skip to main |
skip to sidebar
Building MEP Systems ကို အုပ်စု သုံးမျိုး ခွဲခြား သတ်မှတ်နိုင် ပါတယ်။ Mechanical Systems, Electrical Systems နဲ့ Building Operation Systems တို့ ဖြစ်ကြပါတယ်။
Mechanical Systems in Buildings
Heating, Ventilation and Air Conditioning (HVAC)
Plumbing and Sanitary (P&S) , Swimming Pool & Water Features,
Fire Protection (FP)
Industrial Utilities
Specialty or Auxiliary Systems
HVAC: Heating, Ventilation, and Air Conditioning : တိုက်ရိုက် ဘာသာ ပြန်မယ် ဆိုရင်တော့ အပူပေး၊ လေဝင် လေထွက် (လေသန့် လှယ်) နဲ့ လေကို ပြုပြင် ထိန်းသိမ်းခြင်း (လေအေးစက် တပ်ဆင် ပေးခြင်း) လို့ဆိုပါတော့။ အပူပေး စံနစ် မလိုအပ် တဲ့ အရှေ့တောင်အာရှ န်ိုင်ငံ တွေမှာတော့ ACMV (Air Conditioning and Mechanical Ventilation) လို့ခေါ် လေ့ ရှိပါသေးတယ်။ အဓိကပါဝင်တဲ့ အစိတ်အပိုင်းတွေ ကတော့
Temperature Adjustment (Heating / Cooling) : အပူချိန်ညှိ (အပူပေး၊ အအေးပေး)
Humidity Adjustment (Humidification / Dehumidification) : စိုထိုင်းဆညှိ (ရေငွေ့ထည့်၊ ရေငွေ့ဖယ်)
Air Filtration : လေထဲ က အမှုန်အမွှား စစ်ဖယ်ခြင်း။
Ventilation : လေသန့်လှယ်ပေးခြင်း။ သဘာဝ (Natural Ventilation) သို့ စက် (Fan Powered) သုံး (Mechanical Ventilation)
Smoke Control : မီးခိုးထိန်းချုပ်ခြင်း (Fire Protection Systems နှင့်ပေါင်းစပ်ညှိနှိုင်း၍)
Plumbing (ပိုက်သွယ်၊ ပိုက်ဆက် စံနစ်) မှာ
Water Distribution (သောက်ရေ၊ သုံးရေ ဖြန့်ဝေခြင်း)၊
Water Treatment (ရေသန့်စင်ခြင်း)၊
Sanitary Facilities (ကျန်းမာသန့်ရှင်းရေး အတွက် လိုအပ်တဲ့ ရေချိုးခန်းသုံးပစ္စည်းတွေ၊ ရေညစ် ထုတ်စနစ် နဲ့ ရေဆိုး (မိလ္လာ) နုတ်စံနစ်တွေ)၊ ပါဝင်ပါတယ်။
Town Gas Supply Systems (ချက်ပြုတ်ရန် ဓာတ်ငွေ့၊ သဘာဝဓာတ်ငွေ့ အစရှိသည်.)
Swimming Pool / Water Feature Filtration Systems (ရေကူးကန် နဲ့ ရေပန်းတွေက ရေတွေ ကို အချိန်ပြည့် သန့်စင်တဲ့စံနစ်တွေ) ပါဝင်ပါတယ်။
Fire Protection (မီးဘေး ကာကွယ်ရေး စံနစ်) မှာ
Water Supply (မီးသတ်ရန် ရေ ဖြန့်ဝေခြင်း)၊
Automatic Sprinklers (အလိုအလျှောက် ရေဖြန်း မီးသတ်စနစ်)၊
Stand pipe (Wet/Dry Risers) (အထပ်အလိုက် မီးသတ်သမားသုံးရန် မီးသတ် ရေဘုံဘိုင် ခေါင်း)
Fire Hydrants ( ခြံဝင်းအတွင်း နှင့် လမ်းဘေး တစ်လျှောက် တွေ့ရလေ့ ရှိသော အဆောက်အအုံ ပြင်ပသုံး မီးသတ် ရေဘုံဘိုင် ခေါင်းများ၊)
Fire Hosereels (အဆောက်အအုံ တွင်းသုံး မီးသတ် ရေပိုက်)
