့ပြင်လိုက်ပါတယ်…. အဲဒီခါမှာ ကားမောင်းသူ ဦးလေးကြီးက လှမ်းပြောတယ်…
“သမီးရေ.. မင်းကိုတော့ ဦးလေး အားကျ မိပါရဲ့..”
ဒီစကားကြားတော့ ဆူဆန် သူ့နားသူမယုံနိုင်အောင်ဖြစ်မိတယ်..
သူမကို ပြောတယ်လို့တောင် မထင်မိဘူး..
သူမလို မျက်စိမမြင်တဲ့၊ ဘဝကို အဆင်ပြေအောင် မနည်း ကြိုးစား နေထိုင်နေရတဲ့ လူတစ်ယောက်ကို ဘယ်လို လူကများ အားကျနိုင်မှာပါလိမ့်..သိလိုစိတ်၊ ထူးဆန်း အံ့သြစိတ်နဲ့ ဆူဆန်က ကားမောင်းသူကို ပြန်မေးမိပါတယ်..
“ဘာကြောင့်များ ကျွန်မကို အားကျတယ်လို့ ပြောရတာလဲရှင်…”
ဦးလေးကြီးက ပြန်ပြောပါတယ်..
“သမီးကို အခုလို အမြဲတမ်း ဂရုတစိုက်နဲ့ ကာကွယ်စောင့်ရှောက်ပေး၊ ပူပန်
စောင့်ကြည့် ပေးမဲ့ လူ တစ်ယောက် ရှိနေတာ၊ တွေ့မြင်နေရတာကို
သဘောကျမိလို့ပါကွယ် “ တဲ့
ဦးလေးကြီးက ဘာသဘောနဲ့ပြောနေတာလဲ ဆိုတာကို ဆူဆန် နားမလည်နိုင်ဖြစ်သွားတယ်..
“ဦးလေး ဘာကိုဆိုလိုတာလဲ..”
“အော် သမီး သတိ မထားမိဘူးလား လွန်ခဲ့တဲ့ တစ်ပတ်လောက် သမီး ကားစစီး ကတည်းက
လေတပ် ယူနီဖောင်း ဝတ်ထားတဲ့ ခန့်ခန့် ညားညား လူတစ်ယောက်က
ဟိုဘက်လမ်းထောင့်မှာရပ်ပြီး သမီး ကားပေါ်ကဆင်းတာကို အမြဲတမ်းစောင့်ကြည့်နေခဲ့တယ်..
သမီး ကားလမ်းဖြတ်ကူးပြီး ရုံးထဲကို ဝင်သွားပြီဆိုတော့မှ နှုတ်ဆက် အနမ်းလေး ပေးပြီး ၊ လက်ပြပြီးမှ အဲဒီ နေရာကနေ ထွက်ခွာ သွားတတ်တယ်..
ကဲ ကိုယ့်ကို ဒီလောက် ဂရုစိုက်တဲ့လူ၊ ဒီလောက်ချစ်တဲ့သူ မင်းမှာရှိနေတာ မင်းလောက် ကံကောင်းတဲ့သူ ရှိဦးမလားကွယ်..”
ဒီစကားတွေ ကြားရတယ်ဆိုရင်ဘဲ ပျော်ရွှင်ကြည်နူးခြင်းကြောင့်ကျတဲ့မျက်ရည်တွေ ဆူဆန့်ပါးပြင်ပေါ် စီးကျလာခဲ့ပါတယ်..
သူမဟာ တကယ်တမ်းတော့ အပြင်မှာ မတ်ခ်ကို မမြင်နိုင်ပေမဲ့ သူမရဲ့ဘေးမှာ မတ်ခ်ဟာ အမြဲတမ်း ရှိနေတယ်ဆိုတာ ခံစားနားလည် နိုင်ခဲ့ရပါပြီ..
သူမ ကံကောင်းပါတယ်.. အရမ်းကို ကံကောင်းတယ်လို့ ယုံကြည်မိပါတယ်..
မတ်ခ်ဟာ သူမကို အမြင် အာရုံထက်ပိုပြီး တန်ဖိုးရှိ အစွမ်းထက်တဲ့ အချစ်ရဲ့လက်ဆောင်လေး တစ်ခုပေးခဲ့တာပါ…
အဲဒီအချစ်ရဲ့ လက်ဆောင်ဆိုတာကို ယုံကြည် လက်ခံဖို့အတွက် သူမ မမြင်နိုင်ပေမဲ့လဲ သိလိုက်နိုင်ပါပြီ..
ခံစားလို့ရပါပြီ.. ခုတော့လဲ သူမရဲ့ မဲမှောင် ပိန်းပိတ် နေတဲ့ကမ္ဘာထဲကို မတ်ခ် ပေးတဲ့ အချစ်လက်ဆောင်ရဲ့ ထူးခြားတဲ့
လင်းလက်မှုတွေနဲ့ ထွန်းလင်း တောက်ပလို့ နေခဲ့ပါပြီ..
———————————————————————————————————
အချစ်ဆိုတာဟာ ဘဝအတွက် ခွန်အားတစ်မျိုးပါ..
တစ်ချို့က အချစ်ကြောင့် လမ်းပျောက်ကြတယ်.. အချို့က အချစ်ရဲ့ တွန်းအားကြောင့် ဘဝမှာ တိုးတက်အောင်မြင်သွားကြတယ်..
အချစ်ကြောင့် ဘ၀ကြီးဟာ ပျော်ရွှင်စရာတွေနဲ့ နူးညံ့လှပ လာကြတယ်…
ကျွန်တော်တို့တွေဟာလည်း ကိုယ်ချစ်နေတဲ့သူကို စိတ်ချမ်းသာပျော်ရွှင်အောင် လုပ်ပေးတတ်တဲ့ ချစ်သူကောင်းတွေ ဖြစ်ကြဖို့ လိုပါတယ်.
သူစိတ်ဆင်းရဲ အားငယ်နေချိန်မှာ နှစ်သိမ့်ဖေးမပေးတဲ့သူ ၊လမ်းပျောက်နေချိန်မှာ လမ်းပြပေးနိုင်မဲ့သူ၊ မှီခိုရာကင်းမဲ့နေတဲ့အချိန်မှာ အားကိုး အားထားစရာ ဖြစ်သင့်ကြပါတယ်…ကိုယ်တိုင်က အချစ်ကို တန်ဖိုးထားတတ်ပြီး ကိုယ့်ချစ်သူအပေါ်မှာ လေးလေး နက်နက်မေတ္တာစစ်နဲ့ချစ်တဲ့ စိတ်ထားလေးရှိခဲ့ရင်
တူညီသောတုံ့ပြန်မှုနဲ့သင်ကိုယ်တိုင်လည်း ပျော်ရွှင် ဝမ်း မြောက်ခွင့် ရမှာပါ… .
Origin by Oscar Wilde

ဆက္ဖတ္ရန္>>>

Wednesday, June 1

✅ကောသလမင်း အိပ်မက် ၁၆ ချက်



(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထ်ိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၎င်းတို့ စကားသာလျှင် ဘူးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခ်ိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

👉 https://youtu.be/khk1uHbeWmg?si=Vpo-3-_FxJEEaIHv

ဆက္ဖတ္ရန္>>>