Fire and Smoke Detection (မီး၊ အပူ နဲ့ မီးခိုး တို့ကို အာရုံခံ အချက်ပေးစနစ်),
Smoke Control : မီးခိုးထိန်းချုပ်ခြင်း (HVAC Systems နှင့်ပေါင်းစပ်ညှိနှိုင်း၍)
Gas Fire Suppression Systems ( မီးသတ် ဓာတ်ငွေ့သုံးစနစ် များ၊ Pyrogen, CO2, Inergen, Halon XXX, FM-200, NN100, etc. စသည်၊)
Potable Fire Extinguishers (အသင့်သုံး မီးသတ်ဘူးများ၊)
Fireman Intercom (မီးသတ်သမား အချင်းချင်း ဆက်သွယ်ရန် အင်တာကွမ်း)၊
Public Address ( PA ) အရေးပေါ် အခြေအနေ တွင် အဆောက်အအုံ မှ စနစ်တကျ စွန့်ခွာနိုင်စေရန် ညွှန်ကြား ပေးသော စနစ်)
Fireman Intercom နဲ့ PA Systems တွေကို Electrical အောက်မှာ ထားလေ့ရှိပါတယ်။ ဒါတွေအပြင် Applications ရဲ့ လိုအပ်ချက် ကို လိုက်လို့ Special Fire Extinguisher Systems တွေ လည်း ရှိနိုင်ပါ သေးတယ်။
Industrial Utilities / Facilities တွေအနေနဲ့ ကတော့
Steam / Clean Steam Supply (ရေနွေးငွေ့) ဖြန့်ဝေပေးပို့ တဲ့ စနစ်
Compressed Dry Air (ဖိအားမြင့် လေ) ဖြန့်ဝေပေး တဲ့စနစ်။
High Purity Gases: သန့်စင်ထားတဲ့ Oxygen, Nitrogen, Argon & Hydrogen အစရှိတဲ့ ဓာတ်ငွေ့တွေ ဖြန့်ဝေ တဲ့ စနစ်တွေ။
Vacuum Systems (Process / House) ကုန်ထုတ်လုပ်မှု လုပ်ငန်း သုံး လေစုတ်စနစ် များ။
RO: Reverse Osmosis System လို့ခေါ်တဲ့ RO membrane သုံး ရေသန့် ရေစစ် စနစ်တွေ၊
UPW: Ultra Pure Water / DI: DeIonized Water (အလွန်သန့်စင် သောရေ။) ထုပ်လုပ် ဖြန့်ဝေ တဲ့ စနစ်တွေ။ အမှုန်အမွှား သန့်စင်ထား သည့်အပြင် ရေထဲတွင် ပျော်ဝင်နေသော Ions များကို ထုတ်နုတ် ထားသော ကြောင့် Resistivity မြင့်မား သဖြင့် လျှပ်မကူး နိုင်သော ကြောင့် အီလက်ထရောနစ် Parts များ ဆေးကြောရန် သင့်တော်သည့် အတွက် Electronics Industry များတွင် သုံးစွဲ သည့် အပြင်၊ သန့်ရှင်းမှု ကိုလိုအပ်သော Pharmaceutical Industry များတွင် လည်း သုံးလေ့ ရှိကြသည်။
Industrial Waste Treatment တွေဖြစ်တဲ့ Acid/Alkaline Waste Neutralization ( စွန့်ပစ်ရေ တွင် အက်ဆစ်၊ ကော့စတစ် ဓာတ်ပြယ်စေ သောစနစ် )၊ Scrubber (လေထဲတွင်ပါဝင်သော ဓါတု အညစ်အကြေး များ သန့်စင် ပေးသောစနစ်)
Grey Water (စွန့်ပစ်ရေ ကိုပြန်လည် အသုံးခြတဲ့ စံနစ်တွေ) ပါဝင်န်ိုင်ပါတယ်။
Other Systems
ဒါတွေအပြင် Special Systems တွေအမျိုးမျိုး လည်း ရှိနေနိုင် ပါသေးတယ်။
ဒါ့အပြင် ခု နောက်ပိုင်း ခေတ်စား လာတာ ကတော့ အမှိုက်ပုံး တွေက အမှိုက်တွေကို ပင်မအခန်းထိ စုတ်ယူ၊ ဖိသိပ်ပြီးမှ စွန့်ပစ်ဘို့ သယ်ထုတ်တဲ့ Pneumatic Waste Collection System လည်း ပါဝင်နိုင် ပါသေးတယ်။ ဒါကလည်း Airports လို နေရာမျိုးမှာ အမှိုက်ပုံးထဲ Terrorists လူရမ်းကား တွေ ဗုံး ထဲ့ ထားခဲ့ရင် အမှိုက်ပုံးထဲ ကြာကြာ ရှိမနေပဲ ပင်မ အမှိုက်ခန်း ထဲ ရောက်သွားမယ် ပေါ့လေ။ ၁၀၀% ကံသေကံမ ပြောလို့ ရတာတော့ ဘယ်ဟုတ် ပါ့မလဲနော။ နောက် အမှိုက်ပုံး တစ်ခုစီက လိုက်သိမ်း ရ တဲ့ ဒုက္ခ က နည်းသွားတာရယ်၊ တစ်ခါထဲ Compress လုပ်ထားလို့ အမှိုက်တွေ ကျစ်လစ်သွားပြီး နေရာယူ နည်းသွား တာတွေ ကြောင့် Condominium (ကွန်ဒို အဆင့်မြင့်အိမ်ယာ) တွေမှာ လည်းသုံး လာကြတာ တွေ့ရပါတယ်။
Electrical Systems in Buildings
Power
Lighting
Lightning Protection Systems
Communication, Life Safety and Security Systems (or) Extra Low Voltage Systems (ELV)
Special Systems
Power ဆိုတာကတော့ ပါဝါပေါ့လေ။
အဓိက ပါဝါသုံးဘို့ လိုအပ်တဲ့နေရာ တွေကို လျှပ်စစ် ဓာတ်အား ပေးပို့ရ တဲ့ စနစ်ပါ။ အသုံးအဆောင် လျှပ်စစ်ပစ္စည်းတွေ အတွက်ရယ်၊ စက်ပစ္စည်းတွေ အတွက်ရယ် သာမက MEP Systems တွေအတွက် လိုအပ်တဲ့ ပါဝါ ကို လည်း ပေးရ ပါတယ်။ Normal Power Supply (ပုံမှန် စနစ်) အပြင် Standby, Essential and Emergency Power Supply Systems (အရံ နဲ့ အရေးပေါ် စနစ်တွေ) ပါပါဝင်ရပါတယ်။ အများအားဖြင့် Standby, Essential and Emergency Power Supply Systems တွေအတွက် Diesel Generator (ဒီဇယ် သုံး ဂျင်နရေတာ) ကို သုံးကြပါတယ်။ Emergency Lightings လို အရေးပေါ် လိုအပ်ချက် တွေအတွက် Diesel Generator Backup Power မရနိုင်ရင် Battery / UPS Backup ကိုသုံး နိုင်ပါတယ်။
Lighting ဆိုတာကတော့ မီးထွန်း ဘို့ပါ။
Internal Lighting (အဆောက်အအုံ အတွင်းပိုင်း ထွန်းရတဲ့မီး)၊ External Lighting (အဆောက်အအုံ အပြင်ပိုင်း ထွန်းရတဲ့မီး)၊ Emergency Lighting (အရေးပေါ် အတွက် ထွန်းရတဲ့မီး)၊ တွေ ပါဝင် ပါတယ်။ လိုအပ်တဲ့ အလင်းရောင်ရ ဘို့ သာမက အလှဆင်ဘို့ အတွက် Decorative Lighting တွေလည်း ပါဝင်ရလေ့ ရှိပါတယ်။
Lightning Protection Systems ဆိုတာကတော့ မိုးကြိုးလွှဲ စနစ်ပါ။
မိုးကြိုးလွှဲ စနစ် ဆိုလို့ အဆောက်အအုံ ကို လျှပ်ပြက်တာ မထိအောင် မိုးကြိူး မပစ်နိုင်အောင် လုပ်တာ မဟုတ် ပါဘူး။ မိုးကြိုးပစ်ချင် ပစ်နိုင်အောင်၊ ပစ်ချင်စရာ နေရာ သီးသန့် လုပ်ပေးထား ရတာပါ။ အဲဒီလို နေရာတွေက မှ လျှပ်စီးကြောင်းကို မြေကြီး ထဲ လွတ်လွတ်လပ်လပ် သွားခွင့် ရအောင်လုပ်ပေး ရတာ ပါ။ ဒီစနစ် ကို လူတွေရှိ နေတဲ့နေရာ၊ ပစ္စည်းတွေ နဲ့ ခပ်ကင်းကင်း လုပ်ပေးပြီး အဆောက်အအုံ ထဲက လူတွေ၊ လျှပ်စစ် ပစ္စည်းတွေ အန္တရာယ် ကင်းအောင် လုပ်ရတာပါ။
စနစ်တွေအနက် Australian (AS1768), British (BS6651), Singaporean (CP33), European (IEC) and USA (NFPA780) တွေကဆင်ဆင်တူပြီး ၊ French Systems ( ပြင်သစ် )၊ EF System တွေက တစ်မျိုး ထူးခြားပါတယ်။ ကိုယ့်စနစ် ကိုယ်အကောင်းပြော တတ်ကြသလို တစ်ဖက် နဲ့တစ်ဖက် လက်ညှိုး ထိုးကြတာတော့ ရှိတာပေါ့လေ။
ELV Systems ဆိုတာက ဗို့အား နိမ့်နိမ့်တွေ ကိုပဲ အသုံးပြု ထားတဲ့ စနစ်တွေကို ခေါ်တာပါ။
ဒီစနစ် တွေကတော့
Telephone / Communication / IT (တယ်လီဖုန်း၊ အီလက်ထရွန်းနစ် သတင်း အချက်အလက်)
Public Address, Fire Alarm (Mechanical: Fire Systems အောက် မှာဖော်ပြထားပါတယ်)
MATV / CATV (တီဗီ အင်တီနာ ပင်မ၊ ကေဘယ်)
Security Systems ( လုံခြုံရေးစနစ် များ)
Building Automation System: (MEP Systems များကို အလိုအလျောက် ထိန်းချုပ်ခြင်း၊ စီမံခန့်ခွဲခြင်း)
Audio/Video Communications (အသံ၊ ဗီဒီယို ဆက်သွယ်ရေး စနစ်များ။)
Special Electrical Systems: အခြား ထူးခြားတဲ့ Electrical Systems အမျိုးမျိုး လည်း ပါဝင် နိုင်ပါတယ်။
Building Operation Systems (အဆောက်အအုံ လည်ပတ်ရန် လိုအပ်သောစနစ်များ )
Vertical Transportation Systems: (အပေါ်၊အောက်၊ သယ်ယူ ပို့ဆောင်ရေး စနစ်များ): Lifts (or) Elevators: (ဓာတ်လှေကား) နဲ့ Escalators (စက်လှေကား) တွေ ပါဝင် ပါတယ်။ ဒီစနစ် တွေဟာ Specialists Manufacturers တွေက ထုတ်လုပ် တပ်ဆင် လေ့ရှိပါတယ်။ Project ကို လိုက်လို့ တစ်ခါတစ်ရံ Mechanical အောက်မှာရှိတတ်ပြီး များသောအားဖြင့်တော့ Electrical အောက်မှာ ထားလေ့ရှိပါတယ်. (မှတ်ချက်။ ။ ဓာတ်လှေကား အခေါ်အဝေါ် : Lift က British အခေါ်ဖြစ်ပြီးElevator က American အခေါ်ဖြစ်ပါတယ်)
Building Automation Systems
အဆောက်အအုံ ရဲ့ လိုအပ်ချက် ကို လိုက်လို့ MEP Systems တွေကို အလိုအလျောက် ထိန်းချုပ် လည်ပတ် ပေးနိုင်ဘို့ အတွက် Building Automation Systems (BAS) (ဝါ) Building Management Systems (BMS) တွေ လည်း ပါဝင် ရလေ့ရှိ ပါတယ်။High-Tech Industrial Plant မှာတော့ Facility Management Systems (FMS) လို့ ခေါ်တတ် ပါသေးတယ်။ ဒီ စနစ်တွေ ဟာ များသော အားဖြင့် Electrical အောက် မှာ ရှိတတ် ပေမဲ့ MEP Systems အားလုံး အသေးစိတ် ဆွေးနွေး ညှိနှိုင်း ရတာမို့ စနစ် တစ်ခုစီ အတွက် လိုအပ်တဲ့ Control / Automation Requirements တွေကို အသေးစိတ် သိရှိ နားလည်ထား ဘို့ လိုအပ်ပါတယ်။
ဒါတွေအပြင် Processing (ကုန်ထုပ် စနစ်၊ အစားအသောက် ဝန်ဆောင်မှု စနစ်တွေ)၊ အခြား Automation (ပတ်ဝန်းကျင် ထိန်းချုပ်ခြင်း၊ စီမံခန့်ခွဲခြင်းစနစ်) တွေလည်း ပါဝင်နိုင် ပါသေးတယ်။
No comments:
Post a Comment